အပိုင်း (၁၀၅၀)

123 29 0
                                    


#Unicode


စီနီယာအဖြူ စစ်ဆေးပြီး အတည်ပြုပေးပါ။

ရူဟန်က နောက်ထပ် ခြေတစ်ဘက်ကို မြောက်ပြီး တက်လိုက်တော့ သူ့ တကိုယ်လုံးက ရတနာဓားမော့ ပေါ်ကို ရောက်သွားတယ်။. ဒီတစ်ကြိမ်မှာတော့ အလင်းလွှာတွေက ပုံမှန် အတို်င်းရှိနေတယ်။

"သွား" ရူဟန်က လက်စည်းသင်္ကေတ တစ်ခုကို ပြုလုပ်လိုက်တော့ ဓားမော့က သူ့ကို ကောင်းကင်ဆီခေါ်သွားတယ်။

ဒီတစ်ကြိမ်မှာတော့ ဘာမှမှားယွင်းမှု မရှိတော့ပါဘူး။ ရူဟန်က ဓားမော့ပျံ (ချပ်ဝတ်) ကို စီးပြီး ဆယ်မီတာ အမြင့်လောက်မှာ စက်ဝိုင်းပုံ လှည့်ပတ် ပျံသန်းနေတယ်။

ဒါက သူ့အတွက် ပထမဆုံး ပျံသန်းတာ ဖြစ်တာကြောင့် သူက အမြင့်ကြီး မပျံရဲပါဘူး။ မလိုလားအပ်တဲ့ မတော်တဆ မှုတွေ ဖြစ်မလာအောင် သူက ဓားမော့ဆန္ဒချပ်ဝတ်ကိုပါ ကိုယ်ပေါ်မှာ ဖွဲ့တည်ထားလိုက်တယ်။ ဓားမော့ဆန္ဒချပ်ဝတ်က ကိုယ်ပေါ်မှာ ရှိနေတယ် ဆိုရင် သူက ရုတ်တရက် ပြုတ်ကျလာမယ်ဆိုရင်တောင်မှ ဘာထိခိုက်မှု မှ ဖြစ်မှာ မဟုတ်ပါဘူးး။

အားရှီလျှူက သူမ ရဲ့ ဒူးနှစ်ဖက်ကို ဖက်ရင်း လေထဲက ရူဟန်ကို ကြည့်နေတယ်။ သူမ မျက်ဝန်းထဲမှာတော့ ပျော်ရွှင်တဲ ့အရိပ်အယောင် တွေ ယှက်သန်းနေတယ်။ ခဏလောက် စဉ်းစားပြီးတဲ့နောက် သူမက ဖုန်းကိုထုတ်ယူပြီး ရူဟန်ပုံတွေကို ရိုက်ယူလိုက်တယ်။.

နောက်တစ်ပတ် ပျံသန်းပြီးတဲ့နောက် ရူဟန်က ရပ်တန့်ပြီး မြေပေါ်ဆင်းသက်လိုက်တယ်။

အားရှီလျှူ က မေးလိုက်တယ် "ဘယ်လိုခံစားရလဲ"

ရူဟန်က ပြုံးပြီး ပြောလိုက်တယ် "အရမ်းမိုက်တယ်။ လေယာဉ်မောင်းရတာထက် ပိုကောင်းသေးတယ်။ ငါ့ကိုယ်ပိုင်စွမ်းအင် နဲ့ ကောင်းကင်ပေါ်မှာ ပျံသန်းရတာ အရမ်းကို ကောင်းတယ်လို့ ခံစားရတယ်"

ပြီးတော့ သူက ကောငး်ကင်ပေါ်က ပြုတ်ကျရင်တောင်မှ စိုးရိမ်စရာမလိုတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ သူပျံသန်းနိုင်ပါပြီ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now