အပိုင်း (၁ဝရ၈)

117 29 0
                                    

#Unicode 


သွားစမ်း။


 ပြီးတော့ စီနီယာအဖြူနှစ်က ငရဲပြည် အုပ်စိုးသူတွေထဲက တစ်ယောက်ပါ။ သူသာ ကူညီမယ်ဆိုရင် အားလုံးက အဆင်ပြေ ချောမွေ့သွားလိမ့်မယ်။ ဒါပေမဲ့ သူက ဟာသကြားချင်နေသေးတယ်။ ရူဟန်က လက်ရှိမှာ ဟာသတွေ အများကြီးကို ဖတ်ထားတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်လိုက်တော့ တစ်ခုကမှ မရယ်ရပါဘူး။ သူက သင့်တော်တာကို စဉ်းစားလို့ မရသေးဘူး။ လူတွေက ပိုပိုပြီး ရယ်လေ သာမာန်ဟာသတွေက ရယ်အောင် ပြုလုပ်ဖို့ ခက်ခဲစေမှာ ဖြစ်တယ်။ တစ်ချို့့ဟာသတွေမှာ သူတို့က ပထမဆုံးအကြိမ် ရယ်မောမိလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့ တကယ်တန်း ရယ်စရာကိုလည်း ရှာမတွေ့ပါဘူး။ တစ်ခါတလေ မှာ ရယ်အောင် ပြုလုပ်ရတာက တကယ့်ကို ခက်ခဲတဲ့အရာတစ်ခုပါပဲ။ "စီနီယာအဖြူ .. ခဏစောင့်" ရူဟန်က စိတ်ထဲကနေ ပြောလိုက်တယ် "ဒီနေ့ ငါမင်းရယ်ရစေမယ့် ဟာသ တစ်ခုကို ကျိ်န်းသေပေါက် ရှာပြမယ်" ဒီနေ့က သာမာန်ထက် ထူးခြားပါတယ်။ ဒီမှာ ကိုးစီရင်စု က စီနီယာတွေ အများကြီး ရှိနေတယ်။ လူများလေ ပိုကောင်းလေပါပဲ။ လူတွေအများကြီး ရှိမှာ စီနီယာအဖြူနှစ် ရယ်ရစေမယ့် ဟာသကို ရှာလို့ ပိုလွယ်မယ် မဟုတ်လား။ "ကောင်းပြီ။. ငါမင်းကို ပြင်ဆင်ဖို့ အချိန်ပေးလိုက်မယ်" စီနီယာအဖြူနှစ်က ဒီနေ့မှာ တော်တော်ကြီး စိတ်ကောင်းဝင်နေတယ်။ ရူဟန်ကို အကန့်အသတ် မရှိ ပြင်ဆင်ခွင့်တောင် ပေးထားပါသေးတယ်။ ❄️❄️❄️ ဒီအချိန် မြေအောက်စမ်းသပ်ခန်းမှာတော့ .. ကိုးစီရင်စုက စီနီယာတွေ စိတ်ဓာတ်ကျနေတုန်း ရူဟန်က ရုတ်တရက် ပြောလိုက်တယ် "စီနီယာတို့ .. ဘယ်သူ ဟာသ ကောင်းကောင်းသိလဲ။ ငါ့ကို တစ်ခုလောက် ပြောပြပါလား" ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာ "......" ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ "......" တောင်ဝါကြီး "........" ရှီလျှူက မေးလိုက်တယ် "ရူဟန် . မင်းဘာလို့ ဟာသတစ်ခု လိုတာလဲ" ရူဟန်က ပြောလိုက်တယ် "ငါ ငရဲပြည်က ကျွမ်းကျင်သူ တစ်ယောက်ဆီက စကားကို ရထားတယ်။ အမ်.. ဒါက beep.....။ ဘာပဲဖြစ်ဖြစ် ကြီးမားတဲ့ စွမ်းရည် နဲ့့ တစ်စုံတစ်ယောက် ဆီက စကားပဲ။ သူက ငါတို့ကို ကူညီဖို့ နည်းလမ်းရှိတယ်တဲ့။ ဒါပေမဲ့ သူ့ကို အရင် ရယ်ရအောင် ဟာသပြောဖို့ လိုသေးတယ်။ စီနီယာတို့ ... ဟာသတစ်ခုလောက် မြန်မြန်စဉ်းစားကြပါ" "အဲ စီနီယာလား။ အဲစီနီယာ သာဆိုရင် ငါတို့ ကို ကူညီပေးနိုင်တယ်" ထာဝရမီးက ရူဟန် ကျောင်းတော်သားနယ်မြေ ကို ရွှေကြာပန်းကမ္ဘာ ထိန်းချုပ်နိုင်ဖို့ ကူညီပေးချိန်မှာ အဲဒီ စီန်ီယာ က ရူဟန် ကို တိတ်တဆိတ် ကူညီပေးခဲ့မှန်း သူသိတယ်။ လိုင်ချီး က မေးလိုက်တယ် "ဘယ်လိုဟာသမျိုးကို မင်းလိုချင်လဲ" ရူဟန် က ပြောလိုက်တယ် "စိတ်ဝင်စားစရာကောင်းရင် ပြီးတာပဲ။ ငါသူ့ကို ရယ်ရအောင် ပြုလုပ်နိုင်ရင် ရပြီ" ရှီလျှူက ပြောလိုက်တယ် "ငါ လိုင်းပေါ်မှာ ရှာကြည့်လိုက်မယ်" လှိုင်းသုံးခု က ပြောလိုက်တယ် "စိတ်ဝင်စားစရာတော်တေ်ာများများ ကို ငါမှတ်မိတယ်။ ဒါပေမဲ့ အားလုံးက ဆယ့်ရှစ်နှစ် အထက်တွေကြီးပဲ" "စီနီယာလှိုင်းသုံးခု . ကျေးဇူးပြုပြီးဒါကိုတော့ ရှောင်မှ ဖြစ်မယ်။" ရူဟန်က လက်ကို အထပ်ထပ် ခါယမ်းလိုက်တယ် ။စီနီယာအဖြူ နှစ်ကို ညစ်ညမ်းဟာသတွေ သူ မပြောရဲပါဘူး။ နတ်ဘုရား သတ်ဖြတ်ခြင်း အမြှောက် လက်နက်ကို လက်ဆောင်ရနေပါအုန်းမယ်။ တောင်ဝါကြီးက ပြောလိုက်တယ် "အင်း .. ဟိုးအရင်တုန်းက ငါကြုံခဲ့တဲ့ အတွေ့အကြုံ တစ်ခုတော့ ရှိတယ်။ အဲတုန်းက ငါအဆင့်လေး ကျင့်ကြံသူ တစ်ယောက်ပေါ့။ ဂရုထဲက တာအိုရောင်းရင်းတွေကိုတော့ ပြောဖူးတယ်။ သူငယ်ချင်းလေး ရူဟန် ကြားဖူးမှာတော ့မဟုတ်ဘူး" ပြီးနောက် တောင်ဝါကြီးက သူ့ဇာတ်လမ်းကို ဆက်ပြောလိုက်တယ်။ [ဟိုးတုန်းကပေါ့ .. ငယ်ရွယ်သေးတဲ ့ငါက တခြားတာအိုရောင်းရင်းတွေလိုပဲ ဂိုဏ်းကနေ ထွက်ခွာပြီး ကမ္ဘာလောကကြီးထဲ ဝင်လာတယ်။ တစ်နေ့မှာတော ့တိုင်တောင်တန်းကြီးပေါ်မှာ အဆင့်ခြောက် အစစ်အမှန် နတ်ဘုရား စီနီယာတစ်ယောက်က မိန့်ခွန်းပြောမှာ .. ဒါကြောင့် ငါ က မိန့်ခွန်းကို နားထောင်ရဖို့ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့တယ်။ အဲချိန်တုန်းက စီနီယာရဲ့ မိန့်ခွန်းကို နားထောင်ချင်တဲ့ စီနီယာတွေ အများကြီး ရှိတယ်။ ဒါကြောင့် နေရာတစ်ခုလုံးမှာ များပြားလှတဲ ့ကျင့်ကြံသူတွေ က စုဝေးနေကြတာပေါ့။ အခုမှ ဂိုဏ်းက ထွက်လာတဲ ့ငါ့အတွက်တော ့ဒီလိုမြင်ကွင်းမျိုးက အ့့ံအားသင့်စရာ အရမ်းကောင်းတဲ့ မြင်ကွင်းမျိုုး ဖြစ်ခဲ့တယ်။ ငါ က ထောင့်တစ်နေရာကို သွားပြီး အဆင့်ခြောက် အစစ်အမှန် နတ်ဘုရား မိန့်ခွန်းစပြောမှာကို စောင့်နေလိုက်တယ်။ နေရာကောင်းတစ်ခု ရပြီးသွားတဲ့နောက်မှာ ငါက ဘေးတစ်ဖက်ဆီကို ခေါင်းလှည့်ကြည့်လိုက်တယ်။ ငါ့ဘေးနားမှာ တိုင်တစ်ခုကို မှီနေတဲ့ ပိန်ပိန်ပါးပါး တာအိုကျင့်ကြံသူ တစ်ယောက်ကို မြင်လိုက်တယ်။ သူကလည်း အဆင့်လေး တစ်ယောက်ဖြစ်ပြီး ကောင်းမွန်တဲ ့စိတ်နေစိတ်ထား ရှိပုံရတယ်။ ငါ သူ့ကို မြင်တော့ မနှုတ်ဆက်ဘဲ မနေနိုင်ဘူး။ ဒါကြောင့် ပြောလိုက်တယ် "ငါ က တောင်ဝါကြီးပါ။ အခုမှ အဆင့်လေး ရောက်တာ .. တာအိုရောင်းရင်း ရဲ ့နာမည်ကို သိလို့ ရမလား" အဲတာအိုရောင်းရင်း က တန့်သွားတယ် ။ ပြီးတော့ ပြောတယ် "သွားစမ်း" အဲအချိ်န်မှာ ငါ တကယ်ပဲ ရှက်ရွံသွားတယ်။ ကမ္ဘာကြီးကို အသစ်ဝင်ရောက်လာတဲ့ ငါ့ကို ပထမဆုံးအကြိမ် ကျင့်ကြံခြင်း လောကရဲ့ အေးစက်မှုတွေက ဆီးကြိုခဲ့တယ်လေ။ ဒါကြောင့် တိုင် တောင်တန်းပေါ်က မိန့်ခွန်းပြီးတဲ့ အထိ ငါ စကားတစ်ခုမှ မပြောနိုင်ခဲ့ဘူး။ ပြီးတော့ ငါ ခက်ခက်ခဲခဲ ကြိုးစားပြီး အဆင့်ငါးကို ရောက်ရှိလာခဲ့တယ်။ တစ်နေ့မှာတော့ ငါ ကျင့်ကြံသူတွေရဲ့ စျေးကို သွားပြီး ပစ္စည်းဝယ်ခဲ့တယ်။ အဲအချိန်မှာပဲ စိတ်နေစိတ်ထား ကောင်းမွန်ပုံ ပေါ်တဲ့ တာအိုရောင်းရင်း နဲ့ ထပ်တွေ့ခဲ့တယ်။ အဲအချိန်မှာ သူက အဆင့်လေး ထိပ်ဆုံးကို ရောက်နေပြီး အဆင့်ငါးရောက်ဖို ့ခြေတစ်လှမ်းပဲ လိုတော့တယ်။ သူ့ရဲ့ ပြည့်စုံလုံလောက်မှုက ငါ့လောက် မကောင်းဘူးလေ ဘာကြောင့်မှန်းမသိဘူး။ ငါသူ့ကို မြင်တော့ တိုင်တောင်တန်းပေါ်မှာ သူပြောခဲ့တဲ့ အေးစက်စက် စကားကို ငါပြန်သတိရလိုက်တယ်။ ငါ့ နှလုံးသား က တကယ့်ကို နာကျင်သွားတယ်။ ငါ့စိတ်တွေ ထိန်းလိုု့ မရနိုင်ခဲ့ဘူး။ ငါသူ့နောက်ကို တိတ်တဆိတ် လိုက်သွားခဲ့တယ်။ ပြီးတော့ စျေးကအထွက် ဘယ်သူမှ မရှိချိန်မှာ ငါသူ့ကို ရိုက်နှက်မယ်လို့ စဉ်းစားထားတယ်။] တောင်ဝါကြီးက မျက်နှာမှာ ရှက်ရွံဟန် အပြည့်နဲ့ စကားရပ်လိုက်တယ်။ ရူဟန်က ဇဝေဇဝါ နဲ့ ပြန်ကြည့်လိုက်တယ် ။ ရယ်စရာ ကိစ္စလည်း တစ်ခုမှ မပါသေးပါဘူး။ [ရိုက်ပြီးသွားတော့ ငါ့ကို မှတ်မိလားလို့ မေးခဲ့တယ်။ သူ က ပြောတယ် - ငါမှတ်မိတာပေါ့။ မင်းက တာအိုရောင်းရင်း တောင်ဝါကြီးလေ.