Chapter 36 အခန်း ၃၆ နတ်မိမယ်လေးများ သေဆုံးခြင်း ၁၆
ကွမ်ကျင် ရုံးရောက်တော့ သူ့ထိုင်ခုံတွင် ထိုင်လိုက်သည်။ အခန်းထဲက အသက်မဝင်သလို ဖြစ်နေသူများကို တစ်ချက်လောက် ကြည့်လိုက်ပြီး ခပ်ဖြေးဖြေးပင် “လူသတ်သမားက ဘယ်သူလဲ ဆိုတာ ကျွန်တော် သိပြီလို့ ထင်တယ်”
“သေစမ်း၊ ဒီနေ့ မနက် အီကြာကွေး စားလာတယ်လို့ ပြောတဲ့ လေသံလို ခပ်အေးအေးနဲ့ မပြောလို့ မရဘူးလား” ချန်ချောင်ယွီ က စိတ်ရှုပ်ရှားစွာနှင့် သူ့ဆီ တရှိန်ထိုး လာကာ သူ့ကို စတင်လှုပ်ရမ်းတော့သည်။ “ပြောစမ်းပါ မြန်မြန်လေး”
လုယွင်ယွမ်က ကြယ်တွေတောင် မြင်ရတော့မတတ် လှုပ်ခါ ခံနေရသော ကွမ်ကျင်ကို တိတ်တိတ်လေး ကယ်တင်လိုက်သည်။ “ဂရုစိုက်ဦး။ သူ့ မှတ်ဥာဏ်တွေ ထပ်ပျောက်သွားရင် ဘယ်လိုလုပ်မလဲ”
“…ကွမ်ကျင်. ဒီမှာ ရေလေးသောက်လိုက်ဦး.. ပြော ဖြေးဖြေးပြောနော်၊ ဒီမှာ…” တင်တင်က သူ့ကို ရေတစ်ခွက် ကမ်းပေးပြန်သည်။
မျိုးသုဉ်းတော့မည့် အန္တရာယ်ကြုံနေသော မျိုးစိတ်တစ်ခုလို သဘောထားခံလိုက်ရသော ကွမ်ကျင်က ရေတစ်ငုံ သောက်လိုက်သည်။ “တကယ်က၊ ကျွန်တော်က သဲလွန်စတွေ အများကြီးရယ် လူတိုင်းရဲ့ ပယ်ချချက်တွေရယ်၊ ကျွန်တော်တို့စုံစမ်းချက်တွေရဲ့ ရလာဒ်တွေရယ် ကျွန်တော့မှတ်ဥာဏ် ရယ်ကို ကို အခြေခံပြီးတော့ ဒီကောက်ချက်ကို ဆွဲလိုက်တာ။ အဲလို ဆိုပေမယ့် ရှင်းပြလို့ မရတဲ့ အပိုင်းလေးတွေလဲ ရှိသေးတော့ အကုန်လုံးတော့ မကျိန်းသေဘူး”
အဲဒိနားမှာတင်း တစ်ချိန်လုံး မတ်တပ်ရပ်နေသည့် ဝမ်ကျင်းဟန်ကတော့ အများကြီး အံ့သြသွားပုံ မရပေ။ “ဘယ်လို တွက်ချက်မှုမဆို ငါတို့ လက်ခံတယ် ယုတ္တိရှိနေသရွေ့ပေါ့။ ကြားရအောင် ပြောကြည့်”
“သတ္တိကြောင်တယ်၊ လူဝင်မဆန့်ဘူး၊ သန့်ရှင်းတာကြိုက်တယ်၊ ပိန်ပိန်နဲ့ လူငယ်တစ်ယောက်ပဲ။ ကျွန်တော့် စိတ်ထဲမှာ အဲဒိပုံရိပ်က ထပ်ခါထပ်ခါ တွေ့နေရတယ်။ ဒီလို အနေအထားနဲ့ ကိုက်တဲ့သူက တစ်ယောက်တော့ မကဘူး ဒါပေမယ့် စုံစမ်းတွေတုန်းက သူတို့တွေက အကုန်လုံး အရှုပ်အရှင်းကင်းတယ်။ ဆေးသွင်းတဲ့ပြွန်ကလဲ ကျွန်တော့ စိတ်ထဲက မြင်ကွင်းတွေ ထဲမှာ မရေမတွက်နိုင်အောင် ပေါ်ပေါ်လာနေတာ။ သူက ပြွန်တွေကို သန့်အောင် လုပ်တယ် ဒါပေမယ့် ဘာလို့ အသစ်တစ်ခုကို မသုံးလိုက်ရတာလဲ။ တွေးကြည့်လိုက်တော့ သူက အသစ်တစ်ခုကို မရနိုင်တာလဲ ဖြစ်နိုင်တာပဲ။ ပြီးတော့ ဝမ်ပင်းနဲ့ ကျောင်မုန်ချီတို့ တို့တွေ ပြွန်တွေ တောင်းတောင်းနေတဲ့ မြင်ကွင်းလဲ ပေါ်လာတယ်။ အဲဒိမှာတင် နားလည်ဖို့ကို တော်တော်ကြာသွားတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ နှစ်ယောက်ကြောင့် သင်္ကာမကင်း ဖြစ်တာ မဟုတ်ဘူး။ အဲဒိပြွန်ချောင်းတွေ ရနိုင်တဲ့ နေရာကပဲ မသင်္ကာစရာကောင်းတာ။ သူတို့တွေ ပြွန်ချောင်းတွေ ဘယ်က ရလဲ။ သန့်ရှင်းရေးလှည်းကလေ ”
![](https://img.wattpad.com/cover/283760726-288-k63832.jpg)
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023