အပိုင်း (၉၅၇)

122 28 0
                                    


#Unicode


အရာအားလုံးက အဖြူ ရဲ့ အပြစ်တွေပဲ။

မငြိမ်းသက်နိုင်တဲ ့ကောင်းကင်မီးတွေ နဲ့ ့ရင်ဆိုင်ရချိန်မှာတော့ အဆင့်ကိုး မိစ္ဆာတွေက ကြောက်လန့် မသွားကြ ပါဘူး။

ပြီးနောက် ကောင်းကင်မီးတွေက ချိန်းကြိုးမှတဆင့် ငရဲပြည်မှာ ရှိတဲ့ မိစ္ဆာတွေရဲ့ ခန္ဓာကို်ယ်ပေါ်ကို ကျရောက်သွားတယ်။ အုပ်စိုးသူ ဆန္ဒ က ထွက်ပေါ်လာပြီး မငြိမ်းသက်နိုင်တဲ့ ကောင်းကင်မီးတွေကို ချက်ချင်းပဲ ငြိမ်းသက်လိုက်တယ်။

ကျောက်ဘီလူးကြီး ရဲ့ ခန္ဓာကိုယ် က တုန်ရီသွားတယ်။ နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးခဲ့တဲ့ ကောင်းကင်မီးတွေ က ဒီလိုပဲ ငြိမ်းသွားတာလား။ ဒီတည်နေရာ ဂိတ်တံခါးရဲ ့တစ်ဖက်က ဘယ်သူလဲ။

တစ်ဖက်လူက ကောင်းကင်မီးတွေကို ငြိမ်းသက်နိုင်ရုံတင်မကဘဲ အဆင့်ကိုး ကပ်ဘေးလွန်အဆင့် ဆယ်ယောက်ကျော်ကိုတောင်မှ အမိန့်ပေးနိုင်တယ်။

အခု ငါပစ်လွှတ်လိုက်တဲ့ ပေါက်ကွဲမှု နည်းစနစ်က ဒီလူ့ မျက်နှာကို ထိသွားတာလား။

ကျောက်ဘီလူးကြီး က တွေဝေနေတုန်းမှာပဲ ချိန်ကြိုးဆယ်ကြိုးကျော် က သူ့ကို ဆွဲပြီး တည်နေရာ လမ်းကြောင်းဆီ ခေါ်သွားတယ်။

ဒါပေမဲ့ ကျောက်ဘီလူးကြီးက ဒီလိုပဲ ဆွဲခေါ်ခံရမှာလား ။

သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ အများစု က ပြန်ကောင်းနေပါပြီ။. ပြီးတော ့သူ့ရဲ့ စွမ်းအင်တွေ ရောပါပဲ။ ဒါကြောင့် ကျောက်ဘီလူးကြီးက မိစ္ဆာတွေကို အရူးလို ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တယ်။

သူက အတွင်းစွမ်းအင်တွေကို အသက်သွင်းလိုက်ချိန်မှာတော့ သူ့ခန္ဓာကိုယ်ဆီမှ အစိတ်အပိုင်းတွေ က ကျောက်နဲ့ လုပ်ထားတဲ့ ပုဆိန်တွေ၊ ဓားတွေ၊ ဓားမော့တွေ နဲ့ လှံတွေ အဖြစ် ပြောင်းလဲပြီး အဆင့်ကိုး မိစ္ဆာတွေ ဆီကို ဦးတည်သွားတယ်။

ကျောက်ဘီလူးကြီး တိုက်ခိုက်လိုက်တဲ့ တိုက်ခိုက်မှုတိုင်း က ကြမ်းတမ်းတဲ့ အော်ရာတွေ လွှမ်းခြုံနြေ့ပီး သူ နဲ့ အတူ အထူးပြုထားတဲ့ ကျောက်တုံးလမ်းစဉ် ရဲ့ စွမ်းအားတွေပါ တွဲရက် ပါဝင်နေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now