အပိုင်း (၈၉၆)

126 28 2
                                    


#Unicode


ဟယ်လို အစစ်အမှန် နတ်ဘုရား ထရွင်ဂန် .. ငါက အစစ်အမှန် နတ်ဘုရား မြောက်ပိုင်းမြစ်ပါ။

နဂါးငါးကောင် တံခွန် ဆိုတဲ့ နာမည်က တော်တော်ကြီး ကောင်းတယ် ဆိုပေမဲ့ ထရွင်ဂန ်က ရှေ့ဖြစ်ဟောဖို့ ထွက်တိုင်း ယူဆောင်လာတတ်တဲ့ တံခွန်ပါပဲ။ တစ်ခါတစ်လေ သူက နှစ်ပိုင်းဖြတ်ပြီူတောင်မှ သူ့ရဲ့ ကျောပိုးအိတ်တွေ ဘာတွေမှာ ထိုးထားတတ်သေးတယ်။

နဂါးငါးကောင် တံခွန်ကို စကားလုံးနဲ့ ဖော်ပြရမယ်ဆိုရင် "ထရွင်ဂန် ဒါမှမဟုတ် သံထရွင်ဂန် .. တစ်ခွန်းထဲပြောမယ်။ ငါက သန်းချီတဲ့အရာတွေကို ကြိုတင် ခန့်မှန်းပြီးပြီ"

နောက်တစ်ဖက်က တစ်ခွနး်ကတော့ "ရှေ့ဖြစ်ဟောပြီးတဲ့နောက် ရှေ့ဖြစ်ဟောခြင်း .. ငါက အသချေင်္ဟောကိန်းတွေရဲ့ ဆရာ့ဆရာဖြစ်လာမယ်"

နေဒဏ်၊ လေဒဏ် ထိထားတာကြောင့် ဒီနဂါးငါးကောင် တံခွန် အနည်းငယ် စုတ်နေပါပြီ။

"မင်း. .. မင်း အဆင့်ခြောက် ရောက်နေတာလား" မြောက်ပိုင်းမြစ် က အသက်ကို မနည်းရှုလိုက်တ်။ စောနတုန်းက သူထုတ်သုံးလိုက်တဲ့ [နဂါးငွေ့တန်း၏ ဓားဆယ်နှစ်လက်] ညကောင်းကင် တိုက်ကွက်က သူ့ကို အားတော်တော် ကုန်ခမ်းစေပါတယ်။

"မင်းမထင်ထားဘူး မဟုတ်လား။ ဟားဟား" ထရွင်ဂန် က ရယ်လိုက်တယ် "တကယ်တော့ .. ငါက မင်းနဲ့ တိုက်ဖို့ ချိန်းလိုက်ကတည်းက အဆင့်ခြောက်ကို ရောက်နေတာပဲ။ ဒါပေမဲ့ အဆင့်ငါးလို ဟန်ဆောင်နေခဲ့တာလေ။ ဒီနေ့ကို ရောက်ဖို့ ငါ အချိန်အကြာ့အကြာကြီး စောင့်ခဲ့ရတယ်။"

ပြောနေရင်းမှာပဲ ထရွင်ဂန် ရဲ့ လက်ထဲရှိ နဂါးငါးကောင် တံခွန် က အရောင်ငါးရောင် အဖြစ် ဖြစ်တည်နေတယ်။

မီးနဂါး၊ လျှပ်စီးလက်ဝါး၊ လေနဂါး၊ မြေနဂါး နဲ့ ရေခဲနဂါး .. စုတ်ပြတ်နေတဲ့ တံခွန် ဆီက မတူညီတဲ့ ဓာတ်သဘာဝ တွေ ထွက်ပေါ်နေတယ်။

တကယ့် နဂါးငါးကောင်တံခွန် ကို ကိုင်ဆောင်ချိန်မှာ ထရွင်ဂန် က တံခွန်ကိုလွှဲရမ်း ဖို့ပဲ လိုအပ်ပါတယ်။ နတ်ဘုရား နဂါးငါးကောင်တို့ က မြောက်ပိုင်းမြစ်ကို တိုက်ခိုက်မှာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Où les histoires vivent. Découvrez maintenant