အပိုင်း (၉၀၁)

128 28 7
                                    


#Unicode


ကျွီ .. ကျွီ .. ကျွီ။

ရူဟန် စကားကို ကြားတော့ မိစ္ဆာကြွက်ဖြူ က ပျော်ရွှင်စွာ ပြောလို်က်တယ် "တကယ်လား"

"?" ရူဟန်က စိတ်ရှုပ်သွားတယ်။

သူက မိစ္ဆာကြွက်ဖြူရဲ့ စိန်ခေါ်မှုကို ရှင်းရှင်းလင်းလင်း ငြင်းပယ်ခဲ့တာပါ။ ဒါကို ဘာကြောင့် မိစ္ဆာကြွက်ဖြူ က ရုတ်တရက် ပျော်သွားရတာလဲ။ သူတို့နှစ်ယောက်ကြားမှာ နားလည်မှု လွဲနေတာလား။

"ဒီလိုဆိုရင် တကယ်ပဲ ကောင်းတယ်." မိစ္ဆာကြွက်ဖြူ က ပျော်ရွှင်စွာ ပြောလိုက်တယ်။ ပြီးနောက် လက်ကို ဆန့်တန်းလိုက်တော့ သူနဲ့ ရူဟန် တို့ နှစ်ယောက်လုံးကို အမိုးခုံးပုံ အစီအရင် တစ်ခု က ဖုံးလွှမ်းသွားတယ်။

ဒါက နောက်ဆုံးအကြိမ်တုန်းက ရူဟန်ကို ဆွဲခေါ်ခဲ့တဲ့ တိုက်ပွဲ အစီအရင် ဒိုင်မေးရှင်း ပုံစံ နဲ့ အတူတူပါပဲ။ လွတ်လပ်တဲ့တည်နေရာ တစ်ခုအဖြစ် တကြိမ်အသုံးပြုလို့ ရနိုင်တာမျိုးပါ။

"ချီးတဲ့မှ" ရူဟန် က ကျိန်ဆဲလိုက်တယ်။ ဒီမိစ္ဆာကြွက်ဖြူ က လူစကားကိုရော နားလည်ရဲ့လား။. သူက စိန်ခေါ်ပွဲကို ငြင်းလိုက်တာလေ။

"အခု ငါတို့ တိုက်ကြစို့" မိစ္ဆာကြွက်ဖြူ က ပြောလိုက်တယ်။

"မင်းနဲ့ ဘယ်သူက တိုက်ချင်တယ်လို့ ပြောလို့လဲ။ ငါငြင်းတယ်။ ငါက မင်းစိန်ခေါ်တာကို ငြင်းတယ်။" ရူဟန်က ဒေါသတကြီး ပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက ခေါင်းလှည့်ပြီး စီနီယာအဖြူ ့ လက်ကို ကြည့်ပြီး အော်လိုက်တယ် "စီနီယာအဖြူ .. ငါ့ကို ကယ်ပါ"

အရင်တုန်းက တိုက်ပွဲတည်နေရာ ဒိုင်မေးရှင်းထဲကို သူရောက်ရှိနေချိန်မှာ ကြီးမြတ်တဲ့အဖြူ က ကြယ်ပျံဓားကို လွှတ်ပြီး သူ့ကို ကယ်ထုတ်ခဲ့ပါတယ်။

"အသုံးမဝင်ဘူး။ ဘယ်သူမှ မကြားနိုင်ဘူး။ ဒီတစ်ကြိမ်မှာ ငါ့ဆရာက တိုက်ပွဲတည်နေရာ ဒိုင်မေးရှင်းကို အဆင်မြင့်တင်ပေးခဲ့တာ။ မင်းကလွဲရင် ဒီတည်နေရာရှိမှန်း ဘယ်သူမှ အာရုံမခံနိုင်ဘူး။ တကယ်တော့ ငါဒီကို လာကတည်းက မင်းသူငယ်ချင်းတွေက ငါတို့ကို မမြင်နိုင်တော့ဘူး" မိစ္ဆာကြွက်ဖြူ က ပြောင်စပ်စပ် နဲ့ ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now