အပိုင်း (၉၃၀)

148 31 5
                                    


#Unicode


ဒီနိမ့်ကျတဲ့ ဘုန်းကြီးရဲ့ တောက်ပတဲ့ မျက်နှာကို ထောက်တဲ့ အနေနဲ့ သူ့ကို လွှတ်ပေးပါလား။


ကြိုးကြာဖြူ က ပြောလိုက်တယ် "သူငယ်ချင်းလေး ရူဟန် .. ဆရာ့ကို ငါစောစောပြန်သွားပြီ ဆိုတဲ့ အကြောင်း ပြောဖို့ မင်းကို ဒုက္ခပေးရတော့မယ်။ နောက်တစ်ကြိမ်မှ ပြန်တွေ့ကြတာပေါ့"

ကြီးမြတ်တဲ့အဖြူ ရဲ့ သတင်းကို ရပြီးတဲ့နောက် ကြိုးကြာဖြူ က ဂျင်နန် တက္ကသိုလ် မှာ ကျောင်းသား အဖြစ် နေဖို့ စိတ်မဝင်စားတော့ပါဘူး။ ဒီတစ်ကြိမ်မှာ သူက မြေတူးစက် မောင်းတာ သင်ပေးတဲ့ တက္ကသိုလ်ကို သွားပြီး ကြီးမြတ်တဲ့အဖြူကို ရှာဖို့ ခေါင်းအပို ၊ အတောင်ပံ အပိုတွေ ပါ ပေါက်ချင်စိတ် ဖြစ်ပေါ်နေလောက်တယ်။

ရူဟန် ပြန်မပြောရသေးခင်မှာပဲ ကြိုးကြာဖြူ က ကျောင်းဆေးရုံအပြင်ကို ထွက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။

"........." ရူဟန်။

"အခု.. တာအိုရောင်းရင်း ကြိုးကြာဖြူ က အဲတက္ကသိုလ် လိပ်စာကိုသိလို့လား။" အသက်ခုနှစ်သက် အဆောင်ဆရာ က မေးလိုက်ယတ်။

ရူဟန်က ခေါင်းခါယမ်းပြီး ပြောလိုက်တယ် "မသိလောက်ဘူး။ ဒါပေမဲ့ စီီနီယာကြိုးကြာဖြူ က အမြင့်ကြီးကနေ ပျံပြီး ကြည့်လိုက်ရင် တခြားတက္ကသိုလ်တွေကိုတော့ ရှာလို့ ရနိုင်မှာပါ"

"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ တာအိုရောင်းရင်း ကြိုးကြာဖြူ လမ်းမပျောက်ပါစေနဲ့လို့ မျှော်လင့်ရမှာပဲ" အသက်ခုနှစ်သက် အဆောင်ဆရာ က ခေါင်းညိတ်ကာ ပြောလိုက်တယ်။

"စီနီယာအသက်ခုနှစ်သက် ... ဒါဆိုရင် ငါမင်းကို မနှောက်ယှက်တော့ဘူး။ အတန်းဆီ ပြန်သွားတော့ မယ်။" ရူဟန်က ပြောလိုက်တယ် ။ အတန်းထဲမှာ ရှစ်က ရှိနေပါသေးတယ်။ သူမ ဘာပြဿနာမှ မရှာထားဖို့ မျှော်လင့်ရတာပါပဲ။

အသက်ခုနှစ်သက် အဆောင်ဆရာ က လက်ကို ဝေ့ယမ်းပြီး ပြောလိုက်တယ် "နောက်မှတွေ့မယ်"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Hikayelerin yaşadığı yer. Şimdi keşfedin