အပိုင်း (၁၀၇၄)

109 32 0
                                    


#Unicode


ဒါဆို မင်း စိတ်ပျက်သွားလိမ့်မယ်။

ခုနှစ်ယောက်မြောက်ကြီးမြတ်သူ သီလ ပြောတာမှန်ပါတယ်။ လက်ရှိမှာ အရေးအကြီးဆုံး မေးခွန်းက ဒေါင်ဖန်းခြောက် ကားကို ရပ်နိုင်လား ၊ မရပ်နိုင်ဘူးလား ဆိုတာပါပဲ။

"သူမ ကားရပ်နိုင်မလား" လူတိုင်းက ဒီအဖြေကို သိချင်နေကြတယ်။

ဒီအတောအတွင်းမှာပဲ ကိုးစီရင်စုက တာအိုရောင်းရင်းတွေ ထပ်ရောက်လာကြတယ်။ မြောက်ပိုင်းမြစ်၊ အရက်မူး မှောက် ကျောင်းတော်သား ၊ ရှေးဟောင်းကန် နဲ့ ထာဝရမီးတို့က ခုနှစ်ယောက်မြောက်ကြီးမြတ်သူ သီလ ရဲ့ ပုံရိပ်ယောင် အစစ်အမှန် ထဲကို ဝင်လာကြတယ်။

တခြားတာအိုရောင်းရင်းတွေကို စောင့်ရငး် ခုနှစ်ယောက်မြောက်ကြီးမြတ်သူ သီလ က သူ့ရဲ့ ပုံရိပ်ယောင် အစစ်အမှန်ကို ဖွင့်လှစ်ထားတယ်။ ဒါကြောင့် သူတို့က ဆေးဆရာရဲ့ အဆောက်အဦ ထဲကို ဝင်လိုက်တာနဲ့ ရှေးသချႋင်းကမ္ဘာထဲကို ရောက်ရှိသွားကြတာ ဖြစ်တယ်။

အခု ဒါဆို သူမ ကားကို ရပ်နိုင်ပါ့မလား။

ဒေါင်ဖန်းခြောက် ရဲ ့ကား ကျောက်တိုင်နှစ်ခု နဲ့ နီးနီးလာတာကို မြင်တော့ ရူဟန်က ကြောက်လန့်သွားတယ် ။

မဟုတ်သေးပါဘူး။ ဘာလို့ သူမက ခြေထောက်ကို ဘရိတ်လို အသုံးပြုနေရတာလဲ။ ဒေါင်ဖန်းခြောက် က ကားကို ရပ်တန့်ချင်တယ်ဆိုရင်တောင်မှ နည်းလမ်းအများကြီး ရှိနေတယ် မဟုတ်လား။

သူမ ရဲ့ ဘရိတ်ဖမ်းတဲ့ နည်းစနစ်က ကမ္ဘာပေါ်မှာ သုံးလို့ ရပါ့မလား။

ဒီမြင်ကွင်းကိုမြင်ရင် သာမာန်ယာဉ်မောင်းသမားတွေ ချီးပါ ထွက်ကျကုန်ပါလိမ့်မယ်။

တွေးကြစမ်းပါအုန်း ... မင်းက ကားမောင်းနေတုန်း ရှေ့ကားက တံခါးပွင့်လာပြီး လှပတဲ့ ခြေတံရှည်ရှည် တစ်ခု က ထွက်လာမယ်။ ပြီးတော့ မြေပြင် တရွတ်တိုက်ပြီး ကားရပ်ဖို့ ကြိုးစားနေမယ်ဆိုရင် ဘာဖြစ်မလဲ။

ဒီလိုမြင်ကွင်းမျိုးက တုန်လှုပ်စရာပဲ မဟုတ်လား။

ဒါကြောင့် ဒေါင်ဖန်းခြောက် ကားကို ရပ်နိုင်ခြင်း ၊ မရပါနိုင်ခြင်း က သိပ်တော့ ကိစ္စမရှိလှပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Où les histoires vivent. Découvrez maintenant