အပိုင်း (၈၉၁)
124 30 0
#Unicode
တာအိုရောင်းရင်း လှိုင်းသုံးခု .. မင်းကို ငါဘာလုပ်ရမလဲ မသိတော့ဘူး။
သူက ခက်ခက်ခဲခဲ နဲ့ အရက်မူးဥ ကျောင်းတော်သားရဲ့ နာမည်ကို ညှစ်ထုတ်နိုင်ခဲ့တယ်။
"သြော် .. စီနီယာ အရက်မူးမြှောင် ကျောင်းတော်သားကိုး.. မောနီး .. စီနီယာ .. တကယ်တော့ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ငါ ပါသွားခဲ့တယ်။ အဲကတည်းက သတိမေ့သွားခဲ့တာ .. ဒီနေ့မှ ပြန်နိုးတာပဲ။ နိုးနိုးချင်း စီနီယာရှန့်ကုန်းကို ဖုန်းခေါ်ဖို့ စဉ်းစားလိုက်တယ်။ ဒါပေမဲ့ သူက တံခါးပိတ်ကျင့်ကြံနေပြီကိုး" ရူဟန် က ခံစားချက် အပြည့်နဲ့ ပြောလိုက်တယ်။
"ငါသိတယ်။ ဒါကြောင့် သူငယ်ချင်းလေး ရူဟန် က ဓားပျံကို လက်ခံနိုင်လား။ ငါက မင်းရဲ့တည်နေရာဆီ ဓားပျံပို့လိုက်မယ်" အရက်မူးလ ကျောင်းတော်သား က ပြုံးကာ ပြောလိုက်တယ်။
"ကောင်းပြီ။ ငါက လက်ရှိ ဂျင်နန် တက္ကသိုလ်နားမှာပဲ။ ဓားပျံကို လက်ခံဖို့ ငါဘာတွေလုပ်ဖို့ လိုသေးလဲ။" ရူဟန်က မေးလိုက်တယ်။ ဆေးဆရာက ဆရာတော်တုံဇန် ဆီ က ဓားပျံကို လက်ခံခဲ့တဲ့ မြင်ကွင်းကို သူ မှတ်မိနေပါသေးတယ်။ တည်နေရာကို တိကျစွာ ပေးလိုက်ရုံပါပဲ။
"အင်း... ဓားပျံ ပို့ဆောင်တာက မတူညီတဲ့ နည်းလမ်းတွေ အမျိုးမျိုး ရှိတယ်။ ငါ့မှာ ရှိတဲ့ တစ်ခု က ရိုးရှင်းတဲ့ နည်းလမ်း အတိုင်း ပြုလုပ်ထားတာပဲ။ သူငယ်ချင်းလေး ရူဟန် မင်းက မက်ဆေ့ အက်ပလီကေးရှင်းကို ဖွင့်လိုက် .. ပြီးရင်ငါ့ဆီ တည်နေရာကို ပို့ ... ငါမင်းရဲ့ လက်ရှိနေရာဆီကို ဓားပျံ ပို့လိုက်မယ်။ အချ်ိန်ရောက်လာရင် ဓားပျံက မင်းဆီကို ရောက်လာလိမ့်မယ်။ မင်းရဲ့ အထက်လေထု ပေတစ်ရာ လောက်မှာ ရှိနေလိမ့်မယ်။ မင်းက အစစ်အမှန်ချီတွေကို အသုံးပြုပြိး အားလုံးကြားနိုင်လောက်တဲ့ လျှို့ဝှက် အသံပို့ နည်းစနစ် နဲ့ ငါ့နာမည်ကို အော်လိုက်ရုံပဲ.။ ဒါဆိုရင် ဓားပျံက မင်းဆီ ဆင်းသက်လာလိမ့်မယ်။" အရက်မူးလ ကျောင်းတော်သား က ရှင်းပြလိုက်တယ်။
"ကောင်းပြီ။ ပြဿနာမရှိဘူး" ရူဟန် က ပြောလိုက်တယ်။
ပြိးနောက် သူက အက်ပလီကေးရှင်းထဲ ဝင်ပြီး တောက်ပတဲ့လကြီးပေါ်လာချိန်ဆိုတဲ့ အရက်မူးလ ကျောင်းတော်သားရဲ့ အကောင့်ဆီကို သူ့တည်နေရာ ပို့လွှတ်လိုက်တယ်။
တစ်မိနစ်လောက်ကြာတော့ ..
