အခန်း ၁၃ ပွဲဦးထွက် ၁၁
ထိုအမျိုးသား မျက်လုံးဖွင့်လိုက်ချိန်တွင် မျက်စိထဲ တန်းဝင်လာသည်က ညအိပ်ဝတ်စုံ ဝတ်ပြီး ဗီဒိုရှေ့တွင် တိတ်တဆိတ် မတ်တပ်ရပ်နေသော ဝမ်ကျင်းဟန်ပင်။ သူက မတ်တပ်ရပ်ရင်း အိမ်ချင်မူးတူးနှင့် “မနက်အစောကြီး ဘာတွေ တွေးနေတာလဲ”
ဝမ်ကျင်းဟန် က မျက်မှောင်ကြုပ်ကာ “ငါ တွေးနေတာက ငါဝတ်ဖို့ ပြင်ပေးတဲ့ အဝတ်အစားတွေက ဘာလို့ အမြဲတမ်း ဒီဇိုင်နာဝတ်စုံတွေ ဖြစ်နေရတာလဲလို့”
“အမ်” ထိုအမျိုးသားက စဉ်းစားပြီးတော့မှ “ဘာဘီအရုပ်လေးတွေ ဘာလို့ ရောင်းကောင်းတာလဲ ဆိုတာ သိလား၊ လှလှပပလေး ဝတ်ထားတာ မြင်တာနဲ့ နှစ်ထောင်း အားရ ဖြစ်စေလို့လေ”
ဝမ်ကျင်းဟန်က ကိုယ်ကို တစ်ပါတ်လှည့်ပြီးတော့ သူ့အကြည့်တွေက အမျိုးသားက တစ်နေရာသော နေရာကို ဖျတ်ခနဲ ကြည့်ပြီးတော့ “အို့ စိတ်မကောင်းစရာပဲ ခင်ဗျားက အရုပ်တွေ ကြိုက်တဲ့ အမျိုးသမီးလေး ဖြစ်နေတာကိုး..”
ထိုအမျိုးသားက တိတ်တိတ်လေး ရယ်မောကာ မတတ်သာ သလို ခေါင်းခါပြီး “မင်း နားမလည်ပါဘူး။ အဲဒါကို ပျော်စရာကောင်းတယ်လို့ ခေါ်တယ်”
“ဟွန့် ခင်ဗျားက တကယ် မကောင်းတဲ့သူပဲ ”
“ကိုယ်သာ မကောင်းတဲ့ကောင် မဟုတ်ခဲ့ရင် မင်းကို ဘယ်လိုလုပ် ရအောင် လိုက်နိုင်မှာလဲ” အမျိုးသားရဲ့ အစိမ်းရင့်ရင့် မျက်လုံးသူငယ်အိမ်က အနည်းငယ် ကျယ်သွားပြီး အိပ်ယာကနေ ဆင်းကာ “လာဦး ဒီကို မင်းရဲ့ သခင် အဝတ်ဝတ်ပေးတာလေး ခံလိုက်ပါဦး ချစ်စရာ အရုပ်လေး”
XXXXXX
“အား… ဘော့စ် ဒီနေ့တော့ အနောက်တိုင်း ကောလိပ်ကျောင်းသား စတိုင်လေးနဲ့…” အခုလေးတင် အထဲကို ဝင်လာသည့် ဝမ်ကျင်းဟန်ကို ကြည့်နေသည့် တင်တင့်မျက်လုံးများက တောက်ပလို့ နေသည်။
နို့လက်ဖက်ရည်ကို ပိုက်လေးနှင့် စုပ်သောက်နေသော ဝမ်ကျင်းဟန်ကတော့ ဟွန့် ခနဲသာ အသံပြုလေသည်။
“ဘော့စ် ကြည့်ရတာ ဒီနေ့ သိပ်မဟန်ဘူး။ သိပ်မကြာခင် ပေါက်ကွဲတော့မယ့် အရိပ်တွေ သန်းနေတယ်နော်” ချန်ချောင်ယွီက ခုန်ပျံကျော်လွှားကာ သေရမှာ မကြောက်သည့် တင့်တင့် ပါးစပ်ကို လှမ်းပိတ်လေသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023