အပိုင်း (၉၄၇)

121 24 0
                                    


#Unicode


အသက်ပြန်ရှင်လာစေတဲ့ နည်းလမ်းက အရမ်းအဆင့်မြင့်တယ်။

ဒီအချိန် တားမြစ်နယ်မြေ အဝင်ဝမှာတော့ ...

စီနီယာအဖြူ က ခရမ်းရောင် ဝတ်စုံ နဲ့ ကျင့်ကြံသူ နောက်ကို လိုက်ပြီး ရွှေပြားဝိုင်းတွေ ထဲကို ခုန်ဝင်သွားတယ်။

သူက တားမြစ်နယ်မြေထဲကို ခုန်ဝင်လိုက်ချိ်န်မှာတော့ အပြင်ဘက်က မြင်ခဲ့ရတဲ့ နတ်ဘုံနတ်နန်းလို ထည်ဝါလှတဲ့ မြင်ကွင်းက ပျောက်ကွယ်သွားခဲ့တယ်း ဒါက အထဲကို လူတွေ ဝင်လာအောင် မြူဆွယ်ထားတဲ့ မြင်ကွင်းတစ်ခုပါပဲ။

အတွင်းမှာတော့ ရေခဲတွေ နှင်းတွေနဲ့ ပြည့်နှက်လျှက်ရှိတယ်။

အတွင်းတည်နေရာက အရမ်းကြီး မကြီးမားဘူး။ ၃၀၀ စတုရန်းမီတာလောက်ပဲ ရှိတယ်။ လေးထောင့်ပုံစံ တစ်ခု ဖြစ်ပြီး အလယ်မှာ ယစ်ပုလ္လင် တ်စခု တည်ရှိတယ်။ အခန်းရဲ့ နံရံလေးခု မှာ တံခါးပေါက် လေးခု ရှိနေတယ်။

ပြောရမယ်ဆိုရင် ဒီရွှေပြားဝိုင်းတစ်ခုတည်းကသာ တားမြစ်နယ်မြေ ကို ဝင်တဲ့ ဝင်ပေါက် မဟုတ်ပါဘူး။ တခြားသော ဝင်ပေါက် သုံးခု ရှိနေပါသေးတယ်။

တည်နေရာ အမျိုးအစား မှော်နည်းစနစ် ကို အသုံးပြုပြီး ဒီနေရာကို ဖန်တီးထားတာ ဖြစ်တယ်။ ]

ပထမတုန်းက ဒီနေရာက အဆင့်ခုနှစ် ဒါမှမဟုတ် အဆင့်ရှစ် ရဲ့ တားမြစ်နယ်မြေလို့ ထင်ထားခဲ့တာ ဖြစ်ပေမဲ့ အတွင်းကို ရောက်ချိန်မှာတော့ အဆင့်ကိုး ကပ်ဘေးလွန်အဆင့်ရဲ့ လက်ရာဖြစ်တယ်ဆိုတာ စီနီယာအဖြူ က တွေးလိုက်တယ်။

"အင်း.. သောက်ရမ်းအေးသဟ။ ဘာလို့ ဒီလောက်အေးရတာလဲ" ဒီအချိ်န်မှာတော့ ခရမ်းရောင် ဝတ်စုံ နဲ့ လူက အအေးကြောင့် စတင်တုန်ရီလာတယ်။

ဒီမီတာ သုံးရာလောက် ရှိတဲ့နေရာက အရမ်းကို အေးစက်နေတယ်

တကယ်တော့ ကျင့်ကြံသူတွေ က အအေးဆုံးဆိုတဲ့ နေရာကို ဖင်ပြောင်လျှောက်သွားနေရင်လည်း ဘာမှမခံစားရပါဘူး။

.. ဒါပေမဲ့ ခရမ်းရောင် ဝတ်စုံ ကျင့်ကြံသူက ဒီနေရာကို ခြေချလိုက်ချင်းချင်း မှာပဲ အရိုးကွဲမတတ် အေးခဲမှုကို ခံစားလိုက်ရတယ်။ ဒီအအေး တွေက သူ့ခန္ဓာကိုယ်ကိုတင် မဟုတ်ဘဲ သူ့ဝိညာဉ်ကိုပါ သက်ရောက်လာတာ ဖြစ်တယ်။ ခရမ်းရောင် ဝတ်စုံ နဲ့ လူ က သူ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ အစစ်အမှန်ချီတွေကို အသက်သွင်းလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora