Chapter 31 အခန်း ၃၁ နတ်မိမယ်လေးများ သေဆုံးခြင်း
အိမ်ပြန်ရောက်သည်နှင့် ကွမ်ကျင်က နောက်တောင် ပြန်လှည့်မကြည့်ပဲ ရွှဲရွှဲစိုနေသော အဝတ်များ လဲရန်အတွက် မဖိတ်ခေါ်ထားသော ရေတောက်တောက်ကျအောင်ကို ရေစိုရွှဲနေသော ဧည့်သည်တော် လုယွင်ယွမ် ကို ဧည့်ခန်းထဲ ထားကာ အခန်းထဲ ကမန်းကတန်း ဝင်ချသွားသည်။
“ကျင်လေးရေ ရေဆာတယ်”
“စားပွဲပေါ်မှာ ရေခွက်တွေ ရှိတယ်။ ခင်ဗျား လက်မပါဘူးလား” သူ့လေသံက အလွန့်အလွန်ကို စိတ်မရှည်သည့် အသံထွက်နေသည်။
လုယွင်ယွမ်က ကြံရည်ရောင်ဖျော့ဖျော့ ကြွေခွက်လေးကို ကောက်မကာ စိတ်ဝင်တစား အနီးကပ်တောင် ကြည့်ရှုပြီးမှသာ ရေပူရေအေးစက်ဆီသို့ သွားကာ သူ့ဘာသာသူ ရေခပ်သောက်ရသည်။
အဝတ်လဲပြီးနောက် ကွမ်ကျင် အပြင်ထွက်လာချိန်တွင် လုယွင်ယွမ်က ရေသောက်ပြီးလို့ ခွက်တောင် ချထားပြီးနေပြီ။ “ကိုယ့် အဝတ်တွေလဲ စိုနေတယ်။ မင်းဆီကပဲ လဲဖို့ ဌားရတော့မှာပဲ”
ကွမ်ကျင်က သူ့ကို ဖျတ်ခနဲ ကြည့်ပြီးတော့ သူ့အတွက်သူ ရေတစ်ခွက် ငှဲ့ကာ တဂွက်ဂွက် သောက်လိုက်သည်။ “ဆောရီးပဲ။ ကျွန်တော်က အရမ်း ကျန်းမာရေးနဲ့ ညီအောင်နေတာ ဆိုတော့ အခြားသူတွေက ကျွန်တော့်အဝတ်အစားတွေ ဝတ်လို့ မရဘူး”
လုယွင်ယွမ်က အံသြသွားသလို “ကျန်းမာရေးနဲ့ ညီအောင် နေတာလား။ ကိုယ်မြင်သလောက်တော့ အရမ်းမှန်မနေ သလိုပဲ။ ကြည့်လေ။ ကိုယ် သောက်ပြီးတဲ့ ခွက်ကိုတောင် သုံးလိုက်တာ စိတ်ထဲတောင် မထားဘူးမလား”
ကွမ်ကျင်က သူ့ပါးစပ်ကနေ ခွက်ကို ခပ်ခွာခွာ ဆွဲကာ စားပွဲပေါ် တင်လိုက်ပြီး ရေချိုးခန်းဆီသို့ အမြန်လျှောက်သွားတော့သည်။
“ဘာလုပ်မလို့လဲ”
“သွား သွားတိုက်မလို့”
အဆုံးမှာတော့ ကွမ်ကျင့်ခမျာ သူ့ရဲ့ ကိုယ်ပိုင်ယာဉ်မောင်းလေး ဝတ်ဖိုကအတွက် ညအိပ်ဝတ်စုံ တစ်ထည်ကို မရှာချင် ရှာချင် ရှာပေးရသေးသည်။ သို့သော်လည်း သူ့ဝတ်လိုက်လျှင် သူ့ခြေသလုံးတောင် ရောက်သော ညအိပ်ဝတ်စုံက လုယွင်ယွမ် ဝတ်လိုက်ချိန်မှာတော့ သူ့ပေါင်လုံးသာ ရောက်တာကို မြင်ပြီး ပိုတောင် စိတ်ဓါတ်ကျလို့ သွားသည်။ ကွမ်ကျင်က သူ့အရင် ကိုယ်လုံးကို ပြန်တမ်းတမိသွားပြန်သည်။ သူ့အရင်ဘဝအကြောင်းကို ပြန်ပြောင်းတွေးတောမှသာလျှင် သူ့ကိုယ်သူ ပြန်နှစ်သိမ့်နိုင်ကာ သူပိုပိုတွေးမိလေ သူ့ကိုယ်သူ ပိုသနားမိလာလေ ဖြစ်နေသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023