အပိုင်း (၉၉၃)

116 23 1
                                    


#Unicode


ခေါင်းကို အမြှောက်နဲ့ ချိန်ထားတာ ဘယ်လိုခံစားရလဲ ဆိုတာကို မင်းသိရဲ့လား။

ဒါပေမဲ့ ဆောင်းနှင်းမြူ နန်းတော် က ကြုံဝင်သွားခဲ့တယ် ဆ ိုတာက ရူဟန် လက်ထဲကို သော့ရောက်သွားတာကြောင့်ပါ။ ပြီးတော့ ရီစင့်နဲ့ ကျောက်စိမ်းအင်ပါယာ ချန်လင်း ကြားက ပတ်သက်မှုကြောင့်လည်း ပါဝင်တယ်။ ဒီသော့ကြောင့်-သာ ဆောင်းနှင်းမြူ နန်းတော် က ကြုံပြီး သူ့အတွငး်ကမ္ဘာဆီ ယူသွားလို့ ရတာပါ။

နေအုန်း .... ဒါကို အတွင်းကမ္ဘာဆီ တိုက်ရိုက်ယူသွားလို့ ရနိုင်လား။.

ဒါပေမဲ့ ဒီကိစ္စကို အလျှင်လိုစရာ မလိုသေးဘူး။ အစစ်အမှန် နတ်ဘုရား ထာဝရမီး က နွေနန်းတော် နဲပ တခြား အစိတ်ပိုင်းတွေကို ထိန်းချုပ်မှု လွှဲပြောင်းပေးပြီရင် သူက စမ်းသပ်လို့ ရနိုင်ပါပြီ။

"တာအိုရောင်းရင်း ဗိုလ်ကျသူ ဗိုလ်ကျသူ ဓားမော့ .. မင်းသဘောကျတာကို မြင်တော့ ငါပျော်တယ်။ အရိုးသားဆုံးပြောရရင် နွေနန်းတော် က ရှေးကောင်းကင်ဘုံမြို့ ရဲ့အစိတ်အပိုင်းတွေပဲ။. ဒါက တော်တော်တော့သေးတယ်" ထာဝရမီးက ပြုံးကာပြောလိုက်တယ်။

ပြောပြီးတဲ့နောက် ထာဝရမီးက နွေနန်းတော်ကို လက်တင်ပြီး ကျမ်းစာကို ရွတ်ဖတ်လြိုက်တာယ်။]

သူရွတ်ဖတ်နေတာက ကျောင်းတော်သား နယ်မြေရဲ့ စာသားတွေ ဖြစ်ပုံပေါ်တယ်။ သူရွတ်ဖတ်နေတုန်းမှာပဲ လေထဲမှာ ရွှေရောင်စာသားတွေ ပေါ်လာတယ်။ ရွှေရောင်စာသား ငါးသောင်းလောက် ပေါ်လာပြီး နွေနန်းတော်ကို ရစ်ပတ်နေတယ်။

ပြီးနောက် ထာဝရမီးက လှည့်ပြီး ရွှေရောင်စာရွက်တစ်ရွက်ကို ရူဟန်ဆီ ကမ်းပေးလိုက်တယ် "သူငယ်ချင်းလေး ဗိုလ်ကျသူ ဓားမော့ ... ကျေးဇူးပြုပြီး မင်းရဲ့ စိတ်စွမ်းအင် နဲ့ အစစ်အမှန်ချီကို ရွှေစာရွက်ပေါ် မှာ အမှတ်အသား ထားလိုက်။. ဒါဆိုရင် နွေနန်းတော် ပိုင်ရှင်က မင်းဖြစ်သွားလိမ့်မယ်"

ရုူဟန်က သူပြောတဲ့အတိုင်း စိတ်စွမ်းအင် နဲ့ အစစ်အမှန်ချီတွေကို ရွှေ့စာရွက်တွေပေါ်မှာ အမှတ်အသား ထားလိုက်တယ် "ရပြီလား"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora