အပိုင်း (၉၈၃)

130 24 0
                                    

#Unicode

ရည်စားလုဘက်နှင့် အမှတ်မထင် ဆုံတွေ့မိခြင်း။
"ရှီလျှူ လေး ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်တာကို မင်းကြည့်ချင်လို့လား" ကြီးမြတ်တဲ့ အဖြူ က ခေါင်းလှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်တယ် "ဒါပေမဲ့ ငါမင်းကို အဲဆီ ခေါ်သွားလို့ မဖြစ်ဘူး" "ဘာလို့လဲ" ရူဟန် က စိတ်ဝင်တစား နဲ့ ပြန်မေးလိုက်တယ်။"မင်းရဲ့ အဆင့်ကို ကြည့်လေ။ မင်းက တတိယအဆင့် ထိပ်ဆုံးကို ရောက်နေပြီ။ မင်းရဲ့ မရီဒန် လေးခုက ပွင့်နေတယ်။ စိတ်စွမ်းအင် နဲ့ ကိုယ်ခန္ဓာစွမ်းအင် က အဆင့်လေးကို ရောက်နေတယ်။ မင်းရဲ့ အစစ်အမှန်ချီသာ အနည်းငယ် တိုးလာမယ်ဆိုရင် ကောင်းကင်ဘုံကပ်ဘေး ကျဆင်းလာမှာ။ ဒါကြောင့် မင်းက အားရှီလျှူ ကပ်ဘေးကျော်တာကို သွားကြည့်မယ် ဆိုရင် မင်းပါ ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်ရလိမ့်မယ်။ အဲအချိန် မင်းတို့ နှစ်ယောက် ကောင်းကင်ဘုံကပ်ဘေး ရင်ဆိုင်နေရင် ငါတောင်မှ ကယ်နိုင်မှာ မဟုတ်ဘူး" ကြီးမြတ်တဲ့အဇြူ က ကားမောင်းရင်း ပြောလိုက်တယ်။ ရူဟန်က ဆွံ့အသွားတယ်။ ချီးတဲ့မှ ... ငါလည်း ကောငး်ကင်ဘုံကပ်ဘေး ကို ကျော်ဖြတ်ရတော့မှာလား။ သူက မရီဒန် လေးခု လုံး ပွင့်နေပြီး ဖြစ်တာကို သတိပြုမိတယ် ဆိုပေမဲ့ သူ့အနေနဲ့ ကောင်းကင်ဘုံကပ်ဘေး ကို ရင်ဆိုင်ဖို့ အချိန်လိုသေးတယ်လို့ တွေးထားတယ်။ ပြီးတော့ သူက နွေရာသီ ပိတ်ရက်ကတင်မှ ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်ထားတာလေ။ နောက်တစ်ခု ရောက်လာဖို့ အဝေးကြီး လိုသေးတယ်လို့ သူတွေးထားတာ ဖြစ်တယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့အဖြူ သတိပေးလိုက်ပြီးတဲ့နောက် ကောင်းကင်ဘုံကပ်ဘေးကို သူ့ခေါင်းတည်တည့် မှာ တွဲလောင်း ချိတ်ထားတဲ့ဓားတစ်ချောင်းလို ရှိနေပြီး အချိန်မရွေး ကျဆင်းလာနိုင်တာကို သတိပြုမိလိုက်တယ်။"ပြီးပြီ" ရူဟန် က ပြောလိုက်တယ် "စီနီယာအဖြူ .. တတိယအဆင့်ကနေ စတုတ္ထအဆင့်ကို ရောက်ဖို့ ကျော်ဖြတ်ရတဲ့ ကောင်းကင်ဘုံကပ်ဘေး အကြောင်း ငါလုံးဝ မသိဘူး။ အစီအရင်ကို ဘယ်လို ပြုလုပ်ရတယ် ဆိုတာလည်း လုံးဝ မသိဘူး။""မပူနဲ့. ။ မင်းဘာမှမသိဘူး ဆိုတာ ငါသိတယ်။ ဒါကြောင့် ကောင်းတဲ့အရာတွေ မင်းကို အကြံံပြုနေတာပေါ့" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ် "မင်းရဲ့ ဖုန်းကို ထုတ်။ ပြီးရင် ကိုးစီရင်စု ဂရု ထဲကို ဝင်။ မျှဝေထားတဲ့ ဖိုင်တွေကို ကြည့်လိုက်။. တာအိုရောင်းရင်း စိတ်ဝိညာဉ် လိပ်ပြာက မင်းအတွက် အကူအညီ ဖြစ်နေမယ့် ဖိုင်တစ်ခု တင်ထားတယ်"တကယ်တော့ ရူဟန် အဆင့်လေး ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်မှာကို စိတ်မပူပါဘူး။ ရူဟန် က တခြားသူတွေ နဲ့ မတူဘဲ အဆင့်ငါး စိတ်ဝိညာဉ်ကောင် ရှိတယ်လေ။ စိတ်ဝိညာဉ်ကောင်နဲ့ သူ့သခင် က တသားတည်းပါ။ ပြောရမယ် ဆိုရင် ရူဟန် ကပ်ဘေးကျော်နေတုန်းမှာ ရီစင့် က ရူဟန်ကို သူမ ကုညီချင်သလောက် အားရပါးရ ကူညီလို့ရတယ်။ ဒါက ကောင်းကင်ဘုံကပ်ဘေးကို ပိုမို အားကောင်းလာစေတဲ့ တခြားသော အပြင်ပိုင်း အကူအညီမျိုး မဟုတ်ပါဘူး။ ဒါကြောင့ ်စိတ်ချလက်ချ ရီစင့် က ကူညီနိုင်တယ်။စီနီယာအဖြူ ရဲ ့ စကားကို ကြားတော့ ရူဟန် က ဖုန်းကို ထုတ်ယူလိုက်တယ်။မကြာမီမှာပဲ သူက ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာ တင်ထားတဲ့ ဖိုင်ကို တွေ့လိုက်တယ်။"စီနီယာ စိတ်ဝိညာဉ် လိပ်ပြာ .. ကျေးဇူး အများကြီး တင်တယ်" ရူဟန်က ဖိုင် ကို ဒေါင်းလုဒ် လုပ်ဖို့ ပြင်လိုက်တယ်။ဒါပေမဲ့ ဒီအချိန်မှာပဲ ဖိုင်က ဒေါင်းပြီးသားဖြစ်နေတယ်။ ဘယ်သူ ဒေါင်းလုဒ် လုပ်ခဲ့တာလဲ။ကြက်သွန်လေးလား။ စောနတုန်းက ကြက်သွန်လေး က သူ့ဖုန်းကို အသုံးပြုပြီး ကိုးစီရင်စု က စီနီယာတွေဆီ အကူအညီ တောင်းခဲ့သေးတယ်။ခဏလောက် စဉ်းစားပြီးတဲ့နောက် ရူဟန်က စာဖိုင်ကို ဖွင့်လိုက်တယ်။စာဖိုင်က အဆင့်လေးကောင်းကင်ဘုံ ကပ်ဘေး နဲ့ သက်ဆိုင်တဲ့ အခြေခံ အသိအမြင်တွေကို ရှင်းပြထားတယ်။ ဒါတင် မကသေးပါဘူး။ ကြီးမြတ်သူ တစ်ယောက် ကနေ ကြည့်ပြီး သုံးသပ်ပြထားတာ တွေ ပါဝင်နြေ့ပီး ဖြစ်လာနိုင်တဲ့ပြဿနာ တွေကို ဘယ်လို ရှင်းရမယ် ဆိုတာကိုပါ သေချာ ပြောပြထားတယ်။လုံးဝ ပြည့်စုံတယ်။"ကောင်းပြီ။ ဒါဆိုရင်.. ငါအရင်သွားတော့မယ်" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။ရူဟန်က ပြောလိုက်တယ် "စီနီယာအဖြူ .. နေအုန်း။ ကားကို အရင်ရပ်အုန်းလေ" ကြီးမြတ်တဲ့အဖြူ က ကားမောင်းနေရင်း တန်းလန်းကြီးလေ။ သွားအုန်းမယ် ဆိုပြီး ဒီတိုင်းကြီး ပျောက်သွားရင် ရူဟန် နဲ့ ကျန်တဲ့သူတွေ အားလုံး ကားတိုက်မှုတွေ ဖြစ်ကုန်မှာပေါ့။ "မပူနဲ့။ ဒီလိုအရာက ငါဘယ်လိုမေ့ပါ့မလဲ" ကြီးမြတ်တဲ့အဖြူ က ကားကို လမ်းဘေးချရပ်ပြီး ဘရိတ်ကို နင်းလိုက်တယ်။ကားရပ်ပြီးတဲ့နောက် ကြီးမြတ်တဲ့အဖြူ က ထပ်ပြောလိုက်တယ် "ကောင်းပြီ. ရူဟန် .. မင်းနဲ့ မင်းရဲ့ စိတ်ဝိညာဉ်ကောင် ရီစင့် တို့ အမြင်အာရုံ မျှဝေ လို့ ရလား။""အင်း.. အမြင်အာရုံအပြင် မှတ်ဉာဏ်တွေ ကိုပါ မျှဝေလို့ ရတယ်" ရူဟန်က ပြန်ပြောလိုက်တယ်။သူတို့ကြားက စိတ်ဝိညာဉ် သဘောတူညီမှု စာချုပ် က ပိုပိုပြီး အားကောင်းလာတယ်။ "ကောင်းပြီ။ ဒါဆိုရင် တာအိုရောင်းရင်း ရီစင့်က ငါနဲ့ လိုက်ခဲ့ပြီး ရှီလျှူ ကပ်ဘေးကျော်တာကို လာကြည့်။ ဒီလိုဆိုရင် မင်း ဘယ်လို ကပ်ဘေးကျော်မလဲ ဆိုတဲ့ အတွေးအမြင်ကို ရလာလိမ့်မယ်" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။ "ကျေးဇူးး . စီနီယာအဖြူ" ရူဟန် က ပြောလိုက်တယ်။ရီစင့် က ဒီအချိန်မှာ တီဗွီစီးရီး တစ်ချို့ကို ကြည့်နေတာပါ။ ဆယ်မီတာ ရှည်တဲ့ ကားပေါ်မှာ LCD တီဗွီ လည်းပါတယ်။ စီနီယာအဖြူ ရဲ့ စကားကို ကြားတော့ သူမ က ခေါင်းမော့ကြည့်ပြီး ပြောလိုက်တယ် "အမ်.. စီနီယာအဖြူ .. ရူဟန် နဲ့ ငါက တသားတည်းလေ။ ငါသွားရင် ပြဿနာ မဖြစ်နိုင်ဘူးလား""မပူနဲ့။ ရူဟန် ရဲ့ အဓိက ခန္ဓာကိုယ် မသွားမချင်း ဘာမှဖြစ်မှာ မဟုတ်ဘူး။" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။ ရီစင့် က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ် "ကောင်းပြီ. ငါ လိုက်သွားမယ်"သူမ က တီဗွီ စီးရီးကို ဆက်ကြည့်ချင်နေတယ် ဆိုပေမဲ့ ရူဟန ်အတွက် ကောင်းကင်ဘုံကပ်ဘေး နဲ့ သက်ဆိုင်တာတွေကို စုစည်းရှာဖွေ ထားတာ ပိုအရေးကြီးတယ်လို့ ခံစားမိတယ်။ ကြီးမြတ်တဲ့အဖြူ က ရီစင့်ကို လှမ်းဆွဲပြီး ပြောလိုက်တယ် "ရူဟန်.. ငါ ကားကို မင်းနဲ့ ထားခဲ့မယ်။ မင်း ဘာသာ မောင်းပြန်သွားတော့" ပြီးနောက် ရူဟန် ပြန်ပြောတာကို နားမထောင် ဘဲ ရီစင့် နဲ့ အတူ ပျောက်ကွယ်သွားတယ်။ရူဟန် အော်လိုက်တယ် "နေအုန်း" စီနီယာအဖြူ .. ငါမှာ A လိုင်စင် မရှိဘူးလေ။ ခရီးသည်တင် ဇိမ်ခံကား ဆိုတာက နံပါတ်ပြားအဝါရောင်ပါ။ ရူဟန် က လောလောဆယ် C1 လိုင်စင်ကိုပဲ ကိုင်ထားနိုင်တာ ဖြစ်တယ်။ရူဟန်က ဆယ်မီတာရှည်တဲ့ ကားကြိးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ အခု ဘာလုပ်ရမှာလဲ.။ ဖြတ်သွားဖြတ်လာကားတွေ ရှိတာကြောင့် သူက ကားကြီးကို သိုလှောင်လက်ကောက်ထဲ ထည့်သိမ်းလို့ မရပါဘူး။ အားလုံးရဲ့ မျက်စိရှေ့မှာ ဆယ်မီတာကျော် ရှည်တဲ့ ကားကြီး ပျောက်ကွယ်သွားရင် မနက်ဖြန် သတင်းစာထဲမှာ ဒီသတင်းပါလာမှာပါ။ ဘာလုပ်ရမလဲ။ ရဲကို အကူအညီတောင်းရမလား။ မဖြစ်ဘူး။ မလုပ်တာကောင်းမယ်။ရဲလာပြီဆိုရင် နားလည်မှု လွဲစရာ တွေဖြစ်နိုင်ပြီး မလိုလားအပ်တဲ့ ဒုက္ခတွေ ဝင်လာနိုင်တယ်။ဥပမာအားဖြင့် ကားက လမ်းဘေးမှာ ရပ်ထားတာတော့ ဟုတ်ပြီ။ ဘယ်သူမောင်းလာတာလဲ။ ယာဉ်မောင်း ဘယ်ရောက်သွားလဲ။ ပိုင်ရှင် ဘယ်သူလဲ။ ကားခိုးလာတယ် ဆိုပြီးတော့ တောင် သံသယ ဝင်ခံရနိုင်တယ်။"ထားလိုက်တော့။ ငါ့ဘာသာ မောင်းတာကမှ ပိုကောင်းအုန်းမယ်" ရူဟန်က ဆုံးဖြတ်လိုက်တယ်။ သူက နည်းနည်းသာ ဂရုစိုက်မယ် ဆိုရင် ဒီကားကို မောင်းနိုင်မှာပါ။ ပြီးတော့ ရဲ နဲ့ တွေ့ရင် ကားနဲ့ အတူ သူ့ရဲ့ အတွင်းကမ္ဘာထဲ ဝင်ပုန်းလိုက်မယ်။ရူဟန် တွေးနေတုန်းမှာပဲ အဝေး တစ်နေရာ မှ လူတစ်ယောက်က သူ့ကို လက်ဝေ့ယမ်းပြနေတယ်။အရပ်ရှည်ရှည်၊ ခပ်တောင့်တောင့် လူတစ်ယောက်ပါ။ ဒါပေမဲ့ ရူဟန် က သူ့ကို ဘယ်သူမှန်း မသိပါဘူး။ "တကယ်ပဲ မင်းကိုး။ လူကြီးမင်းရူဟန်။ မင်းကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပဲ. အကူအညိ လိုလို့လား" အရပ်ရှည်ရှည်လူက တောက်ပစွာ ပြုံးလိုက်တယ်။သူ့ခန္ဓာကိုယ်က ရေအော်ရာမျိုး ထွက်ပေါ်နေတယ်။ ဒီလို အော်ရာမျိုးကို သူ ယုကျောင်းကျောင်း ဆီက ရဖူးတယ်။ တစ်ဖက်လူက ပင်လယ်မျိုးနွယ်ထဲကလား။ လူပုံစံပြောင်းနိုင်ပြီ ဆိုတော့ အဆင့်ငါး မွန်းစတား ဖြစ်နေမလား။ မဟုတ်ဘူး. တစ်ဖက်လူရဲ့ စွမ်းအင် အဆင့် က တတိယအဆငိ့မှာပဲ ရှိသေးတယ်။ ဒါဆိုရင် တော်တော်ကြီး ထူးခြားတဲ့ ပင်လယ် မွန်းစတား မျိုးနွယ်ထဲက ဖြစ်မယ်။ "မင်းက .." ရူဟန် ပြောလိုက်တယ်။ "ဟားဟား.. ငါက မိုးကောင်ကင် ငါးခွေးလျှာ မျိးနွယ် က ဖြစ်တဲ့ ဝမ်ဖျင်ပါ။ လွန်ခဲ့တဲ့ လ တုန်း က ငါ သခင်မလေး ယုကျောင်းကျောင်း ဆီမှာ အချိ်န်အတို်င်းအတာ တစ်ခုထိ အလုပ်အကျွေးပြုခဲ့တယ်။ ဒါပေမဲ့ လက်ရှိမှာ ငါက သခင်မလေး ယုကျောင်းကျောင်း ရဲ့ အိမ်နီးချင်း လူကြီးမင်းဝူ ဆီမှာ အလုပ်အကျွေးပြုနေတယ်။" အရပ်ရှည်ရှည်လူ က ပြုံးကာ ပြောလိုက်တယ် "ငါက ဒေါင်းငါးခွေးလျှာမျိုးလေ။ ဒါကြောင့် ရုပ်ပြောင်းတဲ့ စွမး်ရည်မှာ အရမ်းအားကောင်းတယ်။ ငါ့စွမ်းအင် အဆင့်က မလုံလောက်ဘူး ဆိုပေမဲ့ ငါ့မျိးနွယ်ရဲ့ သန္ဒေ စွမ်းအင် အရ လူသားပုံစံကို ပြောင်းနိ်ုင်တယ်။ အခု လူသားပုံစံ ကို ပြောင်းပြီး လူကြီးမင်း ဝူ အတွက် ပစ္စည်းအနည်းငယ် ထွက်ဝယ်တာ"ဒီလူ က ယုကျောင်းကျောင်း ရဲ့ လူဟောင်းဖြစ်နေတယ်။ သူက ရူဟန်ကို မှတ်မိတာ မစမ်းပါဘူး။ "လူကြီးမင်းရူဟန် တစ်ခုခု ဖြစ်လို့လား" ဝမ်ဖျင် က မေးလို်က်တယ်။ "ဒီလိုလေ .. စီနီယာအဖြူ က ဆယ်မီတာကားကြီးကို ထားခဲ့ပြီး ရုတ်တရက် ပျောက်သွားတယ်။ ငါ့ရဲ့ လက်ရှိ လိုင်စင် နဲ့ ဒီကားကို မမောင်းနိုင်ဘူး။ လမး်ဘေးမှာလည်း ထားခဲ့လို့ မရဘူး။" ရူဟန် က ပြောလိုက်တယ်။ "ဟားဟား.. ဒီလိုဆိုရင် ငါကုညီမယ်။ ပြီးတော့ ငါ့လိုင်စင် က ဒါကို မောင်းလို့ ရနိုင်တယ်။" ဝမ်ဖျင် က ပြုံးကာ ပြောလိုက်တယ်။ "ဘယ်လို ကျေးဇူးတင်ရမလဲ တောင် မသိတော့ဘူး" ရူဟန် ပြောလိုက်တယ်။ ဝမ်ဖျင် က မေးလိုက်တယ် "လူကြီးမင်းရူဟန် .. ဒီကားကို ဘယ်ဆီ မောင်းသွားချင်တာလဲ""အနီးအနားက လူသူရှင်းတဲ့နေရာရှိလား။ သာမာန်လူတွေ ဂရုမပြုမိတဲ့ နေရာဆိုရင် ပိုကောင်းမယ်" ရူဟန် က ပြောလိုက်တယ်။ဝမ်ဖျင် က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ် "ဒီနေရာ နဲ့ နှစ်ကီလိုမီတာ မှာ ရေလှောင်တမံ တစ်ခု ရှိတယ်။ တော်တော်ကြီးကို