။ ငါ့ တာအိုနာမည်ကို သူ မှတ်မိနေလိမ့်မယ်လို့ ငါ တကယ်မထင်ခဲ့ဘူး။ ငါ နည်းနည်း တုန်လှုပ်သွားတာပေါ့။ ပြီးနောက် သူ့နှုတ်ခမ်းထောင့်တွေက တုန်ရီစွာ နဲ့ ပြောခဲ့တယ် "ငါ့ကို ကျောင်းတော်သား သွားစမ်း လို့ ခေါ်တယ်။ ငါ့တာအိုနာမည်က သွားစမ်းတဲ့] "ခွီ" ရူဟန် မရယ်ဘဲ မနေနိုင်တော့ပါဘူး။ "ပြီးတော ့ဘာဆက်ဖြစ်လဲ" တောင်ဝါကြီးက ခြောက်ကပ်ကပ် ရယ်လိုက်တယ် "ဘာတွေဆက်ဖြစ်လဲ ဆိုတာကို ငါ မပြောချင်တော့ဘူး။ ဒါပေမဲ့ ငါ တော်တော်ကြီး တောင်းပန်ခဲ့ရတယ်" လို်င်ချီးက မှတ်ချက်ပေးလိုက်တယ် "ကံကောင်းတယ် ငါ့နာမည်က လိုင်ချီး မလို့ပဲ။ မဟုတ်ရင် စီနိယာ တောင်ဝါကြီး ငါ့ကို မှားရိုက်မိရင် ရိုက်မိမှာ" မြောက်ပိုင်းမြစ် က လည်း ပြောလိုက်တယ် "ကံကောင်းတယ်။ ငါ့နာမည် က မြောက်ပိုင်းမြစ် မလို့ပဲ။ စီနီယာတောင်ဝါကြီးူ ငါ့ကို ရိုက်ဖို ့အခွင့်အရေး မရခဲ့ဘူး" လှိုင်းသုံးခု သူ့ထုံးစံ အတိုငး်လိုက်ပြောလိုက်တယ် ""ကံကောင်းတယ်။ ငါ့နာမည် က လှိုင်းသုံးခု မလို့ပဲ။ စီနီယာတောင်ဝါကြီးူ ငါ့ကို ရိုက်ဖို ့အခွင့်အရေး မရခဲ့ဘူး" ရူဟန်က မပြောဘဲမနေနို်င်တော့တာကြောင့် ထပြောလိုက်တယ် "မဟုတ်ဘူး။ စီနီယာလှိုင်းသုံးခု .. မင်းက သူများနဲ့ မတူဘူး။ မင်းနာမည်ကို ကြားရင် ရိုက်ရင် ရိုက်မိကြမှာ" လှိုင်းသုံးခု "...." "တကယ်တော့ ဂရုထဲက တာအိုရောင်းရင်းတွေရဲ နာမည်က သာမာန်ပါပဲ .. အဲ" တောင်ဝါကြီးက တစ်စုံတစ်ခုကို သတိရသွားဟန် နဲ့ ပြောနေရင်း တန်းလန်းမှာ ရပ်သွားတယ်း လက်ရှိမှာ ဂရုထဲက တာအိုရောင်းရင်းတွေရဲ့ နာမည်က သာမာန်မဟုတ်တော့ပါဘူး။ ရူဟန်က တာအိုနာမည် ခုနှစ်ခု ရှိပြီး ငှက်မွှေးလေးက ၃၆၅+၁ ရှိတယ်လေ။ တောင်ဝါကြီးက မေးလိုက်တယ် "ဒီဟာသဆိုရင် လုံလောက်ပြီလား" "နေအုန်း " ရူဟန်က စီနီယာအဖြူနှစ်ကို စိတ်ထဲကနေ ဆက်သွယ်လိုက်တယ် "စီနီယာအဖြူ .. ရှိသေးလားး။ တောင်ဝါကြီးပြောတဲ့ ဟာသကို ကြားခဲ့လား" "ကြားတယ်" စီနီယာအဖြူနှစ် က ပြောလိုက်တယ် ရူဟန်က မေးလိုက်တယ် "စိတ်ဝင်စားလား။ စိတ်ကျေနပ်လား" စီနီယာအဖြူနှစ် က ပြောလိုက်တယ် "အမှတ်တစ်ရာမှာ ငါးဆယ့်လေး လောက်တော့ ရတယ်။ ဒါပေမဲ့ မင်းက ဒီတစ်ခါပဲ အမှတ်နဲ့နီးနီးစပ်စပ် ဖြစ်ဖူးတာပဲ။ ဒါကြောင့် နောက်ထပ် ခြောက်မှတ်ပေးလိုက်တယ်။ အမှတ် ခြောက်ဆယ်.. မင်းအောင်ပြီ" "ဒါဆို ငါတို့ကို ငရဲပြည်ဆီပို့ပေးဖို့ ကူညီနိုင်မလား" စီနီယာအဖြူနှစ် က မေးလိုက်တယ် "ဘာလို့ မင်းတို့အဲကို သွားချင်တာလဲ" ရူဟန်က မေးလိုက်တယ် "အမ်.. စီနီယာ .. ငါတို့ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိတယ်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား" စီနီယာအဖြူနှစ် က ပြန်ဖြေလိုက်တယ် "အင်း.. ငါ့ဆီမှာ မင်းကို ကူညီနိုင်မယ့်နည်းလမ်းရှိတယ်လေ။ ဒါပေမဲ့ အဲတာ ငရဲဲပြည်ကို ပို့ပေးတာ မဟုတ်ဘူး။ အဲနေရာက သံရည်ဘောလုံးကောင် ထိန်းချုပ်တဲ့နေရာပဲ။ ငါက အမဲရောင်ကြာပန်း ကမ္ဘာထဲမှာ စည်းခတ်ခံထားရတုန်းပဲလေ" "ဒါဆို ငါတို့ ဘယ်သွားရမှာလဲ" ရူဟန်က စိတ်ဝင်တစား နဲ့ မေးလိုက်တယ်။ စီနီယာအဖြူနှစ် က ပြောလိုက်တယ် "အဓိက ကမ္ဘာမှာ စကြာဝဋ္ဌာ တစ်ခုလုံးက ကျင့်ကြံသူတွေ အတွက် ကောင်းကင်ဘုံကပ်ဘေး