အပိုင်း (၈၈၅)

1.4K 45 3
                                    


#Unicode

တုတ်ချောင်းလူသား ရဲ့ ဘယ်ဘက် မျက်စိ။



"မင်းက အတွေးလွန်နေပြီ။ ငါက မင်းကို ဘာကြောင့် ကလဲ့စားချေရမှာလဲ။ မငး်ငါ့ ခြေသလုံးကို ရိုက်နေလို့လား" ရူဟန်က ရယ်ပြီး ပြောလိုက်တယ် "တကယ်တော့ မင်းငါ့ခြေသလုံးကို ထုနှက်နေတာ ငါ့ခြေသလုံးမွှေးကိုတောင်မှ မထိခိုက်စေဘူး။ မင်းရဲ့ တိုက်ခိုက်မှုက ကလဲ့စားချေရလောက်အောင် မထိုက်တန်သေးဘူး"


"......." ကြက်သွန်လေး။


အဓိက အကြောင်းအရာ အားလုံးက ကြက်သွန်လေး ရဲ့ အားအင်က အရမ်းကို နိမ့်ပါးနေလို့ပဲ ဖြစ်တယ်။ ပြီးတော့ သူမ ခန္ဓာကိုယ် က ငရဲပြည်က မိစ္ဆာစွမ်းအင်တွေ နဲ့ ရောစပ်နေတာလေ။ အစောပိုင်းက ကြက်သွန်းလေးရဲ့ အညှောင့်က ညစ်ညမ်းသွားခဲ့တယ်။ ဒါ က ငရဲပြည် က မိစ္ဆာအဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်တယ်။


ဒါကြောင့် ကြာပန်းအမြစ်တွေ က သူမခန္ဓာကိုယ်ကို ထိုးဖောက်ပြီး မိစ္ဆာစွမး်အင်တွေကို စုပ်ယူလိုက်တယ်။ ဒါကြောင့် ကြက်သွန်လေးရဲ့ အားအင်တွေ ကုန်ခမ်းသွားပြီး ညိုးခြောက်သွားတာ ဖြစ်တယ်။


ကံကောင်းတာက သူမအနေနဲ့ အလင်းကျောက်ပေါ်မှာ အမြစ်တွယ်နေတာ ဖြစ်တယ်။ မဟုတ်ရင် ဒီအချိန်မှာ ကြက်သွန်လေး က ဂန့်နေပါပြီ။


ရူဟန်က ဆောင့်ကြောင့်ထိုင်ပြီး ကြက်သွန်လေး ရဲ့ ညိုးခြောက်နေတဲ့ ခန္ဓာကိုယ်ကို ပုတ်လိုက်တယ် "ဒါ က လုံးဝ ညိုခြောက်သွားတာပဲ။ ကြက်သွန်လေး ဒီအချိန်မှာ မင်း ဘယ်လို ခံစားရလဲ"


"ဒီအရာကို ကယ်ဆယ်လို့ ရသေးတယ်လို့ ငါခံစားမိနေတယ်" ကြက်သွန်လေးက ပြောလိုက်တယ်။


သူမ ခန္ဓာကိုယ် ညိုးခြောက်သွားတာကို ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရတာ က တော်တော်ကြီး ရက်စက် ဆိုးဝါးလှတဲ့အခြေအနေ ပါပဲ။ ဒါက လူငယ်လေး တစ်ယောက် ချက်ချင်းကြီး အဘိုးကြီး ဖြစ်သွားတာနဲ့ ဆင်တူတယ်လေ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora