အပိုင်း (၁၀၂၉)

120 27 0
                                    


#Unicode


နှစ်တစ်ထောင် အတွင်း ဒုတိယ၊ တတိယ နဲ့ စတုတ္ထ သူတော်စင် ဟုတ်လား။ ချီးတဲ့မှ ။

ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ ့ကျင့်ကြံသူတွေ အားလုံးက စီနီယာဘုန်းကြီး ဗိုလ်ကျသူစွန်း ရဲ့ မျက်နှာကို မြင်ရဖို့ အားတက်သရော အမူအရာ တွေနဲ့ ကောငး်ကင်ကြီးကို ကြည့်နေရတယ်။ သူတို့ မျက်နှာပေါ်မှာ စိတ်အား ထက်သန် မှု တွေနဲ့ ပြည့်နှက်လျှက် ရှိတယ်။

ငယ်ရွယ်တဲ့ ကျင့်ကြံသူ လေးတွေရဲ ့မျက်နှာ ပေါ်မှာ နှစ်တစ်ထောင် အတွင်း ပထမဆုံး သူတော်စင် ရဲ့ မျက်နှာကို မြင်ရတော့မှာမို့ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက် နေတာကို မြင်နိုင်တယ်။

နှစ်တစ်ထောင်အတွင်း ပထမဆုံး သူတော်စင် စီနီယာဘုန်းကြီး ဗိုလ်ကျသူစွန်း။

သူတို့က သူ့မျက်နှာကို မမြင်ရသေးခင်မှာပဲ ရွှေရောင်သီလ အလင်းတွေ နဲ့ ြ့ဖစ်တည်ထားသော ထည်ဝါလှတဲ့ ဧကရီ ရဲ့ မျက်နှာ ကို စိတ်နှလုံးထဲမှာ ပုံနှိပ်ရိုက်နှက် ထားပြီး ဖြစ်နေကြတယ်။

နောက်ဆုံးမှာတော့ ဗိုလ်ကျသူစွန်း ရဲ ့မျက်နှာက အားလုံးရဲ့ မျက်စိထဲမှာ ပေါ်လာတယ်။

စီနီယာ ဘုန်းကြီးရဲ့ မျက်နှာက အားလုံး ထင်မှတ်ထားတာနဲ့ ခြားနားနေတယ်။

ကမ္ဘာတစ်ဝန်းလုံးရှိ ကျင့်ကြံသူတွေ က စီနီယာဘုန်းကြီး ဗိုလ်ကျသူ စွန်း ကို သီလ ၊ သမာဓိ နဲ့ ပြည့်စုံပြီး ခန့်ညားလိမ့်မယ်လို့ တွေးထားကြတာ ဖြစ်တယ်။ အသက်အရွယ် ကြီးရင့်ပြီး ပညာနဲ့ ပြည့်စုံမယ်လို့ တွေးထား ကြတယ်။

ဒါပေမဲ့ စီနီယာဘုန်းကြီး ဗိုလ်ကျသူစွန်း ရဲ့ မျက်နှာ ပေါ်လာတော့ အားလုံးက ငယ်ရွယ် နုပျို ပြီး ဖြတ်လပ် တဲ့ မျက်နှာ တစ်ခု ဖြစ်နေတယ်။ ပြီးတော့ တော်တော်ကြီး သွယ်လျ ကြည့်ကောင်းတယ်။

စီနီယာဘုန်းကြီး ဗိုလ်ကျသူစွန်း ရဲ့ မျက်နှာပေါ်မှာ ပညာဉာဏ်တွေ နဲ့ တောက်ပနေတယ်။ ဒါပေမဲ့ သူတို့ တွေးထင်ထားသလို ကြီးမားတဲ ့ဉာဏ်ပညာမျိုး မဟုတ်ပြန်ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now