နယ်မြေ ဆိုတာ ဆိုတာ ရှိတယ်။ ငရဲပြည်မှာလည်း ဒီလိုမျိုး သက်ဆိုင်ရာ နယ်မြေ ရှိတယ်လေ။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ မိစ္ဆာကပ်ဘေးနယ်မြေ ထဲမှာ မိစ္ဆာစွမ်းအင်တွေ ရောနှောပေါင်းစပ်နေတဲ့ အဆင့်ခုနှစ် ကြီးမြတ်သူ တစ်ယောက် ရှီနေတယ်။ မင်းတို့က သူနဲ့ ဝေးဝေးကို သွားပြီး လိုက်ဒုံးကျည်စွမး်အားကို စမ်းသပ်ကြပေါ့။ စမ်းသပ်ပြီး ရင် ငါမင်းတို့ကို ပြန်ဆွဲခေါ်ပေးမယ်။" "အလုပ်ဖြစ်တယ်လား" ရူဟန်က မျက်စိ်တွေ ပေကလပ် ပေကလပ် ဖြစ်သွားတယ်။ စီနီယာအဖြူနှစ်က ပြောလိုက်တယ် "ငါက ငရဲပြည်ရဲ ့အုပ်စိုးသူပါ။ ဟုတ်ပြီလား. ငါ့မှာ အနောက်တံခါးကို ဖွင့်ဖို့ စွမ်းရည် ရှိတယ်။" စိတ်ပူနေတဲ့ ရူဟန် က ပြောလိုက်တယ် "ငါတို့ မိစ္ဆာကပ်ဘေး နယ်မြေထဲကို သွားဖို့ ဖြစ်ပါ့မလား.။ မိစ္ဆာကပ်ဘေးထဲမှာ ဝင်ရှုပ်သလို ဖြစ်သွားမှာပေါ့" ရူဟန်က စိတ်ပူနေတယ်။ ဘာလို့လဲဆိုတော ့ကောင်းကင်ဘုံကပ်ဘေး နယ်မြေကိုသွားတဲ့ နောက်ဆုံးခရီးမှာ သူက သေမလိုဖြစ်ခဲ့တယ်လေ။ ဆန်းကြယ်ကုန်သည် ကြောင့်သာ မဟုတ်ရင် သူက အဲအချိန်တုန်းက ပြာဖြစ်ခဲ့မှာ သေချာတယ်။ "မပူနဲ့။ ဒါကို ငါကိုင်တွယ်နိုင်တယ်။ မင်းက အဲဒီအဆင့်ခုနှစ် ကြီးမြတ်သူ နဲ့ မပတ်သက်မိရင် ဘာပြဿနာမှ မဖြစ်လာဘူး" စီနီယာအဖြူနှစ်က ကတိပေးလိုက်တယ်။ စီနီယာအဖြူ နှစ် ရဲ့ အာမခံမှုကြောင့် ရူဟန်က အနည်းငယ်တော့ စိတ်သက်သာရာ ရသွားတယ်။ ရူဟန်က မေးလိုက်တယ် "နေအုန်း .. ငါတို့ မိစ္ဆာကပ်ဘေးနယ်မြေကို ရောက်ရင် ငါ့ရဲ့ အတွင်းကမ္ဘာကို ဖွင့်လို့ ရနိုင်မလား" သူ့အတွင်း ကမ္ဘာထဲမှာလိုက်ဒုံးကျည်တွေ အပြည့်ပါပဲ။ တကယ်လို့ အထဲရောက်မှ အတွင်းကမ္ဘာကို ဖွင့်မရရင် လိုက်ဒုံးကျည်ကို ထုတ်မရဘဲ ဖြစ်နေပါမယ်။ "မပုူနဲ့။. ငါက ကြားလူအဖြစ်ရှိနေမယ်။ ဘာပြဿနာမှမရှိဘူး" စီနီယာအဖြူနှစ်က ပြောလိုက်တယ်။ ရူဟန်က မေ.းလိုက်တယ် "ဒါဆိုရင် မိစ္ဆာကပ်ဘေးနယ်မြေ အကြောင်းကို စီနီယာတွေကို ပြောလို့ ရမလား" "မင်းသဘော" စီနီယာအဖြူနှစ်က ဂရုမစိုက်ဟန် နဲ့ ပြောလိုက်တယ်။ ❄️❄️❄️ မြေအောက်စမ်းသပ်ခန်းမှာတော ့မျက်စိမှိတ်ထားတဲ့ ရူဟန်ကို အားလုံးက ကြည့်နေကြတယ်။ ရူဟန်က စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ယောက် နဲ့ စကားပြောနေမှန်း သူတို့ သိကြတယ်။ အဲဒီကျင့်ကြံသူက တောင်ဝါကြီး ဇာတ်လမ်းကို သဘောကျနိုင်ပါ့မလား။ ဒီအချိန်မှာပဲ ရူဟန်က မျက်လုံးပွင့်လာတယ် "အောင်မြင်ပြီ" ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က မေးလိုက်တယ် "ဒါဆို ငါတို့ ဘာဆက်လုပ်ရမလဲ" "အားလုံး .. အတူတူ စုနေ။ ငရဲပြည်က ကျွမ်းကျင်သူကြီးက အနောက်တံခါးကို ဖွင့်ပြီး လိုက်ဒုံးကျည်စမ်းသပ် နိုင်မယ် ့နေရာဆီကို ပို့ပေးလိမ့်မယ်" ရူဟန်က ဆက်ပြောလိုက်တယ် "ဒါပေမဲ ့အဲနေရာက ငရဲပြည် မဟုတ်ဘူး။ ကောင်းကင်ဘုံကပ်ဘေး နယ်မြေ နဲ့ ဆင်တူတဲ ့နေရာပဲ။ အားလုံးပဲ သတိထားပါ။ အဆင့်ခုနှစ် မိစ္ဆာကြီးမြတ်သူ ကပ်ဘေးကျော်နေတာကို ငါတို့ရှောင်နေမှဖြစ်မယ်။ ရူဟန် ပြောပြီးပြီးချင်းမှာပဲ တောင်ဝါကြီးက ရုတ်တရက်ဖုန်းကိုထုတ်ပြီး ကြည့်လိုက်တယ်။ တောင်ဝါကြီးက ပြောလိုက်တယ် "အခု ရွှမ်နုဂိုဏ်း ရဲ့ မိုးဆွေငှက် က ကပ်ဘေးကျော်တော့မယ်လို့ပြောနေတယ်။ ဒါပေမဲ ့သူမက ကောင်းကင်ဘုံကပ်ဘေးကို ကျော်မှာ မဟုတ်ဘူး။ ငရဲပြည်က မိစ္တာကပ်ဘေး ဖြစ်မယ်။ သူမက