အပိုင်း (၁၀၂၀)

110 26 0
                                    


#Unicode


သူတော်စင် အဆင့် ကုသမှု။

ရူဟန် ၊ အသက်ခုနှစ်သက် အဆောင်ဆရာ ၊ ဟော်ရီဇုံ ၊ မိစ္ဆာနတ်ဘုရား နိဗ္ဗာန် နဲ့ ဒေါင်ဖန်းခြောက် တို့က သူတို့ရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှုတွေကို ထုတ်သုံးပြီး လေနက်တောင်ကြား ကျင့်ကြံသူကို တစ်ခါတည်း အပျောက်ရှင်းလိုက်ကြတယ်။

ဒါပေမဲ့ ထိုသူရဲ့ ခန္ဓာကိုယ် က လုံးဝ အမှုန့်ချေ ခံလိုက်ရပေမဲ့ ကောင်းကင်ပေါ်မှာ ရှိတဲ့ ကောင်းကင်ဘုံကပ်ဘေးက ပျောက်ကွယ် မသွားပါဘူး။ ဆက်ပြီး ဖွဲ့တည်နေတယ်

"ကောင်းကင်ဘုံကပ်ဘေး မပျောက်သွားဘူးလား" ဒေါင်ဖန်းခြောက်က ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တယ်။

ဟော်ရီဇုံ က ပြောလိုက်တယ် "ဒီကောင် မသေသေးဘူးလား။ ချီးတဲ့မှ"

ဘယ်လို သတ္တဝါ မျိုးအဖြစ် အဆင့်မြင့်တင် ခံထားရတာလဲ။ သူက အမှုန့်ဖြစ်သွားတာတောင် မသေသေးပါလား။

"သူ့့ရဲ့ အမြူတေ က အကောင်းတိုင်း ရှိနေသေးတယ်။ သူက အနီးအနား တစ်နေရာရာ မှာ ကျိန်းသေပေါက် ပုန်းနေတာ ဖြစ်မယ်။ ဒါကြောင့် ငါတို့က သူ့ရဲ့ ရုပ်သေးခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်တယ် ဆိုပေမဲ့ သူက လုံးဝ သေမသွားခဲ့ဘူး။ သူမသေသေးတာမို့ ကောင်းကင်ဘုံကပ်ဘေးကလည်း မပျောက်ကွယ်သွားဘူး။" အသက်ခုနှစ်သက် အဆောင်ဆရာ ရဲ့ မျက်နှာက တင်းမာ ခက်ထန်နေတယ။်

ဒုတိယအဆင့် ကျင့်ကြံသူလေး တစ်ယောက်က သူတို့ဆီကိုလာပြီး ကောင်းကင်ဘုံ ကပ်ဘေးကို ဆင့်ခေါ်ရဲတယ်။ ထင်ထားတဲ ့အတိုင်းပဲ ဒီကောင်က ကြိုတင်ပြင်ဆင် ထားခဲ့တာပဲ။ ရုပ်သေးအမြူတေ က သူတို့နားမှာရှိနေနိုင်တာမို့ ရှာတွေ့မယ်ဆိုရင် ဒီကိစ္စက ခက်ခဲမှာ မဟုတ်တော့ဘူး။

ဒါပေမဲ့ သူတို့ဆီမှာ ခက်ခဲနေတာ အချိန်ပဲ ဖြစ်တယ်။

ခေါင်းပေါ်မှာ ရှိနေတဲ ့ကောင်းကင်ဘုံ ကပ်လေးက ဘယ်သူ့ကိုမှ စောင့်မှာ မဟုတ်ပါဘူး။

လေနက်တောင်ကြား ကျင့်ကြံသူ ဆင့်ခေါ်လိုက်တဲ ့ကောင်းကင်ဘုံကပ်ဘေး က ရူဟန် နဲ့ တခြားသူတွေရဲ ့ကောင်းကင်ဘုံ ကပ်ဘေး ကိုပါ ဆွဲဆောင်နိုင်ခဲ့တယ်။ ငါးယောက်လုံးရဲ့ အစစ်အမှန်ချီ နဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက မထိန်းချုပ်နိုင်ဘဲ ဆူပွက်လာတယ်။ နောက်ဆုံးမှာ ရူးရုူးမူမူး ထွက်ပေါ်လာတော့တယ်။ ပြီးတော ့သူတို့ရဲ ့ကိုယ်ပိုင် မိုးကြိုးကပ်ဘေးကို ဆွဲငင်လိုက်တော့တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Waar verhalen tot leven komen. Ontdek het nu