တိတ်ဆိတ်တယ်။ ငါတို့ ပင်လယ်မျိုးနွယ်တွေ အသွင်ပြောင်းချင်ရင် အဲဆီ သွားပြောင်းကြတာ။ သာမာန်လူတွေ လည်း သိပ်မရှိဘူး။ သေချာ ဂရုစိုက်မယ်ဆိုရင် သာမာန်လူတွေ သတိပြုမိမှာမဟုတ်ဘူး""အရမ်းကောင်းတယ်။ အဲဆီ အရင်မောင်းသွားရအောင်" ရူဟန် က ပြုံးကာ ပြောလိုက်တယ်။လူသူကင်းရှင်းတဲ့နေရာ ဆီကို ရောက်ပြိးတဲ့နောက် သူက ကားကို သိုလှောင်လက်ထဲမှာ သိမ်းလိုက်မှာ ဖြစ်တယ်။ပြီးရင် သူ့ရဲ့ ငွေရောင်နဂါး ရုပ်သေးနဲ့ အတူ ချူမိသားစု ဆီကို သွားမှာပါ။ ဝမ်ဖျင် က ပျော်ရွှင်စွာနဲ့ ကားထဲကို ဝင်လိုက်တယ်။ ပြီးနောက် ဖုန်းကို ထုတ်ယူပြီး မေးလိုက်တယ် "ကောင်းပြီ။ လူကြီးမင်း ရူဟန် ငါ ဓာတ်ပုံ နည်းနည်းလောက် ရိုက်လို့ ရမလား""?" ရူဟန် က ဇဝေဇဝါ ဖြစ်သွားတယ်။ "ဒီကားက အရမ်းမိုက်တယ်။ ဒီလိုကားမျိုး မောင်းဖူးတာ ပထမဆုံးပဲ။ ဒါကြောင့် ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ရမယ်လေ" ဝမ်ဖျင် က ပြောလိုက်တယ်။"ကောင်းပြီ" ရူဟန် က စိတ်ဝင်တစား နဲ့ မေးလိုက်တယ် "ဒါပေမဲ့ မင်းဒီကားကို ကြိုက်ရင် တစ်စီးလောက် လွယ်လွယ် ဝယ်လို့ရတယ် မဟုတ်ဘူးလား"ဝမ်ဖျင်က ပင်လယ်မျိုးနွယ်ထဲကပါ။ ပင်လယ်ကြမ်းပြင်မှာ ရတနာတွေ အများကြီးရှိတယ်လေ။ နည်းနည်းလောက် ယူလာပြီး ပိုက်ဆံနဲ့ လဲလိုက်ရင် ရတာပဲ။"ငါတို့အတွက် ပိုက်ဆံ က သိပ်မခက်ဘူး။ ဒါပေမဲ့ ပင်လယ်မျိုးနွယ် တွေ က အဆင့်ငါး မရောက်ခင်အထိ ရေကနေ ကြာကြာခွာလို့ မရဘူး။ ဒါကြောင့် မြင့်မားတဲ့ စွမ်းအင်အဆင့် မရှိဘဲ ကားတို့ ၊ အိမ်တို့ကို လူသားကမ္ဘာမှာ မဝယ်တာပေါ့။ ဒါပေမဲ့ အဆင့်ငါး ရောက်ပြီးရင် ငါ ကျိန်းသေပေါက် ဇိမ်ခံကားတွေ ဝယ်မယ်။" ဝမ်ဖျင် က ပြုံးကာ ပြောလိုက်တယ်။ "ငါသိတယ်" ရူဟန် က ခေါင်းညိတ်လိုက်တယ်။ သူ ဒီနေ့မှာ အသစ်တစ်ခုကို သင်ယူခဲ့ရပြီ။ ဝမ်ဖျင်က ရူဟန် နဲ့ အတူ ဆဲဖီးလ်ပုံတွေ ရိုက်ပြီး လိုင်းပေါ်တင်လိုက်တယ်။[ငါဒီနေ့ ပစ္စည်းတစ်ချို့ သွားဝယ်တာ သခင်မလေး ယုကျောင်းကျောင်း ရဲ့ သူငယ်ချင်းကြီး လူကြီးမင်း ဗိုလ်ကျသူ ဓားမော့ ရူဟန် နဲ့ တွေ့ခဲတယ်။ သူ့ကို ကျေးဇူးတင်ရမယ်။ ငါ ဇိမ်ခံကားကြီးကို မောင်းနိုင်ခဲ့ပြီ။ ဒါက ငါ့စိတ် အာသီသ ကို ပြည့်ဝစေတယ်။] ပုံတင်ပြီးနောက် မှာတော့ ဝမ်ဖျင် က ကားခါးပတ်ကို ပတ်လိုက်တယ် "လူကြီးမင်း ရူဟန် .. သေချာထိုင်"ဆယ်မီတာ ကားကြီးက သူတို့နဲ့ နှစ်ကီလိုမီတာ အကွာက ရေလှောင်တမံ ဆီကို ဦးတည်လိုက်တယ်။ ❄️❄️❄️ဝမ်ဖျင် ပုံတင်လိုက်တဲ့နောက် သူ့သူငယ်ချင်း နဲ့ လုပ်ဖော်ကိုင်ဖက် တွေက ကောင်းကောင်းမြင်ခဲ့တာယ်။ရေလှောင်တမံနေရာမှာတော့ ..မွန်းစတားသုံးကောင် ရှိနေတယ်။ သူတို့က ဝမ်ဖျင်လိုပဲ လူကြီးမင်းဝူ ရဲ့ နောက်လိုက်တွေဖြစ်တယ်။ သူတို့က ပစ္စည်းဝယ်တာ တို့ဘာတို့ကို တာဝန်ယူရသူတွေ ဖြစ်တယ်။ဒီမွန်းစတား သုံးကောင် က ဝမ်ဖျင် တင်ထားတဲ့ ပုံကို မြင်လိုက်ကြတယ်။ချီးတဲ့မှ .. ဝမ်ဖျင်မောင်းတဲ့ ကားက အရမ်းလန်းတယ်။ ဘယ်သူ ကားလဲ။ မောင်းလို့ ရရင် ကောင်းမယ်""တကယ်တော့ ဒီလူငယ်လေးကို ငါရင်းနှီးနေတယ်။ သူ့နာမည် က ဗိုလ်ကျသူဓားမော့ ရူဟန် လား""ဝမ်ဖျင် ပြောသလို ဆိုရင် သခင်မလေး ယုကျောင်းကျောင်း ရဲ့ သူငယ်ချင်းတဲ့""နေအုန်း။ ဒါက စီနီယာအစ်ကိုကြီး ဂေါင်ရှန် ဆိုတဲ့ လူသားကျင့်ကြံသူ မဟုတ်လား။ သူက ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်ပြီး သခင်မလေး ယုကျောင်းကျောင်း နဲ့ ရုပ်ရှင်တူတူရိုက်ခဲ့တာ။ ဒီလူက လူကြီးမင်းဝူ ပြောထားတဲ့ ဂရုစိုက် ကြည့်ရှုထားရမယ့် လူပဲ။ ဒီလူက လူကြီးမင်းဝူ ရဲ့ ရည်းစားလုဘက် ဖြစ်တယ်""ပြောကြတာက သူနဲ့ သခင်မလေး ယုကျောင်းကျောင်း တို့ က အရင်က တအိမ်တည်း တူတူနေကြတယ်တဲ့ ။ ဒီသတင်း ကို ကြားတော့ လူကြီးမင်းဝူ အကြီးအကျယ် ဒေါသထွက်ပြိး သူ အရမ်းနှစ်သက်တဲ့ ဇိမ်ခံသင်္ဘောကြီးကိုတောင်မှ ဖျက်ဆီးခဲ့သေးတယ်။"