တောက်ပတဲ့ လကြီးပေါ်လာချိန် က ပြောလိုက်တယ် "ဓားပျံကို ပို့လိုက်ပြီ။ သုံးနာရီ အတွင်း ဂျင်နန်ကို ရောက်လာလိမ့်မယ်. မင်းရဲ့ တည်နေရာကို ရောက်ခါနီးရင် ငါသတိပေးတဲ့ အနေနဲ့ ဖုန်းခေါ်လိုက်မယ်။"
"ကျေးဇူးပါ စီနီယာ" ရူဟန်က သွားဖြီးပြနေတဲ့ အီမိုဂျီ ပုံကိုပါ တွဲပို့လိုက်တယ်။
အရက်မူးဥ ကျောင်းတော်သားက တကယ့်ကို သဘောကောင်းတဲ့ စီနီယာ တစ်ယောက်ပဲ။
ဒီအချိန်မှာပဲ ရှစ် က အခန်းထဲကို ပြန်ပြေး ဝင်လာတယ်။ သူမ က ရူဟန် အခန်းထဲမှာ ရှိနေတာကို မြင်လိုက်တော့ အရှိန်လျော့လိုက်ပြီး သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ မိန်းမကောင်းလေး တစ်ယောက်လို ဝင်လာလိုက်တယ်။
"စီနီယာ အစ်ကို ရူဟန်.. မင်းအတွက် အသီးအရွက် ၊ ဥ နဲ့ ခေါက်ဆွဲချက်ခဲ့ပြီ။ အပြင်ဘက်က ထမင်းစားပွဲမှာ အဆင်သင့်ရှိတယ်" ရှစ်က နူးညံ့စွာ ပြောလိုက်တယ်.
"ကျေးဇူးပဲ" ရူဟန်က ပြောလိုက်တယ်
ရှစ်က ခပ်ဖျော့ဖျော့ ပြောလိုက်ပြီး ထိုင်ခုံဆီကို ပြန်သွားလိုက်တယ်။ ပြီးနောက် သူမ က လက်တစ်ဖက်က ကွန်ပြုတာ ပေါ် ရှိ် play ခလုပ်ပေါ် မောက်စ် နဲ့ ရွှေ့နှိိပ်လိုက်တယ်။ နောက်လက်တစ်ဖက် ကတော့ ဖရုံစေ့တွေကို အခွံခွာပြီး အိတ်သေးလေး ထဲ ထည့်နေတယ်။ သူမ က ဖရုံစေ့ကို တစ်ခု အခွံခွာပြီး တစ်ခု စားတာ မဟုတ်ပါဘူး။ နွာပြီးသားတွေကို စုပြီး တစ်ကြိမ်တည်း ပေါင်းစားတာဖြစ်တယ်။
သူမ က တော်တော်ကြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ကလေးမပါပဲ။
ဒါအပြင် သူမ က ချက်ပြုတ်ရာမှာလည်း တော်တော်ကြီး ကောင်းတယ်။
အသီးအရွက်၊ ဥ နဲ့ ခေါက်ဆွဲက အရမ်း အရသာရှိတယ်လေ။
မနက်စာ စားပြီးတဲ့နောက် ရူဟန်က အချိန်ကို ကြည့်လိုက်တော့ ၉ နာရီ ထိုးနေပါပြီ။
"ကျောင်းသွားပြီး ငွေသွင်းရမယ့် အချိန်ပဲ" ရူဟန်က ပြောလိုက်တယ်။
ရူဟန်က အခန်းကို ပြန်လာလိုက်ပြီး အိပ်ရာအောက်ရှိ သေတ္တာထဲမှ ပိုက်ဆံတစ်ချို့ို ယူလိုက်တယ်။
ပြီးနောက် ရုပ်ရှင် ကြည့်နေတုန်း ဖြစ်တဲ့ရှစ် ကို ကြည့်ကာ မေးလိုက်တယ် "ရှစ် .. မင်း ရုပ်ရှင်ကြည့်နေမှာလား၊ ငါနဲ့ အတူ ဂျင်နန် တက္ကသိ်ုလ်ကို လိုက်မှာလား"
ရှစ် က ခေါင်းလှည့်ပြိး သူမရဲ့ တောက်ပတဲ့ မျက်ဝန်းနက်ကြီးတွေနဲ့ ကြည့်လိုက်တယ်။ ပြီးနောက် ကွန်ပြုတာပေါ်က ရုပ်ရှင်ကို တစ်ခါထပ်ကြည့်လိုက်တယ်။
သူမရဲ့ မျက်နှာသေးသေးလေး ပေါ်မှာ ဇဝေဇဝါ ဟန်တွေအပြည့်နဲ့ ဖြစ်နေပါတယ်။
သူမက ရူဟန် နဲ့ အတူ တက္ကသိုလ်ကို လိုက်ချင်တယ်။ ဘာလို့လဲ ဆိုတော့ တက္ကသိုလ် ဆိုတဲ့ နေရာကို သူမ မရောက်ဖူးပါဘူး။
ဒါပေမဲ့ သူမ က ရုပ်ရှင်ကိုလည်း ဆက်ကြည့်ချင်ပါတယ်။ သူမ က ကြည့်ရင်း တန်းလန်းကြီး ဖြစ်နေတာ မဟုတ်လား။
ဒီအချိန် ကိုယ်ပွားလို့ ရရင် ဘယ်လောက်ကောင်းမလဲ။
ရူဟန်က ရှစ်မျက်နှာပေါ်က ဇဝေဇဝါ ဖြစ်နေပုံကို ကြည့်ပြီး ရယ်ချင်သွားတယ်။ "ဒီလောက် တွေဝေစရာ မလိုဘူး။ ငါက တယောက်တည်း ကျောင်းသွားအိပ်တော့မယ်။ မင်းက နေခဲ့ပြီး ဂျူနီယာ ညီမလေး နဲ့ ကိုရင်လေး တို့ကို စောင့်ရှောက်ကျန်ခဲ့ပေတော့"
ခဏလောက် စဉ်းစားပြီးတဲ့နောက် ရှစ် က ခေါင်းညိတ်ကာ ပြောလိုက်တယ် "ဒါဆိုရင် ကောင်းသော ခရီးဖြစ်ပါစေ ... စီနီယာ အစ်ကိုရူဟန် .. ကောင်းတဲ့နေရာ ရောက်ပါစေ"
ရူဟန် က ခေါင်းညိတ်လိုက်တယ်။
ကောင်းတဲ့နေရာ ရောက်ပါစေ .. ဘယ်လောက် မင်္ဂလာရှိလဲ။
ရှစ် ကို အိမ်စောင့် ထားခဲ့ပြီးတဲ့နောက် ရူဟန်က ဂျင်နန် တက္ကသိုလ် ဆီကို ဦးတည်လိုက်တယ်။
လမ်းတစ်လျှောက်မှာတော့ သူက ဖုန်းကို ထုတ်ယူကာ ဂေါင်မူမူ ၊ တုဘို နဲ့ ရောင်ဒီတို့ ဆီကို စာပို့လိုက်တယ်။
တုဘို က ချက်ချင်းပဲ စာပြန်လာတယ် "ရူဟန် .. မင်းဘာလို့ အစောကြီး ကျောင်းလာအပ်တာလဲ။ ငါတို့က ၃ ရက်နေ့ မှာ ကျောငး်အပ်မလို့။ နှစ်ရက်လောက် နားရတာပေါ့။ ပြီးတော့ ငါ ကျောင်းပထမနေ့ ကြောက်တဲ့ရောဂါ ရနေသလိုပဲ။. ငါအိပ်ရာက နိုးလာတော့ စိတ်ဓာတ်ကျ၊ ကြောက်ရွံ့၊ ပင်ပန်း ပြီး အာရုံစူးစိုက်လို့ မရဘူးဖြစ်နေတယ်။ ပြီးတော့ ချွေးတွေလည်း ပြန်နေတယ်။"
ရုူဟန် က ပြန်ရေးလိုက်တယ် "တုဘို .. မင်း ဆေးရုံသွားစစ်ကြည့်သင့်တယ်။ မင်းဖျားနေပြီထင်တယ်"
တုဘို "........."
တုဘို ပြီးနောက် ရောင်ဒီ နဲ့ ဂေါင်မူမူ တို့ကလည်း စာပို့ကာ နောက်မှ ကျောင်းအပ်မှာ ဖြစ်ိကြောင်း ပြောလာကြတယ်။
သူ့သူငယ်ချင်တွေနဲ့ စကားပြောပြီးတဲ့နောက် ရူဟန်က ကိုးစီရင်စု ဂရုကို ဖွင့်လိုက်တယ်။
သူက စီနီယာ အဖြူနှစ် နဲ့ စကားပြောရင်း သိလာခဲ့တဲ့ သံရည်ကောင် အကြောင်းကို ပြောချင်လို့ပဲ ဖြစ်ပါတယ်။
ဖုန်းကြည့်ပြီး လျှောက်သွားနေတယ် ဆိုတာ တကယ်တေ့ အန္တရာယ်များလှတယ်။ ဒီလိုမျိုး လုပ်တာက မတော်တဆမှုကို ဖြစ်စေနိုင်တယ်။
ဒါပေမဲ့ ရူဟန် ရဲ့ လက်ရှိအဆင့်က ဒီလမ်းကို မျက်စိမှိတ် လျှောက်မယ် ဆိုရင်တောင်မှ ဘာမှ ဆိုးဆိုး ရွားရွား ဖြစ်လာမှာ မဟုတ်ပါဘူ။ သူ့ရဲ့ စိတ်စွမ်းအင် နဲ့ အကြားအာရုံ တို့ က မျက်စိ လိုပဲ အလုပ်လုပ်နိုင်နေပါပြီ။
သူ ကိုးစီရင်စု ထဲကို ဝင်လိုက်တော့ တောင်ဝါကြီး က အချက်အလက် တစ်ချိုကို ပို့ထားကြောင်း တွေ့လိုက်ရတယ်။
ဒီအချက်အလက်တွေက ကမ္ဘာပျက် စစ်ပွဲ ရဲ့ အရောင်းစာရင်းပဲ ဖြစ်တယ်။
ကမ္ဘာပျက်စစ်ပွဲ ရုပ်ရှင် က တနင်္ဂနွေနေ့မှာ ရုံတင်တာ ဖြစ်ပြီး ချက်ချင်းဆိုသလို ပထမ နေရာကို ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ အပတ်စဉ် ရဲ့ နောက်ဆုံးနေ့မှာ ရုံတင်တာ ဖြစ်တာမို့ အားလုံးချုံကြည့်ချိန်မှာတော့ ဒုတိယနေရာသာ ရပါတော့တယ်။
ဒါပေမဲ့ ဒီရလဒ်က ကိုးစီရင်စုက စီနီယာ ကြီးတွေကို အံ့အား သင့်စေတယ်။
တစ်ရက်တည်းသာ ရုံတင်ရသးတဲ့ အချက်အလက်ကို ကောက်ယူတာတောင်မှ ဒုတိယနေရာကို ရရှိထားသေးတယ်လေ။ နောက်တပတ် စာရင်းထွက်လာရင် ဘယ်လို အဖြေထွက်လာမလဲ။ တောင်ဝါကြီးက ရေချိုးခန်းထဲထိ ရောက်အောင်ကြေငြာ ထားတာ ထိုက်တန်တယ်လို့ ဆိုရမှာ ဖြစ်တယ်။
ကိုးစီရင် စု က တာအိုရောင်းရင်းတွေက ဒီရလဒ်ကို အရမ်းပဲ စိတ်ကျေနပ်နေတယ်။ သူတို့ခက်ခက်ခဲခဲ နဲ့ ရိုက်ထားရတဲ့ ရုပ်ရှင်မဟုတ်လား။ ပြီးတော့ သူတို့အားလုံးက စွမ်းအားမြင့် လူတွေလေ။
အချက်အလက်တွေကို ကြည့်ပြီး ရူဟန်က ရင်နာသွားတယ်။
ရုပ်ရှင်က ပိုပြီး အောင်မြင်လာတယ်ဆိုတာ စီနီယာ အစ်ကိုကြီး ဂေါင်ရှန် ရဲ့ ဆိုးရွားတဲ့ ဂုဏ်ပုဒ်က ပိုပြီး ပြန့်နှံ့လာတယ်လို့ ဆိုလိုတာ မဟုတ်လား။
ရူဟန် က ခဏလောက် စဉ်းစားပြီး ဖုန်းရဲ့ browser ကို ဖွင့်ကာ စီနီယာအစ်ကိုကြီး ဂေါင်ရှန် ဆိုတဲ့ စကားလုံးကို ရှာဖွေလိုက်တယ်။
စနစ် သတိပေးချက် [မင်းရှာဖွေမှုမှာ ၄၉,၈၈၀,၀၀၀ ရလာဒ် ထွက်ပေါ်သည်]
ချီးတဲ့မှ ..
ရက်အနည်းငယ် ကြာရင် စီနီယာအစ်ကို ကြီး ဂေါင်ရှန် ဆိုပြီး ရှာဖွေမှုက သန်း၅၀ ကျော်တော့မှာလား။
Search engine မှာ နောက်ထပ် စာတွေ ရှိနေပါသေးတယ်။ [မင်းဆိုလိုတာ စီနီယာ အစ်ကိုကြီး ဂေါင်ရှန် သေသင့်တယ်လား။ စီနီယာအစ်ကိုကြီး ဂေါင်ရှန်ကို ရှာဖွေချင်ပါက link ကို နှိပ်ပါ။]
ဒါက တစ်စုံတစ်ယောက် အင်တာနက် စာမျက်နှာ မှာ စာလုံးပေါင်းမှားရိုက်ရက် ပြသတာမျိုး ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ မင်းက အင်တာနက် search engine မှာ cultivation chat group ဆိုပြိး ရိုက်ရှာရာမှာ cultibation chat group ဆိုပြီး ရေးလိုက်မိတယ် ဆိုပါစို့။ search engine က အမှန်ကို အလိုလို သတိပေး ပြသသွားမှာ ဖြစ်တယ်။
ဒါပေမဲ့ စီနီယာအစ်ကိုကြီး ဂေါင်ရှန် က ဘယ်လိုဖြစ်ပြီး မှားယွင်းတဲ့ စာလုံးပေါင်း ဖြစ်သွားတာလဲ။
သူတော့ သွားပြီလို့ ရူဟန်က ခံစားလိုက်မိတယ်။
ကမ္ဘာပျက်စစ်ပွဲက ပိုပြီး အောင်မြင်လာလေ သူက ပိုပြီး အန္တရာယ်ရှိလေပါပဲ။
အထူးသဖြင့် သူက ကျောင်းပြန်တက်ရမှာ ဖြစ်ပြီး အတန်းသား တော်ာတေ်များများက သူ့ကို သိကြတယ်။
ဒါကြောင့် ရူဟန်က အသွင်ပြောင်းရင်ထိုးကို အသုံးပြုပြီး မှော်နှာခေါင်းစည်း တစ်ခု ဖန်တီးလိုက်တယ်။ ပြီးနောက် နေကာမျက်မှန် ကို ထုတ်ဝတ်လိုက်တယ်။ ထိုမှသာ သူက စိတ်သက်သာရာ ရသွားတယ်။
ဒီရုပ်ရှင်မှာ ပါဖို့ ဆုံးဖြတ်လိုက်မိတာက တကယ့်ကို သေလမ်းအကြီးကြီး ရှာမိတာပဲ။
ရူဟန်က ကိုးစီရင်စု ဂရုကို ထပ်ဖွင့်လိုက်တယ်။
တိုက်ဆိုင်တာက စီနီယာ အဖြူကလည်း လိုင်းပေါ်မှာ ရှိနေပါတယ်။ ကြီးမြတ်တဲ့ အဖြူ က မှော်ရတနာ တစ်ခုကို သွန်းလုပ်နေတာကြောင့် လိုင်းပေါ်မရှိတာ ကြာပါပြီ။
ကြီးမြတ်တဲ့ အဖြူ "@ဗိုလ်ကျသူ ဓားမော့စွန်းတစ် .. သူငယ်ချင်းလေး ရူဟန်.. မင်းလိုင်းပေါ်မှာ ရှိလား။ ရက်အနည်းငယ်အတွင်း မင်းက ကျောင်းကို လာပြီး ကျောင်းအပ်မှာ မဟုတ်လား။"
ရူဟန်က ပြန်ပြောလိုက်တယ် "စီနီယာအဖြူ .. ငါအခု ကျောင်းသွားတဲ့ လမ်းမှာ။ ကျောင်းသွားအပ်မလို့"
ကြီးမြတ်တဲ့အဖြူ "မင်းဒီနေ့ ကျောင်းသွားအပ်မှာလား တတိယ နေ့မှ မဟုတ်ဘူးလား။
ရူဟန် "ကျောင်းက တစ်ရက်နေ့ကနေ သုံးရက်နေ့ အထိ အပ်လို့ရတယ်။ ဘယ်အချိန်အပ်အပ် ရတယ်"
