အပိုင္း (၁၀၃၉)

126 25 1
                                    


ငါ့ပစ္စည်းတွေကို အရင်သိမ်း။

မိစ္ဆာကြီးမြတ်သူ လုချမ်လမ်း က ကြီးမြတ်သူ ဆိုတဲ့နာမည်နဲ့ ထိုက်တန်လှတယ်။ သုံးစက္ကန့်ဆိုတဲ့အချိန်အတွင်းမှာပဲ သူက မှော်လက်စွပ်ထဲကို သစ်သားဓား တစ်သောင်း ထည့်သွင်းနိုင်ခဲ့တယ်။

သစ်သားဓားကိစ္စ ပြုလုပ်ပြီးတာနဲ ့တပြိုင်နက် မိစ္ဆာနတ်ဘုရား လုချန်လမ်းက သူ့ရဲ့ လက်ဖက်ရည်အိုးလေးထဲကို ပြန်ဝင်သွားတယ်။ သူက အမြန်ဆုံး ပြန်ဝင်သွားတာပါ။ သူသာ နှေးသွားမယ်ဆိုရင် ကြီးမြတ်တဲ့အဖြူ ရဲ့ ကောင်းကင်ဘုံ ကပ်ဘေးဆီ ဆွဲခေါ်ခံရပြီး မထင်မှတ်ထားတာတွေ ဖြစ်ပေါ်ကုန်ပါလိမ့်မယ်။

ကြီးမြတ်တဲ့အဖြူက သူ့မှော်ကွင်းကြီး ကို ချိ်န်ညှိ့ပြီးတဲ့နောက် လက်ကို ဆန့်တန်းကာ တာအိုစည်း တစ်ခု ပြုလုပ်လိုက်တယ် "ပေါက်ကွဲစမ်း"

နောက်တော့ သာမာန်သစ်သားဓးာ တစ်သောင်းကျော်လောက်က မှော်ကွင်းကြီးကို ဖြတ်သန်းသွားတယ။် မှော်ကွင်းကြီး ကို ဖြတ်သန်းသွားတာနဲ့ တြ့ပိုင်နက် ဖြည့်စွက် အစီအရင် တစ်သောင်းလောက်ကလည်း အသက်ဝင်သွားတယ်။ သာမာန်ဓားတွေက သက်တန့်ရောင်စဉ်တွေ ထွက်ပေါ်လာတယ်။

ကံဆိုးစွာနဲ့ပဲ ဒီဓားတွေက တစ်ခါသုံးဓားပျံတွေ အဖြစ် မသန့်စင်ရသေးတာပါ။ ဒါကြောင့် စွမ်းအားက တော်တော်ကြီး လျော့ကျသွားတယ်။

"ဝှစ်"

သက်တန့် ရောင်စဉ်တွေ ထွက်ပေါ်နေတဲ ့သစ်သားဓား တစ်သောင်းကျော်လောက်က ကောင်းကင်ဘုံကပ်ဘေး ရဲ့ လိုက်းဒုံးကျည် တစ်သောင်းကျော်လောက်ကို ကြိုဆိုလိုက်တယ်း။

ကောင်းကင်ဘုံ ကပ်ဘေး နယ်မြေတစ်ခုလုံးက အမှောင်လွှမ်းသွားတယ်။ ပေါက်ကွဲသံ တွေ တဝုန်းဝုန်း နဲ ့ဖြစ်နေကာ သက်တန့်ရောင်စဉ်တွေကလည်း တဖြတ်ဖြတ် လင်းလက်နေတယ်။

"ကြီးမြတ်တဲ့အဖြူ ဒါကို ကိုင်တွယ်နီုင်ပ့ါမလား။" အသက်ခုနှစ်သက် အဆောင်ဆရာက မေးလို်က်တယ။်

ရူဟန် ကလည်း ကြောက်လန့်နေတယ်။ သူက ကြီးမြတ်တဲ့အဖြူ ရဲ့ တိုက်ကွက်ကို မြင်ဖူးတယ်။ သီအိုရီ အရဆိုရင် ဒီတိုက်ခိုက်ခြင်းအင်အားက အဆင့်ခုနှစ် ထိပ်ပိုင်း စွမ်းအင်ကို ပိုင်ဆိုင်တယ်။ ပိုပြီးတော့တောင်မှ မြင့်မား နိုင်သေးပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ကြီးမြတ်တဲ့အဖြူက တစ်ခါသုံးဓားပျံတွေကို အသုံးပြုနေတာ မဟုတ်ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Wo Geschichten leben. Entdecke jetzt