မိစ္ဆာစွမ်းအင်တွေ တကိုယ်လုံးကို လွှမ်းခြုံခံနေရတာလေ" ... နောက်ထပ် တိုက်ဆိုင်မှုလား။ အပိုင္း (၁ဝ၇၈) သြားစမ္း။ ၿပီးေတာ့ စီနီယာအျဖဴႏွစ္က ငရဲျပည္ အုပ္စိုးသူေတြထဲက တစ္ေယာက္ပါ။ သူသာ ကူညီမယ္ဆိုရင္ အားလံုးက အဆင္ေျပ ေခ်ာေမြ႔သြားလိမ့္မယ္။ ဒါေပမဲ့ သူက ဟာသၾကားခ်င္ေနေသးတယ္။ ရူဟန္က လက္ရွိမွာ ဟာသေတြ အမ်ားႀကီးကို ဖတ္ထားတယ္။ ဒါေပမဲ့ ျပန္စဥ္းစားၾကည့္လိုက္ေတာ့ တစ္ခုကမွ မရယ္ရပါဘူး။ သူက သင့္ေတာ္တာကို စဥ္းစားလို႔ မရေသးဘူး။ လူေတြက ပိုပိုၿပီး ရယ္ေလ သာမာန္ဟာသေတြက ရယ္ေအာင္ ျပဳလုပ္ဖို႔ ခက္ခဲေစမွာ ျဖစ္တယ္။ တစ္ခ်ိဳ႔႕ဟာသေတြမွာ သူတို႔က ပထမဆံုးအႀကိမ္ ရယ္ေမာမိလိမ့္မယ္။ ဒါေပမဲ့ စဥ္းစားၾကည့္လိုက္ေတာ့ တကယ္တန္း ရယ္စရာကိုလည္း ရွာမေတြ႔ပါဘူး။ တစ္ခါတေလ မွာ ရယ္ေအာင္ ျပဳလုပ္ရတာက တကယ့္ကို ခက္ခဲတဲ့အရာတစ္ခုပါပဲ။ "စီနီယာအျဖဴ .. ခဏေစာင့္" ရူဟန္က စိတ္ထဲကေန ေျပာလိုက္တယ္ "ဒီေန႔ ငါမင္းရယ္ရေစမယ့္ ဟာသ တစ္ခုကို က်ိ္န္းေသေပါက္ ရွာျပမယ္" ဒီေန႔က သာမာန္ထက္ ထူးျခားပါတယ္။ ဒီမွာ ကိုးစီရင္စု က စီနီယာေတြ အမ်ားႀကီး ရွိေနတယ္။ လူမ်ားေလ ပိုေကာင္းေလပါပဲ။ လူေတြအမ်ားႀကီး ရွိမွာ စီနီယာအျဖဴႏွစ္ ရယ္ရေစမယ့္ ဟာသကို ရွာလို႔ ပိုလြယ္မယ္ မဟုတ္လား။ "ေကာင္းၿပီ။. ငါမင္းကို ျပင္ဆင္ဖို႔ အခ်ိန္ေပးလိုက္မယ္" စီနီယာအျဖဴႏွစ္က ဒီေန႔မွာ ေတာ္ေတာ္ႀကီး စိတ္ေကာင္းဝင္ေနတယ္။ ရူဟန္ကို အကန္႔အသတ္ မရွိ ျပင္ဆင္ခြင့္ေတာင္ ေပးထားပါေသးတယ္။ ❄️❄️❄️ ဒီအခ်ိန္ ေျမေအာက္စမ္းသပ္ခန္းမွာေတာ့ .. ကိုးစီရင္စုက စီနီယာေတြ စိတ္ဓာတ္က်ေနတုန္း ရူဟန္က ရုတ္တရက္ ေျပာလိုက္တယ္ "စီနီယာတို႔ .. ဘယ္သူ ဟာသ ေကာင္းေကာင္းသိလဲ။ ငါ့ကို တစ္ခုေလာက္ ေျပာျပပါလား" ႀကီးျမတ္တဲ့ စိတ္ဝိညာဥ္ လိပ္ျပာ "......" ခုႏွစ္ေယာက္ေျမာက္ ႀကီးျမတ္သူ သီလ "......" ေတာင္ဝါႀကီး "........" ရွီလွ်ဴက ေမးလိုက္တယ္ "ရူဟန္ . မင္းဘာလို႔ ဟာသတစ္ခု လိုတာလဲ" ရူဟန္က ေျပာလိုက္တယ္ "ငါ ငရဲျပည္က ကၽြမ္းက်င္သူ တစ္ေယာက္ဆီက စကားကို ရထားတယ္။ အမ္.. ဒါက beep.....။ ဘာပဲျဖစ္ျဖစ္ ႀကီးမားတဲ့ စြမ္းရည္ နဲ႔႕ တစ္စံုတစ္ေယာက္ ဆီက စကားပဲ။ သူက ငါတို႔ကို ကူညီဖို႔ နည္းလမ္းရွိတယ္တဲ့။ ဒါေပမဲ့ သူ႔ကို အရင္ ရယ္ရေအာင္ ဟာသေျပာဖို႔ လိုေသးတယ္။ စီနီယာတို႔ ... ဟာသတစ္ခုေလာက္ ျမန္ျမန္စဥ္းစားၾကပါ" "အဲ စီနီယာလား။ အဲစီနီယာ သာဆိုရင္ ငါတို႔ ကို ကူညီေပးႏိုင္တယ္" ထာဝရမီးက ရူဟန္ ေက်ာင္းေတာ္သားနယ္ေျမ ကို ေရႊၾကာပန္းကမၻာ ထိန္းခ်ဳပ္ႏိုင္ဖို႔ ကူညီေပးခ်ိန္မွာ အဲဒီ စီန္ီယာ က ရူဟန္ ကို တိတ္တဆိတ္ ကူညီေပးခဲ့မွန္း သူသိတယ္။ လိုင္ခ်ီး က ေမးလိုက္တယ္ "ဘယ္လိုဟာသမ်ိဳးကို မင္းလိုခ်င္လဲ" ရူဟန္ က ေျပာလိုက္တယ္ "စိတ္ဝင္စားစရာေကာင္းရင္ ၿပီးတာပဲ။ ငါသူ႔ကို ရယ္ရေအာင္ ျပဳလုပ္ႏိုင္ရင္ ရၿပီ" ရွီလွ်ဴက ေျပာလိုက္တယ္ "ငါ လိုင္းေပၚမွာ ရွာၾကည့္လိုက္မယ္" လွိဳင္းသံုးခု က ေျပာလိုက္တယ္ "စိတ္ဝင္စားစရာေတာ္ေတ္ာမ်ားမ်ား ကို ငါမွတ္မိတယ္။ ဒါေပမဲ့ အားလံုးက ဆယ့္ရွစ္ႏွစ္ အထက္ေတြႀကီးပဲ" "စီနီယာလွိဳင္းသံုးခု . ေက်းဇူးျပဳၿပီးဒါကိုေတာ့ ေရွာင္မွ ျဖစ္မယ္။" ရူဟန္က လက္ကို အထပ္ထပ္ ခါယမ္းလိုက္တယ္ ။စီနီယာအျဖဴ ႏွစ္ကို ညစ္ညမ္းဟာသေတြ သူ မေျပာရဲပါဘူး။ နတ္ဘုရား သတ္ျဖတ္ျခင္း အေျမွာက္ လက္နက္ကို လက္ေဆာင္ရေနပါအုန္းမယ္။ ေတာင္ဝါႀကီးက ေျပာလိုက္တယ္ "အင္း .. ဟိုးအရင္တုန္းက ငါႀကံဳခဲ့တဲ့ အေတြ႔အႀကံဳ တစ္ခုေတာ့ ရွိတယ္။ အဲတုန္းက ငါအဆင့္ေလး က်င့္ႀကံသူ တစ္ေယာက္ေပါ့။ ဂရုထဲက တာအိုေရာင္းရင္းေတြကိုေတာ့ ေျပာဖူးတယ္။ သူငယ္ခ်င္းေလး ရူဟန္ ၾကားဖူးမွာေတာ ့မဟုတ္ဘူး" ၿပီးေနာက္ ေတာင္ဝါႀကီးက သူ႔ဇာတ္လမ္းကို ဆက္ေျပာလိုက္တယ္။ [ဟိုးတုန္းကေပါ့ .. ငယ္ရြယ္ေသးတဲ ့ငါက တျခားတာအိုေရာင္းရင္းေတြလိုပဲ ဂိုဏ္းကေန ထြက္ခြာၿပီး ကမၻာေလာကႀကီးထဲ ဝင္လာတယ္။ တစ္ေန႔မွာေတာ ့တိုင္ေတာင္တန္းႀကီးေပၚမွာ အဆင့္ေျခာက္ အစစ္အမွန္ နတ္ဘုရား စီနီယာတစ္ေယာက္က မိန္႔ခြန္းေျပာမွာ .. ဒါေၾကာင့္ ငါ က မိန္႔ခြန္းကို နားေထာင္ရဖို႔ မိုင္ေထာင္ေပါင္းမ်ားစြာ ခရီးႏွင္ခဲ့တယ္။ အဲခ်ိန္တုန္းက စီနီယာရဲ့ မိန္႔ခြန္းကို နားေထာင္ခ်င္တဲ့ စီနီယာေတြ အမ်ားႀကီး ရွိတယ္။ ဒါေၾကာင့္ ေနရာတစ္ခုလံုးမွာ မ်ားျပားလွတဲ ့က်င့္ႀကံသူေတြ က စုေဝးေနၾကတာေပါ့။ အခုမွ ဂိုဏ္းက ထြက္လာတဲ ့ငါ့အတြက္ေတာ ့ဒီလိုျမင္ကြင္းမ်ိဳးက အ့့ံအားသင့္စရာ အရမ္းေကာင္းတဲ့ ျမင္ကြင္းမ်ိုဳး ျဖစ္ခဲ့တယ္။ ငါ က ေထာင့္တစ္ေနရာကို သြားၿပီး အဆင့္ေျခာက္ အစစ္အမွန္ နတ္ဘုရား မိန္႔ခြန္းစေျပာမွာကို ေစာင့္ေနလိုက္တယ္။ ေနရာေကာင္းတစ္ခု ရၿပီးသြားတဲ့ေနာက္မွာ ငါက ေဘးတစ္ဖက္ဆီကို ေခါင္းလွည့္ၾကည့္လိုက္တယ္။ ငါ့ေဘးနားမွာ တိုင္တစ္ခုကို မွီေနတဲ့ ပိန္ပိန္ပါးပါး တာအိုက်င့္ႀကံသူ တစ္ေယာက္ကို ျမင္လိုက္တယ္။ သူကလည္း အဆင့္ေလး တစ္ေယာက္ျဖစ္ၿပီး ေကာင္းမြန္တဲ ့စိတ္ေနစိတ္ထား ရွိပံုရတယ္။ ငါ သူ႔ကို ျမင္ေတာ့ မႏွဳတ္ဆက္ဘဲ မေနႏိုင္ဘူး။ ဒါေၾကာင့္ ေျပာလိုက္တယ္ "ငါ က ေတာင္ဝါႀကီးပါ။ အခုမွ အဆင့္ေလး ေရာက္တာ .. တာအိုေရာင္းရင္း ရဲ ့နာမည္ကို သိလို႔ ရမလား" အဲတာအိုေရာင္းရင္း က တန္႔သြားတယ္ ။ ၿပီးေတာ့ ေျပာတယ္ "သြားစမ္း" အဲအခ်ိ္န္မွာ ငါ တကယ္ပဲ ရွက္ရြံသြားတယ္။ ကမၻာႀကီးကို အသစ္ဝင္ေရာက္လာတဲ့ ငါ့ကို ပထမဆံုးအႀကိမ္ က်င့္ႀကံျခင္း ေလာကရဲ့ ေအးစက္မွဳေတြက ဆီးႀကိဳခဲ့တယ္ေလ။ ဒါေၾကာင့္ တိုင္ ေတာင္တန္းေပၚက မိန္႔ခြန္းၿပီးတဲ့ အထိ ငါ စကားတစ္ခုမွ မေျပာႏိုင္ခဲ့ဘူး။ ၿပီးေတာ့ ငါ ခက္ခက္ခဲခဲ ႀကိဳးစားၿပီး အဆင့္ငါးကို ေရာက္ရွိလာခဲ့တယ္။ တစ္ေန႔မွာေတာ့ ငါ က်င့္ႀကံသူေတြရဲ့ ေစ်းကို သြားၿပီး ပစၥည္းဝယ္ခဲ့တယ္။ အဲအခ်ိန္မွာပဲ စိတ္ေနစိတ္ထား ေကာင္းမြန္ပံု ေပၚတဲ့ တာအိုေရာင္းရင္း နဲ႔ ထပ္ေတြ႔ခဲ့တယ္။ အဲအခ်ိန္မွာ သူက အဆင့္ေလး ထိပ္ဆံုးကို ေရာက္ေနၿပီး အဆင့္ငါးေရာက္ဖို ႔ေျခတစ္လွမ္းပဲ လိုေတာ့တယ္။ သူ႔ရဲ့ ျပည့္စံုလံုေလာက္မွဳက ငါ့ေလာက္ မေကာင္းဘူးေလ ဘာေၾကာင့္မွန္းမသိဘူး။ ငါသူ႔ကို ျမင္ေတာ့ တိုင္ေတာင္တန္းေပၚမွာ သူေျပာခဲ့တဲ့ ေအးစက္စက္ စကားကို ငါျပန္သတိရလိုက္တယ္။ ငါ့ ႏွလံုးသား က တကယ့္ကို နာက်င္သြားတယ္။ ငါ့စိတ္ေတြ ထိန္းလိုု႔ မရႏိုင္ခဲ့ဘူး။ ငါသူ႔ေနာက္ကို တိတ္တဆိတ္ လိုက္သြားခဲ့တယ္။ ၿပီးေတာ့ ေစ်းကအထြက္ ဘယ္သူမွ မရွိခ်ိန္မွာ ငါသူ႔ကို ရိုက္ႏွက္မယ္လို႔ စဥ္းစားထားတယ္။] ေတာင္ဝါႀကီးက မ်က္ႏွာမွာ ရွက္ရြံဟန္ အျပည့္နဲ႔ စကားရပ္လိုက္တယ္။ ရူဟန္က ဇေဝဇ၀ါ နဲ႔ ျပန္ၾကည့္လိုက္တယ္ ။ ရယ္စရာ ကိစၥလည္း တစ္ခုမွ မပါေသးပါဘူး။ [ရိုက္ၿပီးသြားေတာ့ ငါ့ကို မွတ္မိလားလို႔ ေမးခဲ့တယ္။ သူ က ေျပာတယ္ - ငါမွတ္မိတာေပါ့။ မင္းက တာအိုေရာင္းရင္း ေတာင္ဝါႀကီးေလ.