အခန်း ၁၁ ပွဲဦးထွက် ၉

5.4K 1K 36
                                    

Chapter 11 အခန်း ၁၁ ပွဲဦးထွက် ၉

ဝမ်ကျင်းဟန် ထိုင်ခုံရှည်ကြီး၏ နောက်မှီခပ်ပျော့ပျော့ကို မှီရင်းနှင့် ပန်းသီးတစ်လုံးကို တဂျွတ်ဂျွတ် စားနေသည်။ ရုတ်တရကြီး တီဗွီတွင် ပြနေသော ဇာတ်လမ်းထဲမှ မိန်းမတစ်ယောက်က ခေါင်းအရိုက်ခံရကာ သူ(မ)၏ အိမ်ကိုတောင် မေ့သွားကာ အနားမှာ တစ်ဝဲလည်လည် ဖြစ်နေတာ ပြလာသည်။ ဝမ်ကျင်းဟန် မျက်မှောင်ကြုပ်ပြီး ခဏလောက် ထိုင်စဉ်းစားခန်းဖွင့်ပြီးတော့ ခြေထောက်ကို ဆန့်ထုတ်ကာ ခုံရှည်ကြီး၏ အခြားတစ်ဖက်တွင် ထိုင်နေသော အမျိုးသား၏ ခြေထောက်ကို သွားတို့လေသည်။

“ပြောကြည့်ပါလား၊ လူတစ်ယောက်က အတိတ်မေ့သွားပြီ ဆိုရင် သူ့စိတ်နေသဘောထားတွေ အကုန်လုံး ယူပစ်သလို ပြောင်းသွားနိုင်လား”

ထိုသူက သူဖတ်နေသော ဘဏ္ဍာရေးမဂ္ဂဇင်းကို ချကာ သူ့ခြေထောက်ကို ဆိတ်ပြီး “မင်းဆိုရင်တော့ အတိတ်မေ့စရာမလိုပါဘူး တစ်နေ့ကို ဒီလောက် ပြောင်းနေတာ သမရိုးကျ မဟုတ်ဘာ ဘာမှ မရှိဘူး” ဝမ်ကျင်းဟန်၏ ခြေဖဝါးကိုတောင် ကလိထိုးနေသေးသည်။

“အတည်ပြောနေတာ။ ငါတို့အဖွဲ့က အဲဒိကလေးက ကြောက်တတ်ပြီးတော့ ကိုယ့်ကိုကိုယ် သံယသ ဖြစ်တတ်တာ အခုကျတော့ အကြောက သံမဏိလိုပဲ၊ မျက်နှာပြောင်ကလဲ တိုက်၊ တစ်ခုခုကို လုပ်ပြီ ဆိုရင် တည်တည်ငြိမ်ငြိမ်နဲက အာရုံလဲ သိပ်မလာဘူး ပြီးပြတ်အောင်တော့ လုပ်တယ်။ သူ့ဘာသာသူ သတိရှိတာလဲ ပြောမနေနဲ့။ လူတွေရဲ့ သဘောသဘာဝကတော့ မပြောင်းနိုင်ဘူးလေ ဟုတ်တယ်ဟုတ်? ဒါပေမယ့် ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ပြောင်းသွားရတာလဲ” ဝမ်ကျင်းဟန်က ခြုံငုံကာ စဉ်းစားကြည့်ပြီး ပြောနေသည်။

ထိုသူ၏ ရင်ထဲမှာတော့ သူ့ရဲ့လေးနက်တဲ့ အမူအယာကြောင့် တဖျတ်ဖျတ်လူးခတ်ကာ “မင်းတကယ် သိချင်ရင် ကျွမ်းကျင်သူ တစ်ယောက်ယောက်ကို သွားမေးကြည့်ပေါ့”

“ဒါ အဓိပ္ပါယ်ရှိသားပဲ” ဝမ်ကျင်းဟန် ခုန်ထကာ အခန်းတစ်ခုထဲကို တရှိန်ထိုး ပြေးထွက်ကာ ဖုန်းခေါ်ဖို့ လုပ်တော့သည်။

တစ်ခုခုကို အစပျိုးဖို့ ကြိုးစားနေသည့် လူကတော့ တဝက်တစ်ပျက်နှင့် မှိုင်းတိုင်းတိုင်းကြီး ကျန်ခဲ့လေသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now