Chapter 52 အခန်း ၅၂ ကျောင်းတွင်းသံသယ ၁၄
“မင်းက ချင်ရှောင်ကို သံသယရှိနေတာလား? သူ့ စိတ်နေစိတ်ထားက လူသတ်သမားရဲ့ ပုံရိပ်ကောက်ကြောင်းနဲ့ မတူဘူးလို့ လုယွင်ယွမ် သုံးသပ်ထားတယ် မဟုတ်ဘူးလား” ဝမ်ကျင်းဟန်က ပြောလိုက်သည်။
“ခင်ဗျားက သူ့ကို တအားယုံတာပဲ။ သူလဲ လူပဲလေ။ မှားတဲ့အခါလဲ ရှိမှာပဲ” ကွမ်ကျင်က ပြန်ချေပလိုက်သည်။
“လေသံကတော့ တော်တော်လေးမုန်းတီးနေတာပဲဟေ့” ဝမ်ကျင်းဟန်က ပြုံးကာ “မင်းတို့တွေကော အကြံကောင်းလေးများ မရှိကြဘူးလား”
“ဘော့စ်က ပရော်ဖက်ဆာလုကို ပြည့်ပြည့်ဝဝ အသုံးချင်တယ် ဆိုထဲက ကျွန်မတို့က ဒီလူတွေရဲ့ သဘောသဘာဝကို ပိုနားလည်သင့်တယ် ဒါမှ သူတို့ရဲ့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကို ပို ထဲထဲဝင်ဝင် နားလည်နိုင်စွမ်းရှိလာမယ်လို့ ထင်တာပဲ” ဟု တင်တင်က ပြန်ဖြေသည်။
“ကြည့်ရတာ ယွင်ယွမ်ကို ရှာလိုက်တာ အရွေးကောင်းဖြစ်သွားတာပဲ။ အားလုံးက ပိုပိုပြီးတောင် အလုပ်ကို ကောင်းကောင်းလုပ်လာနိုင်တယ်။ ဒါပေမယ့် မင်းက နည်းနည်းတော့ နောက်ကျသွားပြီ။ ကူရှန်းကို သေချာ စုံစမ်းဖို့ ခိုင်းထားပြီးပြီ။ သူလဲ အခု အခြားအမှုအတွက် လုပ်နေတော့ လုပ်တာ နည်းနည်းနှေးနေတာ” ဟု ဝမ်ကျင်းဟန်က ပြောလိုက်သည်။
“ကျွန်တော် ပြန်လာပြီး သွားကူရမလား” လင်းပိုင်က ကမ်းလှမ်းလိုက်သည်။
“မလိုဘူး။ ဒီအသွင်ပြောင်းအဖွဲ့ကနေ တော်တော်လေး သတင်းရလိုက်တယ်လို့ ငါထင်တယ်နော်။ ကောင်းကောင်းဆက်ကြိုးစားကြ”
xxxxxxxxx
“မင်းပြန်မလာတော့ဘူးတောင် ထင်ထားတာ” လုယွင်ယွမ်က ကွမ်ကျင် တံခါးဖွင့်ပြီး အထဲဝင်လာတာကို မြင်တော့ ဒိတ်ခနဲ ဖြစ်သွားသည်။
“ဟွန့်..ကပြောင်းကပြန်နဲ့. ခင်ဗျားကို ကျွန်တော်က အကြွေးတင်နေတာမှ မဟုတ်ပဲ ဘာလို့ ပြန်မလာနိုင်ရမှာလဲ” ကွမ်ကျင်က သူ့ကို မသိကျိုးကျွံပြုကာ အဝတ်အစားလဲရအောင် အိမ်ခန်းထဲကို တန်းဝင်သွားသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023