အပိုင်း (၁၀၈၂)

262 29 0
                                    


#Unicode


ချိတ်ဆက်ထားတဲ့ ကောင်းကင်ဘုံမြို့ရဲ့ အစိတ်အပိုင်းများ။

သံရည်ဘောလုံး က အဓိက ကမ္ဘာကို ပြန်ဖို့ စီစဉ်နေတာပါ။

နောက်ဆုံးအကြိမ်မှာ သူက အဓိက ကမ္ဘာမှာပေါ်လာပြီး သူ့ရဲ့ တခြားတစ်ဖက် ကို ဆက်သွယ်ဖို ့အခွင့်အရေးကို ရှာဖွေ ခဲ့တယ်။ ဒါပေမဲ ့သူ့ရဲ့ တခြားတစ်ဖက် က ဆိုးရွားတဲ့ အခြေအနေ မှာ ရှိနေပြီး သူ့ကို ပြန်မပြောခဲ့ပါဘူး။ သူချန်ထားခဲ့တဲ့ ဝှက်ဖဲပါ ဖျက်ဆီးခံလိုက်ရုံ မကဘဲ သန္ဓေပြောင်း ကပ်ဘေး သံအမဲ အစီအရင်ပါ ယူဆောင်သွားခြငး် ခံလိုက်ရတယ်။

ဒီတစ်ကြိမ်မှာတော့ သင့်တော်တဲ ့စွမ်းအင် လွှမ်းမိုးခံ သူကို သူက လွယ်လွယ် နဲ့ ရှာဖွေ တွေ့ရှိခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ ့ အဓိက ရည်ရွယ်ချက်က ထိုသူရဲ့ ကိုယ်ခန္ဓာကို အပိုင်စီးပြီး သူ့ရဲ့ အကြံအစည်ကြီးကို ဆက်လက ်လုပ်ဆောင်သွားဖို့ ပဲ ဖြစ်တယ်။

သူ့ရဲ့ အကြံအစည်က သူတည်ရှိခြင်း အတွက် အသက်တမျှ အရေးကြီးတာမို့ ကျရှုံးလို့ မဖြစ်ပါဘူး။

❄️❄️❄️

"ခြေရာလိုက်စမ်း" သံရည်ဘောလုံးက အော်လိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ ကျိန်းသေပေါက် အောင်မြင်ခဲ့တယ်။

"ဝှစ်" မိစ္ဆာကပ်ဘေး နယ်မြေ က အချိန်တွေ အနောက်ကို ပြန်လည် ရွေ့လျားသွားတယ်။

စီနီယာအဖြူနှစ်က မထွက်ခွာခင် ဖျက်ဆီးခဲ့တဲ ့အချက်အလက်တွေ တောင်မှ သံရည်ဘောလုံး က ခြေရာပြန်ခံလို့ ရခဲ့တယ်။.

ကွန်ပြုတာ ရဲ့ recycling bin ထဲကနေ ဖျက်လိုက်တဲ့ ဖိုင်တွေတောင်မှ စနစ်ဆီမှာ အလုံးစုံ ပျက်သွားတာမျိုးမဟုတ်ဘူးလေ။ ပြန်လည် ရယူလို့ ရနို်င်သေးတယ် မဟုတ်လား။

"ဆွဲယူစမ်း" သံရည်ဘောလုံးက အော်လိုက်တယ်။ သူ့ရဲ့ ကိုယ်ပိုင်အာဏာ ကို အသုံးပြုလိုက်တာ ဖြစ်တာကြောင့် လေထဲမှာ မြင်ကွင်းတစ်ခု က ဖြစ်တည်လာတယ်။

ဒါက နျုကလီးယားပေါက်ကွဲတဲ ့မြင်ကွင်းပဲ ဖြစ်ပါတယ်။ ပေါက်ကွဲမှု အလင်းတွေက အရမ်းကို တောက်ပနေတယ်။ ပေါက်ကွဲမှုတွေ ကြားမှာ ကောင်းကင်ဘုံကပ်ဘေး အော်ရာတွေ ခပ်ပါးပါး ပါဝင်နေတယ်လို့ သံရည်ဘောလုံးကြီးက ခံစားမိတယ်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : May 02, 2022 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Où les histoires vivent. Découvrez maintenant