အပိုင္း (၉၈၃) ရည္စားလုဘက္ႏွင့္ အမွတ္မထင္ ဆံုေတြ႔မိျခင္း။
"ရွီလွ်ဴ ေလး ေကာင္းကင္ဘံုကပ္ေဘး ေက်ာ္ျဖတ္တာကို မင္းၾကည့္ခ်င္လို႔လား" ႀကီးျမတ္တဲ့ အျဖဴ က ေခါင္းလွည့္ၾကည့္ၿပီး ၿပံဳးကာ ေျပာလိုက္တယ္ "ဒါေပမဲ့ ငါမင္းကို အဲဆီ ေခၚသြားလို႔ မျဖစ္ဘူး" "ဘာလို႔လဲ" ရူဟန္ က စိတ္ဝင္တစား နဲ႔ ျပန္ေမးလိုက္တယ္။"မင္းရဲ့ အဆင့္ကို ၾကည့္ေလ။ မင္းက တတိယအဆင့္ ထိပ္ဆံုးကို ေရာက္ေနၿပီ။ မင္းရဲ့ မရီဒန္ ေလးခုက ပြင့္ေနတယ္။ စိတ္စြမ္းအင္ နဲ႔ ကိုယ္ခႏၶာစြမ္းအင္ က အဆင့္ေလးကို ေရာက္ေနတယ္။ မင္းရဲ့ အစစ္အမွန္ခ်ီသာ အနည္းငယ္ တိုးလာမယ္ဆိုရင္ ေကာင္းကင္ဘံုကပ္ေဘး က်ဆင္းလာမွာ။ ဒါေၾကာင့္ မင္းက အားရွီလွ်ဴ ကပ္ေဘးေက်ာ္တာကို သြားၾကည့္မယ္ ဆိုရင္ မင္းပါ ေကာင္းကင္ဘံုကပ္ေဘး ေက်ာ္ျဖတ္ရလိမ့္မယ္။ အဲအခ်ိန္ မင္းတို႔ ႏွစ္ေယာက္ ေကာင္းကင္ဘံုကပ္ေဘး ရင္ဆိုင္ေနရင္ ငါေတာင္မွ ကယ္ႏုိင္မွာ မဟုတ္ဘူး" ႀကီးျမတ္တဲ့အျဇဴ က ကားေမာင္းရင္း ေျပာလိုက္တယ္။ ရူဟန္က ဆြံ႔အသြားတယ္။ ခ်ီးတဲ့မွ ... ငါလည္း ေကာငး္ကင္ဘံုကပ္ေဘး ကို ေက်ာ္ျဖတ္ရေတာ့မွာလား။ သူက မရီဒန္ ေလးခု လံုး ပြင့္ေနၿပီး ျဖစ္တာကို သတိျပဳမိတယ္ ဆိုေပမဲ့ သူ႔အေနနဲ႔ ေကာင္းကင္ဘံုကပ္ေဘး ကို ရင္ဆိုင္ဖုိ႔ အခ်ိန္လိုေသးတယ္လို႔ ေတြးထားတယ္။ ၿပီးေတာ့ သူက ေႏြရာသီ ပိတ္ရက္ကတင္မွ ေကာင္းကင္ဘုံကပ္ေဘးကို ေက်ာ္ျဖတ္ထားတာေလ။ ေနာက္တစ္ခု ေရာက္လာဖို႔ အေဝးႀကီး လိုေသးတယ္လို႔ သူေတြးထားတာ ျဖစ္တယ္။ ဒါေပမဲ့ ႀကီးျမတ္တဲ့အျဖဴ သတိေပးလိုက္ၿပီးတဲ့ေနာက္ ေကာင္းကင္ဘံုကပ္ေဘးကို သူ႔ေခါင္းတည္တည့္ မွာ တြဲေလာင္း ခ်ိတ္ထားတဲ့ဓားတစ္ေခ်ာင္းလို ရွိေနၿပီး အခ်ိန္မေရြး က်ဆင္းလာနိုင္တာကို သတိျပဳမိလိုက္တယ္။"ၿပီးၿပီ" ရူဟန္ က ေျပာလိုက္တယ္ "စီနီယာအျဖဴ .. တတိယအဆင့္ကေန စတုတၳအဆင့္ကို ေရာက္ဖို႔ ေက်ာ္ျဖတ္ရတဲ့ ေကာင္းကင္ဘံုကပ္ေဘး အေၾကာင္း ငါလံုးဝ မသိဘူး။ အစီအရင္ကို ဘယ္လို ျပဳလုပ္ရတယ္ ဆိုတာလည္း လံုးဝ မသိဘူး။""မပူနဲ႔. ။ မင္းဘာမွမသိဘူး ဆိုတာ ငါသိတယ္။ ဒါေၾကာင့္ ေကာင္းတဲ့အရာေတြ မင္းကို အႀကံံျပဳေနတာေပါ့" ႀကီးျမတ္တဲ့အျဖဴ က ေျပာလိုက္တယ္ "မင္းရဲ့ ဖုန္းကို ထုတ္။ ၿပီးရင္ ကိုးစီရင္စု ဂရု ထဲကို ဝင္။ မွ်ေဝထားတဲ့ ဖိုင္ေတြကို ၾကည့္လိုက္။. တာအိုေရာင္းရင္း စိတ္ဝိညာဥ္ လိပ္ျပာက မင္းအတြက္ အကူအညီ ျဖစ္ေနမယ့္ ဖိုင္တစ္ခု တင္ထားတယ္"တကယ္ေတာ့ ရူဟန္ အဆင့္ေလး ေကာင္းကင္ဘံုကပ္ေဘး ေက်ာ္ျဖတ္မွာကို စိတ္မပူပါဘူး။ ရူဟန္ က တျခားသူေတြ နဲ႔ မတူဘဲ အဆင့္ငါး စိတ္ဝိညာဥ္ေကာင္ ရွိတယ္ေလ။ စိတ္ဝိညာဥ္ေကာင္နဲ႔ သူ႔သခင္ က တသားတည္းပါ။ ေျပာရမယ္ ဆိုရင္ ရူဟန္ ကပ္ေဘးေက်ာ္ေနတုန္းမွာ ရီစင့္ က ရူဟန္ကို သူမ ကုညီခ်င္သေလာက္ အားရပါးရ ကူညီလို႔ရတယ္။ ဒါက ေကာင္းကင္ဘုံကပ္ေဘးကို ပိုမို အားေကာင္းလာေစတဲ့ တျခားေသာ အျပင္ပိုင္း အကူအညီမ်ိဳး မဟုတ္ပါဘူး။ ဒါေၾကာင့ ္စိတ္ခ်လက္ခ် ရီစင့္ က ကူညီႏိုင္တယ္။စီနီယာအျဖဴ ရဲ ့ စကားကို ၾကားေတာ့ ရူဟန္ က ဖုန္းကို ထုတ္ယူလိုက္တယ္။မၾကာမီမွာပဲ သူက ႀကီးျမတ္တဲ့ စိတ္ဝိညာဥ္ လိပ္ျပာ တင္ထားတဲ့ ဖိုင္ကို ေတြ႔လိုက္တယ္။"စီနီယာ စိတ္ဝိညာဥ္ လိပ္ျပာ .. ေက်းဇူး အမ်ားႀကီး တင္တယ္" ရူဟန္က ဖိုင္ ကို ေဒါင္းလုဒ္ လုပ္ဖို႔ ျပင္လိုက္တယ္။ဒါေပမဲ့ ဒီအခ်ိန္မွာပဲ ဖိုင္က