Chapter 58 အခန်း ၅၈ ကျောင်းတွင်းသံသယ ၂၀
“ချန်ကျင်က စိတ်ရောဂါ ရနေတယ်လို့ ပြောချင်တာလား” ကူရှန်း မေးလိုက်သည်။
“အို့.အို့.. ငါနားလည်ပြီ။ သူက စိတ်ကစဥ့်ကလျား ဖြစ်နေတာ”လင်းပိုင်က လက်သီးစုပ်ကာ သူ့ကျန်လက်ဝါးတစ်ဖက်နှင့် ရိုက်လိုက်သည်။
တင်တင်ကတော့ ပါးစပ် အဟောင်းသားနှင့် “စိတ်ကစဥ့်ကလျားလား? နည်းနည်းတော့ အပိုလုပ်နေတာမဟုတ်ဘူးလား”
“နင် ဒီမှာ အလုပ်လုပ်တာ နှစ်နှစ်တောင်မှ မရှိသေးတာ ဘယ်လောက်လူများများ မြင်ဖူးလို့လဲ” ချန်ချောင်ယွီက ပြောလိုက်သည်။
“လင်းပိုင် ပြောတာ တိတော့ မတိကျဘူး။ အဲဒါက စိတ်ကစဥ့်ကလျား ဖြစ်တာ မဟုတ်ဘူး။ စိတ်တွေ အများကြီး ခွဲထွက်နေတာ။ စိတ်တွေ အများကြီး ကွဲထွက်နေတာက ပြင်းထန်တဲ့ စိတ်ရောဂါပဲ။ အဲဒိ ဝေဒနာ ခံစားနေရတဲ့ သူတွေက အာရုံခံသိရှိမှုတွေ ကွဲပြားလာတဲ့သူ။ ပတ်ဝန်းကျင်နဲက လိုက်လျောညီထွေ မနေတတ်တဲ့သူ ပြီးတော့ အကြားနဲ့ အမြင်တွေ ထင်ယောင်ထင်မှား ဖြစ်တာတွေ ဖြစ်နိုင်တယ်။ အခြားသူတွေရဲ့ အမြင်ကတော့ သူတို့တွေက အထင်မှားအမြင်မှားရှိတာတို့ ဒေါသကြီးတာတို့လို ပြုမူတာ ထူးဆန်းတယ် ပဲ မြင်ကြတာ။ ပြီးတော့ ကိုယ်ရည်ကိုယ်သွေး ချို့တဲ့တာကို စိတ်တွေအများကြီး ကွဲနေတာလို့လဲ သိကြတယ်။ အဓိက ကတော့ ကိုယ့်ရဲ့ အမှတ်သညာတွေက သိသိသာသာကွဲထွက်ပြီး လူတစ်ယောက်ထဲကနေ နှစ်စိတ်ထက် ပိုတာတွေ ဖြစ်တာပါပဲ”
“သူတို့ရဲ့ အတွေးတွေနဲ့ အပြုအမူတွေက လုံးဝကွဲတယ် ပြီးတော့ အခုအခြေအနေအရဆိုရင် ခန္ဓာကိုယ်ကို တစ်ကြိမ်မှာ တစ်ယောက် သုံးတာ။ မတူတဲ့ စရိုက်န့ သူတွေက အခြားတစ်ယောက် ရှိနေတာ သိချင်လဲ သိမယ် မသိချင်လဲ မသိဘူး။ အချင်းချင်း မှီခိုနေတာလဲ ဖြစ်နိုင်သလို ပြိုင်ဆိုင်နေတာလဲ ဖြစ်နိုင်တယ် ” လုယွင်ယွမ်က ရိုးရိုးရှင်းရှင်း ဥပမာလေးပဲ သုံးကာ ရှင်းပြလေသည်။ “ချန်ကျင်ရဲ့ နေ့စဉ်အပြုအမူတွေက ပုံမှန်ဆိုရင် တစ်သတ်မှတ်ထဲပဲ။ လူသတ်မှု ကျူးလွန်တဲ့ အချိန်ပဲ သူ့သဘာဝကနေ ခွဲထွက်သွားတာ။ သူ့ဘာသာသူတော့ သတိလက်လွတ် ဖြစ်နေတာ မဟုတ်ပေမယ့် တကယ် ဖြစ်ပျက်နေတာကနေ ခွဲထွက်နေတဲ့ လက္ခဏာတော့ ပြတယ်”
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023