အပိုင်း (၉၂၇)

126 24 0
                                    


#Unicode


ပထမနှစ်ဝက်ရဲ့ ပထမနေ့ ..။

ကျောင်းတော်သား က သူ့ရဲ့ မထင်ပေါ်တဲ့ အသွင်အပြင် ကြောင့် စိတ်ပျက်နေတာပါ.။ သူက အနည်းငယ်လောက် ဖြစ်ဖြစ် ထင်ပေါ်ချင်တာကြောင့် ရုပ်ရှင်ထဲမှာ စက္ကန့်အနည်းငယ် ပါဖို့တောင်မှ အတင်း ကြိုးစားခဲ့တာ ဖြစ်တယ်။

အခု ရူဟန် ကသူ့ကို မထင်ပေါ်စေတဲ့ နည်းလမ်းရှိလားလို့ လာမေးနေပါတယ်။ ဒါ ရန်စတာလား။

သူငယ်ချင်းလေး ရူဟန်ရဲ့ အမူအကျင့်ကို သူသာ နားမလည်ထားဘူး ဆိုရင် ရူဟန် က သူ့ကို မနက်အစောကြီး ဖုန်းခေါ်ပြီး ရန်စတယ်လို့ ကျိန်းသေပေါက် ထင်မိမှာပါ။

"စီနီယာ အရက်မူး မွန်း .. ငါဒီလို ဆိုလိုတာ မဟုတ်ဘူး" ရူဟန်က ပြောလိုက်တယ်။

ဒါကြောင့် သူ့ကျောင်းစဖွင့်နေပြီ ဖြစ်ကြောင်း၊ ကမ္ဘာပျက်စစ်ပွဲဲ ရုပ်ရှင် ဂယက်ကြောင့် သူ့အနေနဲ့ သိိုသိုသိပ်သိပ် နေရာမှာဖြစ်ကြောင်း၊ မဟုတ်ရင် စီနီယာအစ်ကိုကြီး ဂေါင်ရှန် သေသင့်တယ်ဆိုပြီး သူ့နောက်ကို လူတွေ လိုက်နေမှာ ဖြစ်ကြောင်း စီနီယာကို ရှင်းပြလိုက်တယ်။

ကျောင်းတော်သား က ဆွံ့အသွားတယ်။

ဘာလို့လဲ မသိပေမဲ့ ရူဟန် ပြောတာကို ကြားတော့ သူ့မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတယ်။

ကမ္ဘာပျက် စစ်ပွဲ ရုပ်ရှင်ရဲ့ အကြီးဆုံးဗီလိန်ကြီးက ဘယ်သူလဲ။ သူပါ။ မိစ္ဆာဗိုလ်ချုပ် မင်ကြွီနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ အရက်မူးလ ကျောင်းတော်သား ဆိုတဲ့သူပဲ ဖြစ်တယ်။

ရုပ်ရှင်က ဒီလောက်ပေါက်ပြီ ဆိုမှတော့ ဗီလိန်ကြီးကိုလည်း လူတွေ သတိထားမိတော့မှာပေါ့။ ဒါပေမဲ့ ဘယ်လို ဖြစ်ပြီး စီနီယာအစ်ကိုကြီး ဂေါင်ရှန် က လူတိုင်းရဲ့ ဗီလိန်ကြီး ဖြစ်နေတာလဲ။

ကျောင်းတော်သားက ပြောလိုက်တယ် "သူငယ်ချင်းလေး ရူဟန် .. ငါတကယ်ပဲ စီနီယာအစ်ကိုကြီး ဂေါင်ရှန် ဇာတ်ရုပ်ကို မနာလိုဖြစ်မိတယ်။"

"..........."ရူဟန်။ ကျောင်းတော်သား.. မင်းဒီဇာတ်ကောင်ကို တကယ်ပဲ မနာလိုရင် အစောကတည်းက ဒီနေရာမှာ သရုပ်ဆောင်ခဲ့ပါလား။ငါ ငြင်းမယ်လို့ ထင်နေတာလား။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now