အပိုင်း (၁၀၅၅)

114 27 0
                                    


#Unicode


စီနီယာစွန်း .. ငါ့ကို ဘာလို့ တပည့်အဖြစ် လက်မခံတာလဲ ။

ရူဟန်က ပြောလိုက်တယ် "ဒါဆိုရင် ငါစရေတာနဲ့ သွားကြမယ်"

"ကောင်းပြီ" ရှီလျှူက ခေါင်းညိတ်လိုက်တယ်။

ဘေးတစ်ဖက် မှာ ရှိနေတဲ့ ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က ပြုံးပြီး သူ့ရဲ့ ပုံရိပ်ယောင် အစစ်အမှန် ကို ပြန်သိမ်းလိုက်တယ်။ ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ပြီး နှစ်ယောက်သား ရဲ ့ဓားမော့ပြိုင်ပွဲကို ကြည့်ရှုဖို့ ဆုံးဖြတ်လိုက်တယ်။

"၃..၂..၁ သွား" ရူဟန်က သူ့ရဲ့ ရတနာဓားမော့ကို မြှောက်လိုက်တယ်။ ပြီးနောက် ဓားဆွဲယူခြင်း နည်းစနစ် ကိုအသက်သွင်းကာ ကောင်းကင်ပေါ်သို့ အမြန်ဆုံးနှုန်း နဲ့ ပျံသွားလိုက်တယ်။

ရှီလျှူက အလျှင် မလိုပါဘူး။ ရူဟန် အမြင့်ကြီးကို ပျံသွားပြီးတဲ့နောက် သူမ က အစစ်အမှန်ယန် ဖြည့်စွက် ဆေးလုံးတစ်လုံးကို ဖြည်းဖြည်းချင်း ထုတ်ယူကာ သောက်လိုက်တယ်။ ပြီးနောက် လက်သင်္ကေတ တစ်ခုကိုပြုလုပ်လိုက်တော့ သူမရဲ ့အသက်သွေးရတနာ ဓားမော့ပေါ်မှာ အလင်းလွှ့ာတွေ ဖြစ်ပေါ်လာတယ်။ ပြိးနောက် အလင်းလွှာတွေက သူမ ကိုယ်ကို ရစ်ပတ်သွားပြီး ကြည့်ရှုနေသူတွေက သူမ နဲ့ အလင်းလွှာတွေ တသားတည်း ဖြစ်တည်သွားတာကို မြင်လိုက်ရတယ်။ ပြီးနောက် ဓားမော့အလင်းတစ်ခု အဖြစ် ပြောင်းလဲသွားတယ်။

ဓားမော့အလင်းက ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး တစ်စက္ကန့်အတွင်းမှာပဲ ရူဟန်ကို လိုက်မှီသွားတယ်။ နောက်တစ်စက္ကန့် အတွင်းမှာပဲ ရူဟန်ကို ကျော်ဖြတ်သွားခဲ့ပြီး နောက်ထပ် တစ်စက္ကန့်အကြာမှာတော့ ရူဟန်က ရှီလျှူ ရဲ ့ပုံရိပ်ကို မမြင်ရတော့ပါဘူး။

ရူဟန် "......."

အရင်တုန်း က ရီစင့် အနေနဲ့ သူ့ကို ကျင့်ကြံခြင်းလောက မှာ ရှိတဲ့ ဓားပျံစီးနင်းခြင်း နည်းလမ်းအမျိုးမျိုးကို ရှင်းပြခဲ့တယ်။

ပထမအမျိုးအစားက ရူဟန် အခု သင်ယူနေတဲ့ အလင်းလွှာတွေကို အသုံးပြုတဲ့ နည်းလမ်းဖြစ်တယ်။ ပထမဆုံး အဆင့်က ဓားပျံ ဒါမှမဟုတ် ဓားမော့ပျံ တစ်ခုခု ပေါ်မှာ အလင်းလွှာတွေ ဖွဲ့စည်းရမယ်။ ပြီးရင် ကျင့်ကြံသူတွေက အလင်းလွှာပေါ်တက်ပြီး အမြန်ဆုံး နှုန်း နဲ ့ပျံသန်းရမယ်။ ဒီနည်းလမး်က ကျင့်ကြံခြင်း လောကမှာ အသုံးအများဆုံး နည်းလမ်းလည်း ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Kde žijí příběhy. Začni objevovat