ကြီးမြတ်တဲ့ အဖြူ "သိပြီ။ ငါအမှတ်မှားတာပဲ။ ဟုတ်ပြီ။ ငါ့ရဲ့ မှော်ရတနာ က ဒီနေ့ နေ့လည်လောက်မှ ရမှာ။ မင်းက မြောက်ပိုင်းမြစ်နဲ့ ထရွင်ဂန် ရဲ့ တိုက်ပွဲကို သွားကြည့်မှာ မဟုတ်လား။ သွားမယ်ဆို တူတူသွားမလား"
ရူဟန် "သေချာတာပေါ့ .. စီနီယာအဖြူ လာမယ်ဆို တူတူသွားလို့ရတယ်" ဒီအချိန်မှာ မူးယစ်ဆေးဝါး မြှောင် ကျောင်းတော်သား ဆီက ဓားပျံကလည်း ရောက်လာမှာပါ။ ဒါဆိုရင် နဂါးအမြီးကို စီနီယာ အဖြူဆီိကို ပေးလို့ ရနိုင်ပါပြီ။
ကြီးမြတ်တဲ့အဖြူ "အရမ်းကောင်းတယ်။ နေ့လည် တွေ့ကြတာပေါ့။ ထပ်ပြောရရင် @လှိုဏ်ဂူအရှင် နှင်းဝံပုလွေ .. တာအိုရောင်းရင်း နှင်းဝံပုလွေ.. မင်းလိုင်းပေါ်မှာ ရှိလား။ ငါမင်းဆီမှာ မှားထားတဲ့ အရာ ရပြီလား"
နှင်းဝံပုလွေ "စီနီယာအဖြူ .. ငါအခု စီနီယာမိုးဆွေ ငှက် ရဲ့ နေရာမှာ ပဲ ရှိသေးတယ်။ သူမကို ကူညီနေရတုန်းမို့ ငါ့ဝမ်းကွဲညီလေးကို ဒီတာဝန်လွှဲပေးထားတယ်။ သူ့ရဲ့ အရည်အချင်းက လည်း ဒီကိစ္စမှာ ထိပ်တန်းလို့ပြောရမယ်။ မင်းလိုတဲ့ အသိအမှတ်ပြု အရာတွေ ဒီနေ့ ရလိမ့်မယ်။"
ကြီးမြတ်တဲ့အဖြူ "အရမ်းကောင်းတယ်။ ငါထပ်ပြီး မှာလို့ရနိုင်သေးလား"
နှင်းဝံပုလွေ "သေချာတာပေါ့။ စီနီယာ အဖြူ .. ပြောပါ"
ကြီးမြတ်တဲ့အဖြူ "နှစ်ယောက်ချင်းပဲ ပြောကြစို့ .. ဂရုထဲက တခြားလူတွေကို လောလောဆယ် လျှို့ဝှက်ထားမယ်"
နှင်းဝံပုလွေ "ကောင်းပြီ။ ပြဿနာ မရှိဘူး။"
ဒီလိုနဲ့ပဲ ကြီးမြတ်တဲ့ အဖြူ နဲ့ နှင်းဝံပုလွေ တို့က နှစ်ယောက်ချင်းစကား ပြောနေကြတယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ ပျောက်နေတာ ကြာပြီဖြစ်တဲ့ လှိုင်းသုံးခု က ပေါ်လာတယ်။
လှိုင်းသုံးခု "@ကြီးမြတ်တဲ့အဖြူ @လှိုဏ်ဂူအရှင် နှင်းဝံပုလွေ .. စီနီယာ အဖြူ .. နှင်းဝံပုလွေ .. မင်းတို့ နှစ်ယောက်ချင်း ပြောလို့ မဖြစ်ဘူး။ မဟုတ်ရင် ဗိုက်ကြီးသွားလိမ့်မယ်။"
ပြောပြီးတဲ့နောက် လှိုင်းသုံးခု က ပုံတစ်ပုံကို ပို့လိုက်တယ်။
ဒါက ဗိုက်ကြီးသည် တစ်ယောက်ရဲ့ ပုံပါ။ ပုံထဲက အမျိးသမီးက ငိုပြီး ပြောနေတယ် "ငါက သုံးမိနစ်ေ လာက် နှစ်ယောက်ချင်း လိုင်းမှာ စကားပြောလိုက်တာ။. ဗိုက်ကြီးသွားတယ်။ ဘယ်လိုလုပ်မလဲ"
"........" ရူဟန် ။
တောင်ဝါကြီး "......." တာအိုရောင်းရင်း လှိုင်းသုံးခု .. မင်းကို ငါဘာလုပ်ရမလဲ မသိတော့ဘူး။"
ကြီးမြတ်တဲ့ စိတ်ဝိညာဉ်လိပ်ပြာ "ဟီးဟီး .."
