အပိုင်း (၉၆၃)

113 28 0
                                    


#Unicode


ကြီးမြတ်တဲ့အဖြူ ရဲ့ ဖုန်းခေါ်ဆိုခြင်း။

ရူဟန် က ကြောရိုးတစ်ခုလုံး ကြက်သီးတွေ နဲ့ ပြည်သွားတယ်။ ဘာလို့လဲ ဆိုတော့ ဒီတိုက်ခိုက်ချက် က သူ့ရဲ့ အဓိက နေရာကို ပစ်မှတ်ထားနေတာ ဖြစ်ပြီး ယောကျ်ားတစ်ယောက် အတွက် ဒီနေရာကို ထိခိုက်မိမယ် ဆိုရင် ဘဝ တစ်ခုလုံး ပြီးဆုံးသွားမှာ ဖြစ်တယ်။

ဒါတင် မကသေးပါဘူး။ မြောက်ပိုင်းအင်ပါယာ က သူ့ကို တားမြစ်နယ်မြေဆီကို ပို့လိုက်တယ် ။. သူ သတိပြန်ဝင်လာချင်းချင်းမှာပဲ အလစ်ဖမ်း တိုက်ခိုက်မှုကို ခံလိုက်ရတာဖြစ်တယ်။

ရန်သူ က အခွင့်အရေးကို အရယူပြိး တိတိကျကျ နဲ့ အညှာအတာမဲ့ တိုက်ခိုက်တာပဲ ဖြစ်တယ်။

ဒါပေမဲ့ ရူဟန် က အလစ်တိုက်ခံရတယ် ဆိုသော်လည်း လာမီယာ က သူကို ၂၄ နာရီ ၊ ခုနှစ်ရက်လုံး စောင့်ရှောက်ကာကွယ်နေတာ ဖြစ်တယ်။ ဒါကြောင့် အောက်ခြေဆီမှာ ရန်သူ့ တိုက်ခိုက်မှုကို မြင်တော့သူမ က ချက်ချင်း ပေါ်လာတယ်။ သူမ က ရူဟန် ကို အမြီးနဲ့ ရစ်ပတ်ပြီး အဝေးကို ပစ်လွှတ်လိုက်တယ်။ ပြိးနောက် သွေးနီရိုးကို မြှောက်ပြိး ရန်သူရဲ့ ဓားကို ထိပ်တိုက် ခံယူလိုက်တယ်။

"ကလန်"

စိတ်ဝိညာဉ် စွမ်းအင်တွေ ပါဝင်နေတဲ့ ဓား က သွေးအရိုးနဲ့ ထိပ်တိုက် ရင်ဆိုင်မိချိန်မှာ နောက်ကို လွင့်စင်ထွက်သွားတယ်။

သွေးအရိုး ရဲ့ အားအင်ကတော့ မလျော့ပါးသွားခဲ့ပါဘူး။ဓားချီတွေကို လွင့်စင်သွားစေ ပြီးနောက် မှာတော့ လုပ်ကြံသူ ရဲ့ ခေါင်းကို ထိမိစေခဲ့တယ်။

"အား...." လုပ်ကြံသူ က နာကျင်မှု နဲ့ အော်ဟစ်လိုက်တယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး က မြေပေါ် လဲကျသွားတယ်။

ဖြစ်ပျက်သမျှ တွေ အားလုံး က မျက်စိ တမှိတ်အတွင်းမှာ ဖြစ်ပေါ်ခဲတာ ဖြစ်တယ်။

လာမီယာ က သွေးအရိုးကို ယမ်းခါလိုက်တယ်။ သွေးအရိုးနဲ့ မာကျောမှု က နတ်ဘုရားလက်နက်နဲ့ တောင် နှိုင်းယှဉ်နိုင်တယ်။ သွေးအရိုး ရဲ့ မာကျောမှုက နတ်ဘုရား လက်နက်တွေကို ယှဉ်နိုင်တယ်။ လာမီယာ ကိုင်ထားချိန်မှာတော့ သွေးအရိုးပေါ်မှာ ရွှေရောင်အလင်းတွေ တောက်ပ လွှမ်းခြုံနေတာကို သာမာန်မျက်စိနဲ့တောင် မြင်နေရတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now