ေဒါင္းၿပီးသားျဖစ္ေနတယ္။ ဘယ္သူ ေဒါင္းလုဒ္ လုပ္ခဲ့တာလဲ။ၾကက္သြန္ေလးလား။ ေစာနတုန္းက ၾကက္သြန္ေလး က သူ႔ဖုန္းကို အသံုးျပဳၿပီး ကိုးစီရင္စု က စီနီယာေတြဆီ အကူအညီ ေတာင္းခဲ့ေသးတယ္။ခဏေလာက္ စဥ္းစားၿပီးတဲ့ေနာက္ ရူဟန္က စာဖိုင္ကို ဖြင့္လိုက္တယ္။စာဖိုင္က အဆင့္ေလးေကာင္းကင္ဘံု ကပ္ေဘး နဲ႔ သက္ဆိုင္တဲ့ အေျခခံ အသိအျမင္ေတြကို ရွင္းျပထားတယ္။ ဒါတင္ မကေသးပါဘူး။ ႀကီးျမတ္သူ တစ္ေယာက္ ကေန ၾကည့္ၿပီး သံုးသပ္ျပထားတာ ေတြ ပါဝင္ေနၿ႔ပီး ျဖစ္လာႏုိင္တဲ့ျပႆနာ ေတြကို ဘယ္လို ရွင္းရမယ္ ဆိုတာကိုပါ ေသခ်ာ ေျပာျပထားတယ္။လံုးဝ ျပည့္စံုတယ္။"ေကာင္းၿပီ။ ဒါဆိုရင္.. ငါအရင္သြားေတာ့မယ္" ႀကီးျမတ္တဲ့အျဖဴ က ေျပာလိုက္တယ္။ရူဟန္က ေျပာလိုက္တယ္ "စီနီယာအျဖဴ .. ေနအုန္း။ ကားကို အရင္ရပ္အုန္းေလ" ႀကီးျမတ္တဲ့အျဖဴ က ကားေမာင္းေနရင္း တန္းလန္းႀကီးေလ။ သြားအုန္းမယ္ ဆိုၿပီး ဒီတိုင္းႀကီး ေပ်ာက္သြားရင္ ရူဟန္ နဲ႔ က်န္တဲ့သူေတြ အားလံုး ကားတိုက္မွဳေတြ ျဖစ္ကုန္မွာေပါ့။ "မပူနဲ႔။ ဒီလိုအရာက ငါဘယ္လိုေမ့ပါ့မလဲ" ႀကီးျမတ္တဲ့အျဖဴ က ကားကို လမ္းေဘးခ်ရပ္ၿပီး ဘရိတ္ကို နင္းလိုက္တယ္။ကားရပ္ၿပီးတဲ့ေနာက္ ႀကီးျမတ္တဲ့အျဖဴ က ထပ္ေျပာလိုက္တယ္ "ေကာင္းၿပီ. ရူဟန္ .. မင္းနဲ႔ မင္းရဲ့ စိတ္ဝိညာဥ္ေကာင္ ရီစင့္ တို႔ အျမင္အာရုံ မွ်ေဝ လို႔ ရလား။""အင္း.. အျမင္အာရံုအျပင္ မွတ္ဥာဏ္ေတြ ကိုပါ မွ်ေဝလို႔ ရတယ္" ရူဟန္က ျပန္ေျပာလိုက္တယ္။သူတို႔ၾကားက စိတ္ဝိညာဥ္ သေဘာတူညီမွဳ စာခ်ဳပ္ က ပိုပိုၿပီး အားေကာင္းလာတယ္။ "ေကာင္းၿပီ။ ဒါဆိုရင္ တာအိုေရာင္းရင္း ရီစင့္က ငါနဲ႔ လိုက္ခဲ့ၿပီး ရွီလွ်ဴ ကပ္ေဘးေက်ာ္တာကို လာၾကည့္။ ဒီလိုဆိုရင္ မင္း ဘယ္လို ကပ္ေဘးေက်ာ္မလဲ ဆိုတဲ့ အေတြးအျမင္ကို ရလာလိမ့္မယ္" ႀကီးျမတ္တဲ့အျဖဴ က ေျပာလိုက္တယ္။ "ေက်းဇူးး . စီနီယာအျဖဴ" ရူဟန္ က ေျပာလိုက္တယ္။ရီစင့္ က ဒီအခ်ိန္မွာ တီဗြီစီးရီး တစ္ခ်ိဳ႕ကို ၾကည့္ေနတာပါ။ ဆယ္မီတာ ရွည္တဲ့ ကားေပၚမွာ LCD တီဗြီ လည္းပါတယ္။ စီနီယာအျဖဴ ရဲ့ စကားကို ၾကားေတာ့ သူမ က ေခါင္းေမာ့ၾကည့္ၿပီး ေျပာလိုက္တယ္ "အမ္.. စီနီယာအျဖဴ .. ရူဟန္ နဲ႔ ငါက တသားတည္းေလ။ ငါသြားရင္ ျပႆနာ မျဖစ္ႏိုင္ဘူးလား""မပူနဲ႔။ ရူဟန္ ရဲ့ အဓိက ခႏၶာကိုယ္ မသြားမခ်င္း ဘာမွျဖစ္မွာ မဟုတ္ဘူး။" ႀကီးျမတ္တဲ့အျဖဴ က ေျပာလိုက္တယ္။ ရီစင့္ က ခဏေလာက္ စဥ္းစားၿပီး ေျပာလိုက္တယ္ "ေကာင္းၿပီ. ငါ လိုက္သြားမယ္"သူမ က တီဗြီ စီးရီးကို ဆက္ၾကည့္ခ်င္ေနတယ္ ဆိုေပမဲ့ ရူဟန ္အတြက္ ေကာင္းကင္ဘံုကပ္ေဘး နဲ႔ သက္ဆိုင္တာေတြကို စုစည္းရွာေဖြ ထားတာ ပိုအေရးႀကီးတယ္လို႔ ခံစားမိတယ္။ ႀကီးျမတ္တဲ့အျဖဴ က ရီစင့္ကို လွမ္းဆြဲၿပီး ေျပာလိုက္တယ္ "ရူဟန္.. ငါ ကားကို မင္းနဲ႔ ထားခဲ့မယ္။ မင္း ဘာသာ ေမာင္းျပန္သြားေတာ့" ၿပီးေနာက္ ရူဟန္ ျပန္ေျပာတာကို နားမေထာင္ ဘဲ ရီစင့္ နဲ႔ အတူ ေပ်ာက္ကြယ္သြားတယ္။ရူဟန္ ေအာ္လိုက္တယ္ "ေနအုန္း" စီနီယာအျဖဴ .. ငါမွာ A လိုင္စင္ မရွိဘူးေလ။ ခရီးသည္တင္ ဇိမ္ခံကား ဆိုတာက နံပါတ္ျပားအဝါေရာင္ပါ။ ရူဟန္ က ေလာေလာဆယ္ C1 လိုင္စင္ကိုပဲ ကိုင္ထားႏိုင္တာ ျဖစ္တယ္။ရူဟန္က ဆယ္မီတာရွည္တဲ့ ကားႀကိးကို ၾကည့္ၿပီး သက္ျပင္းခ်လိုက္တယ္။ အခု ဘာလုပ္ရမွာလဲ.။ ျဖတ္သြားျဖတ္လာကားေတြ ရွိတာေၾကာင့္ သူက ကားႀကီးကို သိုေလွာင္လက္ေကာက္ထဲ ထည့္သိမ္းလို႔ မရပါဘူး။ အားလံုးရဲ့ မ်က္စိေရွ႕မွာ ဆယ္မီတာေက်ာ္ ရွည္တဲ့ ကားႀကီး ေပ်ာက္ကြယ္သြားရင္ မနက္ျဖန္ သတင္းစာထဲမွာ ဒီသတင္းပါလာမွာပါ။ ဘာလုပ္ရမလဲ။ ရဲကို အကူအညီေတာင္းရမလား။ မျဖစ္ဘူး။ မလုပ္တာေကာင္းမယ္။ရဲလာၿပီဆိုရင္ နားလည္မွဳ လြဲစရာ ေတြျဖစ္ႏိုင္ၿပီး မလိုလားအပ္တဲ့ ဒုကၡေတြ ဝင္လာႏိုင္တယ္။ဥပမာအားျဖင့္ ကားက လမ္းေဘးမွာ ရပ္ထားတာေတာ့ ဟုတ္ၿပီ။ ဘယ္သူေမာင္းလာတာလဲ။ ယာဥ္ေမာင္း ဘယ္ေရာက္သြားလဲ။ ပိုင္ရွင္ ဘယ္သူလဲ။ ကားခိုးလာတယ္ ဆိုၿပီးေတာ့ ေတာင္ သံသယ ဝင္ခံရႏုိင္တယ္။"ထားလိုက္ေတာ့။ ငါ့ဘာသာ ေမာင္းတာကမွ ပိုေကာင္းအုန္းမယ္" ရူဟန္က ဆံုးျဖတ္လိုက္တယ္။ သူက နည္းနည္းသာ ဂရုစိုက္မယ္ ဆုိရင္ ဒီကားကို ေမာင္းႏိုင္မွာပါ။ ၿပီးေတာ့ ရဲ နဲ႔ ေတြ႔ရင္ ကားနဲ႔ အတူ သူ႔ရဲ့ အတြင္းကမၻာထဲ ဝင္ပုန္းလိုက္မယ္။ရူဟန္ ေတြးေနတုန္းမွာပဲ အေဝး တစ္ေနရာ မွ လူတစ္ေယာက္က သူ႔ကို လက္ေဝ့ယမ္းျပေနတယ္။အရပ္ရွည္ရွည္၊ ခပ္ေတာင့္ေတာင့္ လူတစ္ေယာက္ပါ။ ဒါေပမဲ့ ရူဟန္ က သူ႔ကို ဘယ္သူမွန္း မသိပါဘူး။ "တကယ္ပဲ မင္းကိုး။ လူႀကီးမင္းရူဟန္။ မင္းၾကည့္ရတာ တစ္ခုခု ျဖစ္ေနသလိုပဲ. အကူအညိ လိုလို႔လား" အရပ္ရွည္ရွည္လူက ေတာက္ပစြာ ၿပံဳးလိုက္တယ္။သူ႔ခႏၶာကိုယ္က ေရေအာ္ရာမ်ိဳး ထြက္ေပၚေနတယ္။ ဒီလို ေအာ္ရာမ်ိဳးကို သူ ယုေက်ာင္းေက်ာင္း ဆီက ရဖူးတယ္။ တစ္ဖက္လူက ပင္လယ္မ်ိဳးႏြယ္ထဲကလား။ လူပံုစံေျပာင္းႏိုင္ၿပီ ဆိုေတာ့ အဆင့္ငါး မြန္းစတား ျဖစ္ေနမလား။ မဟုတ္ဘူး. တစ္ဖက္လူရဲ့ စြမ္းအင္ အဆင့္ က တတိယအဆငိ့မွာပဲ ရွိေသးတယ္။ ဒါဆိုရင္ ေတာ္ေတာ္ႀကီး ထူးျခားတဲ့ ပင္လယ္ မြန္းစတား မ်ိဳးႏြယ္ထဲက ျဖစ္မယ္။ "မင္းက .." ရူဟန္ ေျပာလိုက္တယ္။ "ဟားဟား.. ငါက မိုးေကာင္ကင္ ငါးေခြးလွ်ာ မ်ိးႏြယ္ က ျဖစ္တဲ့ ဝမ္ဖ်င္ပါ။ လြန္ခဲ့တဲ့ လ တုန္း က ငါ သခင္မေလး ယုေက်ာင္းေက်ာင္း ဆီမွာ အခ်ိ္န္အတို္င္းအတာ တစ္ခုထိ အလုပ္အေကၽြးျပဳခဲ့တယ္။ ဒါေပမဲ့ လက္ရွိမွာ ငါက သခင္မေလး ယုေက်ာင္းေက်ာင္း ရဲ့ အိမ္နီးခ်င္း လူႀကီးမင္းဝူ ဆီမွာ အလုပ္အေကၽြးျပဳေနတယ္။" အရပ္ရွည္ရွည္လူ က ၿပံဳးကာ ေျပာလိုက္တယ္ "ငါက ေဒါင္းငါးေခြးလွ်ာမ်ိဳးေလ။ ဒါေၾကာင့္ ရုပ္ေျပာင္းတဲ့ စြမး္ရည္မွာ အရမ္းအားေကာင္းတယ္။ ငါ့စြမ္းအင္ အဆင့္က မလံုေလာက္ဘူး ဆိုေပမဲ့ ငါ့မ်ိးႏြယ္ရဲ့ သေႏၵ စြမ္းအင္ အရ လူသားပံုစံကို ေျပာင္းႏိ္ုင္တယ္။ အခု လူသားပံုစံ ကို ေျပာင္းၿပီး လူႀကီးမင္း ဝူ အတြက္ ပစၥည္းအနည္းငယ္ ထြက္ဝယ္တာ"ဒီလူ က ယုေက်ာင္းေက်ာင္း ရဲ့ လူေဟာင္းျဖစ္ေနတယ္။ သူက ရူဟန္ကို မွတ္မိတာ မစမ္းပါဘူး။ "လူႀကီးမင္းရူဟန္ တစ္ခုခု ျဖစ္လို႔လား" ဝမ္ဖ်င္ က ေမးလို္က္တယ္။ "ဒီလိုေလ .. စီနီယာအျဖဴ က ဆယ္မီတာကားႀကီးကို ထားခဲ့ၿပီး ရုတ္တရက္ ေပ်ာက္သြားတယ္။ ငါ့ရဲ့ လက္ရွိ လိုင္စင္ နဲ႔ ဒီကားကို မေမာင္းႏိုင္ဘူး။ လမး္ေဘးမွာလည္း ထားခဲ့လို႔ မရဘူး။" ရူဟန္ က ေျပာလိုက္တယ္။ "ဟားဟား.. ဒီလိုဆိုရင္ ငါကုညီမယ္။ ၿပီးေတာ့ ငါ့လိုင္စင္ က ဒါကို ေမာင္းလို႔ ရႏိုင္တယ္။" ဝမ္ဖ်င္ က ၿပံဳးကာ ေျပာလိုက္တယ္။ "ဘယ္လို ေက်းဇူးတင္ရမလဲ ေတာင္ မသိေတာ့ဘူး" ရူဟန္ ေျပာလိုက္တယ္။ ဝမ္ဖ်င္ က ေမးလိုက္တယ္ "လူႀကီးမင္းရူဟန္ .. ဒီကားကို ဘယ္ဆီ ေမာင္းသြားခ်င္တာလဲ""အနီးအနားက လူသူရွင္းတဲ့ေနရာရွိလား။ သာမာန္လူေတြ ဂရုမျပဳမိတဲ့ ေနရာဆိုရင္ ပိုေကာင္းမယ္" ရူဟန္ က ေျပာလိုက္တယ္။ဝမ္ဖ်င္ က ခဏေလာက္ စဥ္းစားၿပီး ေျပာလိုက္တယ္ "ဒီေနရာ နဲ႔ ႏွစ္ကီလုိမီတာ မွာ ေရေလွာင္တမံ တစ္ခု ရွိတယ္။ ေတာ္ေတာ္ႀကီးကို တိတ္ဆိတ္တယ္။ ငါတို႔ ပင္လယ္မ်ိဳးႏြယ္ေတြ အသြင္ေျပာင္းခ်င္ရင္ အဲဆီ သြားေျပာင္းၾကတာ။ သာမာန္လူေတြ လည္း သိပ္မရွိဘူး။ ေသခ်ာ ဂရုစိုက္မယ္ဆိုရင္ သာမာန္လူေတြ သတိျပဳမိမွာမဟုတ္ဘူး""အရမ္းေကာင္းတယ္။ အဲဆီ အရင္ေမာင္းသြားရေအာင္" ရူဟန္ က ၿပံဳးကာ ေျပာလိုက္တယ္။လူသူကင္းရွင္းတဲ့ေနရာ ဆီကို ေရာက္ၿပိးတဲ့ေနာက္ သူက ကားကို သိုေလွာင္လက္ထဲမွာ သိမ္းလိုက္မွာ ျဖစ္တယ္။ၿပီးရင္ သူ႔ရဲ့ ေငြေရာင္နဂါး ရုပ္ေသးနဲ႔ အတူ ခ်ဴမိသားစု ဆီကို သြားမွာပါ။ ဝမ္ဖ်င္ က ေပ်ာ္ရႊင္စြာနဲ႔ ကားထဲကို ဝင္လိုက္တယ္။ ၿပီးေနာက္ ဖုန္းကို ထုတ္ယူၿပီး ေမးလိုက္တယ္ "ေကာင္းၿပီ။ လူႀကီးမင္း ရူဟန္ ငါ ဓာတ္ပံု နည္းနည္းေလာက္ ရိုက္လို႔ ရမလား""?" ရူဟန္ က ဇေဝဇဝါ ျဖစ္သြားတယ္။ "ဒီကားက အရမ္းမိုက္တယ္။ ဒီလိုကားမ်ိဳး ေမာင္းဖူးတာ ပထမဆံုးပဲ။ ဒါေၾကာင့္ ဓာတ္ပံုရိုက္ၿပီး လိုင္းေပၚတင္ရမယ္ေလ" ဝမ္ဖ်င္ က ေျပာလိုက္တယ္။"ေကာင္းၿပီ" ရူဟန္ က စိတ္ဝင္တစား နဲ႔ ေမးလိုက္တယ္ "ဒါေပမဲ့ မင္းဒီကားကို ႀကိဳက္ရင္ တစ္စီးေလာက္ လြယ္လြယ္ ဝယ္လို႔ရတယ္ မဟုတ္ဘူးလား"ဝမ္ဖ်င္က ပင္လယ္မ်ိဳးႏြယ္ထဲကပါ။ ပင္လယ္ၾကမ္းျပင္မွာ ရတနာေတြ အမ်ားႀကီးရွိတယ္ေလ။ နည္းနည္းေလာက္ ယူလာၿပီး ပိုက္ဆံနဲ႔ လဲလိုက္ရင္ ရတာပဲ။"ငါတို႔အတြက္ ပိုက္ဆံ က သိပ္မခက္ဘူး။ ဒါေပမဲ့ ပင္လယ္မ်ိဳးႏြယ္ ေတြ က အဆင့္ငါး မေရာက္ခင္အထိ ေရကေန ၾကာၾကာခြာလို႔ မရဘူး။ ဒါေၾကာင့္ ျမင့္မားတဲ့ စြမ္းအင္အဆင့္ မရွိဘဲ ကားတို႔ ၊ အိမ္တို႔ကို လူသားကမၻာမွာ မဝယ္တာေပါ့။ ဒါေပမဲ့ အဆင့္ငါး ေရာက္ၿပီးရင္ ငါ က်ိန္းေသေပါက္ ဇိမ္ခံကားေတြ ဝယ္မယ္။" ဝမ္ဖ်င္ က ၿပံဳးကာ ေျပာလိုက္တယ္။ "ငါသိတယ္" ရူဟန္ က ေခါင္းညိတ္လိုက္တယ္။ သူ ဒီေန႔မွာ အသစ္တစ္ခုကို သင္ယူခဲ့ရၿပီ။ ဝမ္ဖ်င္က ရူဟန္ နဲ႔ အတူ ဆဲဖီးလ္ပံုေတြ ရိုက္ၿပီး လိုင္းေပၚတင္လိုက္တယ္။[ငါဒီေန႔ ပစၥည္းတစ္ခ်ိဳ႕ သြားဝယ္တာ သခင္မေလး ယုေက်ာင္းေက်ာင္း ရဲ့ သူငယ္ခ်င္းႀကီး လူႀကီးမင္း ဗိုလ္က်သူ ဓားေမာ့ ရူဟန္ နဲ႔ ေတြ႔ခဲတယ္။ သူ႔ကို ေက်းဇူးတင္ရမယ္။ ငါ ဇိမ္ခံကားႀကီးကို ေမာင္းႏိုင္ခဲ့ၿပီ။ ဒါက ငါ့စိတ္ အာသီသ ကို ျပည့္ဝေစတယ္။] ပံုတင္ၿပီးေနာက္ မွာေတာ့ ဝမ္ဖ်င္ က ကားခါးပတ္ကို ပတ္လိုက္တယ္ "လူႀကီးမင္း ရူဟန္ .. ေသခ်ာထိုင္"ဆယ္မီတာ ကားႀကီးက သူတို႔နဲ႔ ႏွစ္ကီလိုမီတာ အကြာက ေရေလွာင္တမံ ဆီကို ဦးတည္လိုက္တယ္။ ❄️❄️❄️ဝမ္ဖ်င္ ပံုတင္လိုက္တဲ့ေနာက္ သူ႔သူငယ္ခ်င္း နဲ႔ လုပ္ေဖာ္ကိုင္ဖက္ ေတြက ေကာင္းေကာင္းျမင္ခဲ့တာယ္။ေရေလွာင္တမံေနရာမွာေတာ့ ..မြန္းစတားသံုးေကာင္ ရွိေနတယ္။ သူတို႔က ဝမ္ဖ်င္လိုပဲ လူႀကီးမင္းဝူ ရဲ့ ေနာက္လိုက္ေတြျဖစ္တယ္။ သူတို႔က ပစၥည္းဝယ္တာ တို႔ဘာတို႔ကို တာဝန္ယူရသူေတြ ျဖစ္တယ္။ဒီမြန္းစတား သုံးေကာင္ က ဝမ္ဖ်င္ တင္ထားတဲ့ ပံုကို ျမင္လိုက္ၾကတယ္။ခ်ီးတဲ့မွ .. ဝမ္ဖ်င္ေမာင္းတဲ့ ကားက အရမ္းလန္းတယ္။ ဘယ္သူ ကားလဲ။ ေမာင္းလို႔ ရရင္ ေကာင္းမယ္""တကယ္ေတာ့ ဒီလူငယ္ေလးကို ငါရင္းႏွီးေနတယ္။ သူ႔နာမည္ က ဗိုလ္က်သူဓားေမာ့ ရူဟန္ လား""ဝမ္ဖ်င္ ေျပာသလို ဆိုရင္ သခင္မေလး ယုေက်ာင္းေက်ာင္း ရဲ့ သူငယ္ခ်င္းတဲ့""ေနအုန္း။ ဒါက စီနီယာအစ္ကိုႀကီး ေဂါင္ရွန္ ဆိုတဲ့ လူသားက်င့္ႀကံသူ မဟုတ္လား။ သူက ဒုတိယအဆင့္ က်င့္ႀကံသူ ျဖစ္ၿပီး သခင္မေလး ယုေက်ာင္းေက်ာင္း နဲ႔ ရုပ္ရွင္တူတူရိုက္ခဲ့တာ။ ဒီလူက လူႀကီးမင္းဝူ ေျပာထားတဲ့ ဂရုစိုက္ ၾကည့္ရႈထားရမယ့္ လူပဲ။ ဒီလူက လူႀကီးမင္းဝူ ရဲ့ ရည္းစားလုဘက္ ျဖစ္တယ္""ေျပာၾကတာက သူနဲ႔ သခင္မေလး ယုေက်ာင္းေက်ာင္း တို႔ က အရင္က တအိမ္တည္း တူတူေနၾကတယ္တဲ့ ။ ဒီသတင္း ကို ၾကားေတာ့ လူႀကီးမင္းဝူ အႀကီးအက်ယ္ ေဒါသထြက္ၿပိး သူ အရမ္းႏွစ္သက္တဲ့ ဇိမ္ခံသေဘၤာႀကီးကိုေတာင္မွ ဖ်က္ဆီးခဲ့ေသးတယ္။"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Tempat cerita menjadi hidup. Temukan sekarang