။ ငါ့ တာအိုနာမည္ကို သူ မွတ္မိေနလိမ့္မယ္လို႔ ငါ တကယ္မထင္ခဲ့ဘူး။ ငါ နည္းနည္း တုန္လွဳပ္သြားတာေပါ့။ ၿပီးေနာက္ သူ႔ႏွဳတ္ခမ္းေထာင့္ေတြက တုန္ရီစြာ နဲ႔ ေျပာခဲ့တယ္ "ငါ့ကို ေက်ာင္းေတာ္သား သြားစမ္း လို႔ ေခၚတယ္။ ငါ့တာအိုနာမည္က သြားစမ္းတဲ့] "ခြီ" ရူဟန္ မရယ္ဘဲ မေနႏိုင္ေတာ့ပါဘူး။ "ၿပီးေတာ ့ဘာဆက္ျဖစ္လဲ" ေတာင္ဝါႀကီးက ေျခာက္ကပ္ကပ္ ရယ္လိုက္တယ္ "ဘာေတြဆက္ျဖစ္လဲ ဆိုတာကို ငါ မေျပာခ်င္ေတာ့ဘူး။ ဒါေပမဲ့ ငါ ေတာ္ေတာ္ႀကီး ေတာင္းပန္ခဲ့ရတယ္" လို္င္ခ်ီးက မွတ္ခ်က္ေပးလိုက္တယ္ "ကံေကာင္းတယ္ ငါ့နာမည္က လိုင္ခ်ီး မလို႔ပဲ။ မဟုတ္ရင္ စီနိယာ ေတာင္ဝါႀကီး ငါ့ကို မွားရိုက္မိရင္ ရိုက္မိမွာ" ေျမာက္ပိုင္းျမစ္ က လည္း ေျပာလိုက္တယ္ "ကံေကာင္းတယ္။ ငါ့နာမည္ က ေျမာက္ပိုင္းျမစ္ မလို႔ပဲ။ စီနီယာေတာင္ဝါႀကီးူ ငါ့ကို ရုိက္ဖို ႔အခြင့္အေရး မရခဲ့ဘူး" လွိဳင္းသံုးခု သူ႔ထံုးစံ အတုိငး္လိုက္ေျပာလိုက္တယ္ ""ကံေကာင္းတယ္။ ငါ့နာမည္ က လွိဳင္းသံုးခု မလို႔ပဲ။ စီနီယာေတာင္ဝါႀကီးူ ငါ့ကို ရုိက္ဖို ႔အခြင့္အေရး မရခဲ့ဘူး" ရူဟန္က မေျပာဘဲမေနႏို္င္ေတာ့တာေၾကာင့္ ထေျပာလိုက္တယ္ "မဟုတ္ဘူး။ စီနီယာလွိဳင္းသံုးခု .. မင္းက သူမ်ားနဲ႔ မတူဘူး။ မင္းနာမည္ကို ၾကားရင္ ရိုက္ရင္ ရိုက္မိၾကမွာ" လွိဳင္းသံုးခု "...." "တကယ္ေတာ့ ဂရုထဲက တာအိုေရာင္းရင္းေတြရဲ နာမည္က သာမာန္ပါပဲ .. အဲ" ေတာင္ဝါႀကီးက တစ္စံုတစ္ခုကို သတိရသြားဟန္ နဲ႔ ေျပာေနရင္း တန္းလန္းမွာ ရပ္သြားတယ္း လက္ရွိမွာ ဂရုထဲက တာအိုေရာင္းရင္းေတြရဲ့ နာမည္က သာမာန္မဟုတ္ေတာ့ပါဘူး။ ရူဟန္က တာအိုနာမည္ ခုႏွစ္ခု ရွိၿပီး ငွက္ေမႊးေလးက ၃၆၅+၁ ရွိတယ္ေလ။ ေတာင္ဝါႀကီးက ေမးလိုက္တယ္ "ဒီဟာသဆိုရင္ လံုေလာက္ၿပီလား" "ေနအုန္း " ရူဟန္က စီနီယာအျဖဴႏွစ္ကို စိတ္ထဲကေန ဆက္သြယ္လိုက္တယ္ "စီနီယာအျဖဴ .. ရွိေသးလားး။ ေတာင္ဝါႀကီးေျပာတဲ့ ဟာသကို ၾကားခဲ့လား" "ၾကားတယ္" စီနီယာအျဖဴႏွစ္ က ေျပာလိုက္တယ္ ရူဟန္က ေမးလိုက္တယ္ "စိတ္ဝင္စားလား။ စိတ္ေက်နပ္လား" စီနီယာအျဖဴႏွစ္ က ေျပာလိုက္တယ္ "အမွတ္တစ္ရာမွာ ငါးဆယ့္ေလး ေလာက္ေတာ့ ရတယ္။ ဒါေပမဲ့ မင္းက ဒီတစ္ခါပဲ အမွတ္နဲ႔နီးနီးစပ္စပ္ ျဖစ္ဖူးတာပဲ။ ဒါေၾကာင့္ ေနာက္ထပ္ ေျခာက္မွတ္ေပးလိုက္တယ္။ အမွတ္ ေျခာက္ဆယ္.. မင္းေအာင္ၿပီ" "ဒါဆို ငါတို႔ကို ငရဲျပည္ဆီပို႔ေပးဖို႔ ကူညီႏိုင္မလား" စီနီယာအျဖဴႏွစ္ က ေမးလိုက္တယ္ "ဘာလို႔ မင္းတို႔အဲကို သြားခ်င္တာလဲ" ရူဟန္က ေမးလိုက္တယ္ "အမ္.. စီနီယာ .. ငါတို႔ ျပႆနာကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္း ရွိတယ္လို႔ မင္းေျပာခဲ့တာမဟုတ္ဘူးလား" စီနီယာအျဖဴႏွစ္ က ျပန္ေျဖလိုက္တယ္ "အင္း.. ငါ့ဆီမွာ မင္းကို ကူညီႏိုင္မယ့္နည္းလမ္းရွိတယ္ေလ။ ဒါေပမဲ့ အဲတာ ငရဲဲျပည္ကို ပို႔ေပးတာ မဟုတ္ဘူး။ အဲေနရာက သံရည္ေဘာလံုးေကာင္ ထိန္းခ်ဳပ္တဲ့ေနရာပဲ။ ငါက အမဲေရာင္ၾကာပန္း ကမၻာထဲမွာ စည္းခတ္ခံထားရတုန္းပဲေလ" "ဒါဆို ငါတို႔ ဘယ္သြားရမွာလဲ" ရူဟန္က စိတ္ဝင္တစား နဲ႔ ေမးလိုက္တယ္။ စီနီယာအျဖဴႏွစ္ က ေျပာလိုက္တယ္ "အဓိက ကမၻာမွာ စၾကာဝ႒ာ တစ္ခုလံုးက က်င့္ႀကံသူေတြ အတြက္ ေကာင္းကင္ဘံုကပ္ေဘး နယ္ေျမ ဆိုတာ ဆိုတာ ရွိတယ္။ ငရဲျပည္မွာလည္း ဒီလိုမ်ိဳး သက္ဆိုင္ရာ နယ္ေျမ ရွိတယ္ေလ။ ၿပီးေတာ့ တိုက္တိုက္ဆိုင္ဆိုင္ ဆိုသလိုပဲ မိစၦာကပ္ေဘးနယ္ေျမ ထဲမွာ မိစၦာစြမ္းအင္ေတြ ေရာေႏွာေပါင္းစပ္ေနတဲ့ အဆင့္ခုႏွစ္ ႀကီးျမတ္သူ တစ္ေယာက္ ရွီေနတယ္။ မင္းတို႔က သူနဲ႔ ေဝးေဝးကို သြားၿပီး လိုက္ဒံုးက်ည္စြမး္အားကို စမ္းသပ္ၾကေပါ့။ စမ္းသပ္ၿပီး ရင္ ငါမင္းတို႔ကို ျပန္ဆြဲေခၚေပးမယ္။" "အလုပ္ျဖစ္တယ္လား" ရူဟန္က မ်က္စိ္ေတြ ေပကလပ္ ေပကလပ္ ျဖစ္သြားတယ္။ စီနီယာအျဖဴႏွစ္က ေျပာလိုက္တယ္ "ငါက ငရဲျပည္ရဲ ့အုပ္စိုးသူပါ။ ဟုတ္ၿပီလား. ငါ့မွာ အေနာက္တံခါးကို ဖြင့္ဖို႔ စြမ္းရည္ ရွိတယ္။" စိတ္ပူေနတဲ့ ရူဟန္ က ေျပာလိုက္တယ္ "ငါတို႔ မိစၦာကပ္ေဘး နယ္ေျမထဲကို သြားဖို႔ ျဖစ္ပါ့မလား.။ မိစၦာကပ္ေဘးထဲမွာ ဝင္ရႈပ္သလို ျဖစ္သြားမွာေပါ့" ရူဟန္က စိတ္ပူေနတယ္။ ဘာလို႔လဲဆိုေတာ ့ေကာင္းကင္ဘံုကပ္ေဘး နယ္ေျမကိုသြားတဲ့ ေနာက္ဆံုးခရီးမွာ သူက ေသမလိုျဖစ္ခဲ့တယ္ေလ။ ဆန္းၾကယ္ကုန္သည္ ေၾကာင့္သာ မဟုတ္ရင္ သူက အဲအခ်ိန္တုန္းက ျပာျဖစ္ခဲ့မွာ ေသခ်ာတယ္။ "မပူနဲ႔။ ဒါကို ငါကိုင္တြယ္ႏိုင္တယ္။ မင္းက အဲဒီအဆင့္ခုႏွစ္ ႀကီးျမတ္သူ နဲ႔ မပတ္သက္မိရင္ ဘာျပႆနာမွ မျဖစ္လာဘူး" စီနီယာအျဖဴႏွစ္က ကတိေပးလိုက္တယ္။ စီနီယာအျဖဴ ႏွစ္ ရဲ့ အာမခံမွဳေၾကာင့္ ရူဟန္က အနည္းငယ္ေတာ့ စိတ္သက္သာရာ ရသြားတယ္။ ရူဟန္က ေမးလိုက္တယ္ "ေနအုန္း .. ငါတို႔ မိစၦာကပ္ေဘးနယ္ေျမကို ေရာက္ရင္ ငါ့ရဲ့ အတြင္းကမၻာကို ဖြင့္လို႔ ရႏိုင္မလား" သူ႔အတြင္း ကမၻာထဲမွာလိုက္ဒံုးက်ည္ေတြ အျပည့္ပါပဲ။ တကယ္လို႔ အထဲေရာက္မွ အတြင္းကမၻာကို ဖြင့္မရရင္ လိုက္ဒံုးက်ည္ကို ထုတ္မရဘဲ ျဖစ္ေနပါမယ္။ "မပုူနဲ႔။. ငါက ၾကားလူအျဖစ္ရွိေနမယ္။ ဘာျပႆနာမွမရွိဘူး" စီနီယာအျဖဴႏွစ္က ေျပာလိုက္တယ္။ ရူဟန္က ေမ.းလိုက္တယ္ "ဒါဆိုရင္ မိစၦာကပ္ေဘးနယ္ေျမ အေၾကာင္းကို စီနီယာေတြကို ေျပာလို႔ ရမလား" "မင္းသေဘာ" စီနီယာအျဖဴႏွစ္က ဂရုမစိုက္ဟန္ နဲ႔ ေျပာလိုက္တယ္။ ❄️❄️❄️ ေျမေအာက္စမ္းသပ္ခန္းမွာေတာ ့မ်က္စိမွိတ္ထားတဲ့ ရူဟန္ကို အားလံုးက ၾကည့္ေနၾကတယ္။ ရူဟန္က စြမ္းအားျမင့္ က်င့္ႀကံသူ တစ္ေယာက္ေယာက္ နဲ႔ စကားေျပာေနမွန္း သူတို႔ သိၾကတယ္။ အဲဒီက်င့္ႀကံသူက ေတာင္ဝါႀကီး ဇာတ္လမ္းကို သေဘာက်ႏိုင္ပါ့မလား။ ဒီအခ်ိန္မွာပဲ ရူဟန္က မ်က္လံုးပြင့္လာတယ္ "ေအာင္ျမင္ၿပီ" ခုႏွစ္ေယာက္ေျမာက္ ႀကီးျမတ္သူ သီလ က ေမးလိုက္တယ္ "ဒါဆို ငါတို႔ ဘာဆက္လုပ္ရမလဲ" "အားလံုး .. အတူတူ စုေန။ ငရဲျပည္က ကၽြမ္းက်င္သူႀကီးက အေနာက္တံခါးကို ဖြင့္ၿပီး လိုက္ဒံုးက်ည္စမ္းသပ္ ႏိုင္မယ္ ့ေနရာဆီကို ပို႔ေပးလိမ့္မယ္" ရူဟန္က ဆက္ေျပာလိုက္တယ္ "ဒါေပမဲ ့အဲေနရာက ငရဲျပည္ မဟုတ္ဘူး။ ေကာင္းကင္ဘံုကပ္ေဘး နယ္ေျမ နဲ႔ ဆင္တူတဲ ့ေနရာပဲ။ အားလံဳးပဲ သတိထားပါ။ အဆင့္ခုႏွစ္ မိစၦာႀကီးျမတ္သူ ကပ္ေဘးေက်ာ္ေနတာကို ငါတို႔ေရွာင္ေနမွျဖစ္မယ္။ ရူဟန္ ေျပာၿပီးၿပီးခ်င္းမွာပဲ ေတာင္ဝါႀကီးက ရုတ္တရက္ဖုန္းကိုထုတ္ၿပီး ၾကည့္လိုက္တယ္။ ေတာင္ဝါႀကီးက ေျပာလိုက္တယ္ "အခု ရႊမ္ႏုဂိုဏ္း ရဲ့ မိုးေဆြငွက္ က ကပ္ေဘးေက်ာ္ေတာ့မယ္လို႔ေျပာေနတယ္။ ဒါေပမဲ ့သူမက ေကာင္းကင္ဘံုကပ္ေဘးကို ေက်ာ္မွာ မဟုတ္ဘူး။ ငရဲျပည္က မိစၱာကပ္ေဘး ျဖစ္မယ္။ သူမက မိစၦာစြမ္းအင္ေတြ တကိုယ္လံုးကို လႊမ္းၿခံဳခံေနရတာေလ" ... ေနာက္ထပ္ တိုက္ဆိုင္မွဳလား။


ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Tempat cerita menjadi hidup. Temukan sekarang