အပိုင်း (၉၅၆)

112 26 0
                                    

#Unicode


သူငယ်ချင်းလေး ရူဟန် က သေတဲ့ အထိ ဖြစ်ညှစ်ခံခဲ့ရတယ်။

"ဘုန်း"

ကျောက်ဘီလူးကြီးက သူ့ရဲ့ မှော်နည်းစနစ် ကို တော်တော်ကြီး ဂုဏ်ယူထားတယ်။ ထပ်ပြောရရင် သူက အဖြူ့ကို ဒီတိုက်ခိုက်ချက် နဲ့ သေရင်သေ မဟုတ်ရင် ဒဏ်ရာ အပြင်းအထန် ရအောင် တိုက်ခိုက်နိုင်တယ် လို့ သတ်မှတ်ထားတယ်။ ဒါကြောင့်ပဲ သူက စိတ်ဝိညာဉ် စွမ်းအင် ပမာဏ တော်တော်များများကို ထည့်သွင်းထားတယ်။

မှော်နည်းစနစ် က တည်နေရာ လမ်းကြောင်းကို အောင်မြင်စွာ ဖြတ်သန်းပြီး သံဘောလုံးကြီး နားကို ရောက်သွားတယ်။ ပြီးနောက် ချောမောစွာနဲ့ ပေါက်ကွဲသွားတယ်။ ကံက တော်တော်ကောင်းတာကြောင့် ငရဲပြည် ရဲ့ အုပ်စိုးသူ နားမှာ ကို ပေါက်ကွဲသွားတာ ဖြစ်တယ်။

"ဘုန်း" သတ္တုအစိတ်အပိုင်းတွေ နဲ့ ပေါင်းစပ်ထားတဲ့ လေးထောင့်ပုံ မျက်နှာပြင်မှာတော့ သံဘောလုံး နဲ့ အနားက မိစ္ဆာတွေ က စွမ်းအားမြင့် ပေါက်ကွဲမှု ကြားမှာ ပျောက်ကွယ်သွားခဲ့တယ်။

ဒီပေါက်ကွဲမှု က သံရည်ဘောလုံးကို ဒဏ်ရ ာမရစေနိုင်ဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ စိတ်တိုစေမှာပါ။

ရူဟန်က ဒီအချိန်မှာ တစ်ခုသော အကြောင်းရင်းကိုပဲ တွေးနေတယ်။

ဘယ်လောက်လှတဲ့ ပေါက်ကွဲမှုလဲ။

ကြမ်းတမ်းလှတဲ့ ငါ့ရဲ့ အစ်ကိုကြီး .... ငရဲပြည်အုပ်စိုးသူ ရဲ့ မျက်နှာကို ဗုံးနဲ့ ထုရတာ ဘယ်လို အရသာရှိလဲ။

ကျောက်ဘီလူးကြီးက တည်နေရာလမ်းကြောင်းထဲကို ဗုံးပစ်ပြီးချိန်မှာတော့ တည်နေရာချုပ်ထိန်းမှု က ပျက်ဆီးသွားတယ်။

ရူဟန် ရဲ ့အတွင်း ကမ္ဘာ က တည်နေရာစည်းကနေ ထပ်မံဖောက်ထွက်သွားနို်င်ခဲ့တယ်။

❄️❄️❄️

"ဟားဟား ... " လမ်းကြောင်းထဲကို ဗုံးပစ်လွှတ်ပြီးတဲ့နောက် ကျောက်ဘီလူးကြီး က အဓိက ကမ္ဘာနဲ့ ငရဲပြည်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို ဖျက်ဆီးလိုက်နိုင်တယ်။ ပြီးနောက် ပေါက်ကွဲမှု တွေ သူ့ဆီ ရောက်လာမှာ စိုးတာကြောင့် တည်နေရာ လမ်းကြောင်းကို ကာဆီးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Wo Geschichten leben. Entdecke jetzt