ငှက်မွှေးလေး "ငါ အွန်လိုင်းမှာပဲ။ ပြောရမယ်ဆိုရင် တာအိုရောင်းရင်း အဖြူက ငါ့ကိုယ်ပိုင်အကောင့်ကို ဂရုထဲ ထည့်ထားတယ် ဒါကြောင့် မင်းက ဒီကြီးမြတ်သူကို တိုက်ရိုက် tag လို့ရတယ်။"
ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာက သူ့အကောင့်ကနေ ရေးလိုက်တယ် "တာအိုရောင်းရင်းအဖြူ .. ကိစ္စရှိလို့လား"
ကြီးမြတ်တဲ့ အဖြူ "ဒီလိုလေ.. လက်ရှိမှာ ငါက တခြားတာအိုရောင်းရငး်တစ်ယောက် ဆီကနေ အရမ်းပျော်စရာကောင်းမယ့် နည်းလမ်း တစ်ခုကို ရထားတယ်။ လွတ်မြောက်ခြင်း အနုပညာ လို့ ခေါ်တယ်။ ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို ငါအကျဉ်းချုံးပြီး ပြောပြမယ်။ ပထမဆုံး စိန်ခေါ်သူကို အရမ်းကို ရှုပ်ထွေးတဲ့ စည်းခုနှစ်ခု နဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ စည်းခတ်ထားမယ်။ စည်းတွေကို ဖျင်ဆီးတဲ့ နေရာမှာ စိတ်ဝိညာဉ် စွမ်းအင်တွေကို အသုံးပြုလို့ မရနိုင်ဘူး။ ပြီးရင် တာအိုရောင်းရင်းကို ပင်လယ်ရေမျက်နှာပြင် အထက် မီတာ သုံးသောင်းကို ခေါ်သွားပြီး ဓားပျံဆီကနေ တွန်းချလိုက်မယ်။ ကျဆင်းနေတုန်းမှာ စည်းအမျိုးအစား ခုနှစ်ခု ကို ချိုးဖျက်ရမယ်။ မြေပေါ် မရောက်ခင် စည်းတွေကို ချိုးဖျက်နိုင်ပြိးဆိုရင် စိတ်ဝိညာဉ်အင်ပါယာ ဖြစ်တာကြောင့် မြေပေါ် သက်သက်သာသာ ဆင်းသက်နိုင်မယ။် ဒါပေမဲ့ ကျရှုံးခဲ့ရင်တော့ ... ပင်လယ်ရေ မျက်နှာပြင် အထက် မီတာ သုံးသောင်းက ပြုတ်ကျတဲ့ ခံစားချက်ကို ခံစားရမယ်။ ဒီနည်လမ်းကို ရှာတွေ့တော့ အရမ်းကို စိတ်လှုပ်ရှားသွားတယ်။ ကြားတာနဲ့ နှလုံးခုန်သံတွေ မြန်လာတယ်။"
ရူဟန် ".........."
တောင်ဝါကြီး".........."
ကျွန်းသခင် ထျန်ထျန်ခုံး ".........."
ဒုတိယကျွန်းသခင် ထျန်ထျန်ဝေ ".........."
သခင်လေး ဖီးနစ် သတ်ဖြတ်သူ ".........."
ဒါက ပျော်စရာကောင်းပြီး ကြည့်ရသူကို ဆွံ့အစေမှာပါ။ ကျင့်ကြံခြင်းလောကမှ လှိုင်းသုံးခုလို သေလမ်းရှာသူမျိုး ရှိမယ်လို့ သူတို့ မထင်ထားမိပါဘူး။
ရူဟန် "စီနီယာအဖြူ .. မင်းခုပြောနေတဲ့ တာအိုရောင်းရင်း က အသက်ရှင်ရက် ရှိသေးလား"
ကြီးမြတ်တဲ့ အဖြူ "အင်း.. သူက အဆင့်ခြောက် အစစ်အမှန် နတ်ဘုရားဖြစ်တာကြောင့် လွယ်လွယ်နဲ့ မသေနိုင်ဘူး။ နောက်ဆုံးအကြိမ်တုန်းက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ငါးသောင်းကနေ စည်းအမျိုးအစားပေါင်း ၂၀ အခတ်ခံပြီး ခုန်ချခဲ့တယ်။ သူက စိန်ခေါ်မှုကို ကျရှုံးခဲ့တယ် ဆိုုပေမဲ့ ဒဏ်ရာ ကြီးကြီးမားမား မရဘူး။ နှစ်နှစ်လောက် ဆေးကုြ့ပီးတော့ ပြန်ကောင်းသွားတယ်။"
"......" ရူဟန်။
ဒီစီနီယာက အဆင့်ခြောက်အထိရောက်အောင် လေ့ကျင့်ခဲ့တာ တန်သွားတာပဲ။
ဒါမှမဟုတ် စီနီယာ လှိုင်းသုံးခု လိုမျိုး သေလမ်းရှာရတာကို ချစ်ခင်နှစ်သက်သူ မျိုးက ကြီးမားတဲ ကံကောင်းခြင်းကို ပိုင်ဆိုင်တာလား
ကြီးမြတ်တဲ့ အဖြူ က ထပ်ပြောလိုက်တယ် "ဘာပဲဖြစ်ဖြစ် .. တာအိုရောင်းရင်း စိတ်ဝိညာဉ် လိပ်ပြာ .. တာအိုရောင်းရင်း လှိုင်းသုံးခုကို မင်းသား တင်ရိုက်မယ့် ဇာတ်ကားမှာ ဒီစိန်ခေါ်မှုကို ထည့်လိုက်ရင် ဘယ်လိုလဲ။ အရမ်းစိတ်ဝင်စားစရာ ကောင်းသွားမလား"
ကြီးမြတ်တဲ့ စိတ်ဝိညာဉ်လိပ်ပြာ "အရမ်း ကောင်းမယ့်ပုံပဲ"
နောက်တော့ ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာက ဇာတ်ညွှန်းပြောင်းဖို့ လိုင်းပေါ်က ဆင်းသွားတယ်။
"........" ရူဟန်။
စီနီယာ လှိုင်းသုံးခု ကတော့ သွားပြီ။
အပိုင်း (၈၉၁) တာအိုရောင်းရင်း လှိုင်းသုံးခု .. မင်းကို ငါဘာလုပ်ရမလဲ မသိတော့ဘူး။
ရူဟန်က အခန်းကို ပြန်လာလိုက်ပြီး အိပ်ရာအောက်ရှိ သေတ္တာထဲမှ ပိုက်ဆံတစ်ချို့ ယူလိုက်တယ်။
ပြီးနောက် ရုပ်ရှင် ကြည့်နေတုန်း ဖြစ်တဲ့ရှစ် ကို ကြည့်ကာ မေးလိုက်တယ် "ရှစ် .. မင်း ရုပ်ရှင်ကြည့်နေမှာလား၊ ငါနဲ့ အတူ ဂျင်နန် တက္ကသိုလ်ကို လိုက်မှာလား"
ရုဟန် က ပြန်ရေးလိုက်တယ် "တုဘို .. မင်း ဆေးရုံသွားစစ်ကြည့်သင့်တယ်။ မင်းဖျားနေပြီထင်တယ်"
တုဘို "........."
တုဘို ပြီးနောက် ရောင်ဒီ နဲ့ ဂေါင်မူမူ တို့ကလည်း စာပို့ကာ နောက်မှ ကျောင်းအပ်မှာ ဖြစိကြောင်း ပြောလာကြတယ်။
ချီးတဲ့မှ ..
အထူးသဖြင့် သူက ကျောင်းပြန်တက်ရမှာ ဖြစ်ပြီး အတန်းသား တော်ာတ်ေများများက သူ့ကို သိကြတယ်။
"........" ရူဟန် ။
ရူဟန် ".........."
တောင်ဝါကြီး".........."
"......" ရူဟန်။
"........" ရူဟန်။
ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Wo Geschichten leben. Entdecke jetzt