အပိုင်း (၁၀၁၂)

111 25 0
                                    


#Unicode


ရည်စားတစ်ယောက်မြန်မြန်ရှာ။ ငါ့ရဲ့ ချူချူ ကို ယောင်လို့တောင်မှ မပြစ်မှားနဲ့။

ညနက်လာပြီ။

ရူဟန်က ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် နဲ့ သမာဓိခန္ဓာကိုယ်ကြံခိုင်ခြင်းကဗျာကို လေ့ကျင့်လိုက်တာကြောင့် သူ့ရဲ့ ခန္ဓာကိုယ် ကြံခိုင်မှု က အနည်းငယ် တိုးတက်လာခဲ့တယ်။ ပြီးနောက် သူက တရားအနည်းငယ်ကြာအောင် ထိုင်လိုက်ပြီး တစ်နေ့တာ လေ့ကျင့်မှုကို အဆုံးသတ်လိုက်တယ်။

သူက ကောင်းကင်ဘုံကပ်ဘေးကို မကြာခင်မှာ ကျော်ဖြတ်တော့မှာ ဖြစ်တာကြောင့် ကပ်ဘေးအမှတ် မထင် ဆင်းလာတာမျိုး မဖြစ်အောင် နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် ကို ထိန်းပြီး လေ့ကျင့်ရပါတယ်။

လေ့ကျင့်မှုတွေ အဆုံးသတ်ပြီးတဲ့နောက် ရူဟန် က မျက်လုံးမှိတ်ပြီး အိပ်ရာပေါ်မှာ လှဲလိုက်တယ်။သူက စိတ်ကို အနားပေးနေတာ ဖြစ်တယ်။ သူ့ရဲ့ လက်ရှိအားအင် အရ ဆိုရင် စွမ်းအင်ကြီးကြီးမားမား ကုန်ခမ်းတာမျိုး မဟုတ်ရင် သူ့အတွက် အိပ်ဖို့ မလိုအပ်ပါဘူး

တက္ကသိုလ်ပထမနေ့က ပြီးဆုံးသွားခဲ့ပါပြီ။

ဒီနေ့လည် မိစ္ဆာနတ်ဘုရားနိဗ္ဗာန်ရဲ့ တပည့် တုလန်ကို အာမခံခေါ်ထုတ်ပြီးတဲ့နောက် အင်မော်တယ်ဘိုင်ဇူးက အထူးပါဝင်ပစ္စည်းတွေ ရဖို့ ဂျင်နန်ဧရိယာမှာ လည်လှည့်သွားလာတုန်း ရူဟန်ကို ခေါ်သွားခဲ့တယ်။

ပါဝင်ပစ္စည်းတွေ စုဆောင်းပြီးတဲ့နောက် သူမ က ရူဟန် နဲ့ ရှစ် တို့ကို ဂျင်နန် ဆီ ပြန်ခေါ်လာတယ်။ ပြီးနောက် သာမာန်လူတွေ ပါ စားသောက်နိုင်တဲ့ စိတ်ဝိညာဉ် စားပွဲ တစ်ပွဲ ကို ပြင်ဆင်ပြီး ရူဟန်ကို ပေးလိုက်တယ်။

မိချေုာင်းခြေထောက်ကတော့ မနက်ဖြန်လောက်မှ အဆင်သင့်ဖြစ်ပါလိမ့်မယ်။

❄️❄️❄️

မိစ္ဆာနတ်ဘုရားနိဗ္ဗာန် က လည်း မနက်ဖြန်မှာ လာမှာ ဖြစ်တယ်။ ကပ်ဘေးကျော် အစီအရင် လက်ထဲကို မြန်မြန်ရောက်လေ ကောင်းလေပါပဲ။ ရူဟန် က ကောင်းကင်ပေါ်မှာ ရှိတဲ ့လမင်းကြီးကို မော့ကြည့်ပြီး အတွေးနယ်ချဲ့နေမိတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora