အပိုင်း (၉၀၈)

121 30 0
                                    


#Unicode


ကြီးကျယ်တဲ့ ခေတ်သစ်တစ်ခုက လာတော့မယ်။

ညနက်နက်မှာတော့ ကန့်သတ်မြို့တော် အထက်မှာရှိတဲ့ ကြီးမားတဲ့လကြီးက ပျောက်ကွယ်သွားပါပြီ။

ကန့်သတ်မြို့တော် ရဲ့ ကောင်းကင်ပေါ်မှာ လကြီး နှစ်စင်း ပေါ်ထွက်လာတဲ့ ကိစ္စက မနက်ဖြန် သတင်းစာ မျက်နှာဖုံးမှာ ပါလာတော့မှာ ဖြစ်ပါတယ်။

များပြားလှတဲ့ ကျွမ်းကျင်သူ တွေက ညကတည်းက စုဝေးပြီး ကောင်းကင်ပေါ်မှာ လကြီးနှစ်စင်းပေါ်လာတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အဖြေရှာနေကြတယ်။

"ဆန်းပြားလိုက်တာ .. ဘယ်လိုဖြစ်ပြိး လနှစ်စင်း ထွက်ပေါ်လာတယ် ဆိုတာနဲ့ ပတ်သက်ပြီး မနက်ဖြန် သတင်းစာရဲ့ ပထမဆုံးစာမျက်နှာ ထက်မှာ ပါလာမှာပဲ။" ကန့်သတ်မြို့တော်မှာ နေထိုင်သူတွေက စူးစမ်း နေကြတယ်။

ကျွမ်းကျင်သူလို့ ခေါ်တဲ့သူတွေကတော့ မအိပ်ဘဲ အဖြေရှာနေကြပါတယ်။ မနက်ဖြန်မှာ ဒီကိစ္စနဲ ပတ်သက်ပြီး ဖြစ်နိုင်လောက် တဲ့အကြောင်းအရင်းတွေကို ရှာဖွေပြီး တီဗွီမှာ လွင့်ရအုန်းမယ်။ ဒါဆိုရင် ပြည်သူတွေ စိတ်အေးသွားပါလိမ့်မယ်။ တကယ်တော့ ကျွမ်းကျင်သူ ဆိုတာတွေက ဒီအလုပ်ပဲ လုပ်ရတာ မဟုတ်လား။

❄️❄️❄️

ဒီအတောအတွင်းမှာတော့ ရူဟန်က သူ့ရဲ့ အတွင်း ကမ္ဘာထဲကို နောက်တစ်ကြိမ် ပြန်သွားလိုက်တယ်။

ကြီးမြတ်တဲ့အဖြူ ကလည်း ဖြစ်လာနိုင်တဲ့ အကြောင်းရင်းတွေကို စဉ်းစား အသင့်ပြင်ရင်း သူနဲ့ အတူ လိုက်လာတယ်။

ပါရမီရှင် ဗုဒ္ဓဓားမော့ ရှောင်ချိုက်ကလည်း ရူဟန် ရဲ့ အတွင်းကမ္ဘာထဲကို လိုက်လာတယ်။

အချ်ိန်အတိုင်းအတာ တစ်ခုထိ ရူဟူန်က သူမကို ဝိညာဉ်ပို့ဆောင်ခြင်း နည်းစနစ် သင်ပေးနိုင်အုန်းမှာ မဟုတ်ပါဘူး။ အနောက်တိုင်းသား ဘုန်းကြီး ဆီကနေ စီနီယာဘုန်းကြီးရဲ့ ခြိိုးခြံခြင်း ဒိုင်ယာရီ စာအုပ်ကို ဌားရမ်းကာ ဝိညာဉ်ပို့ဆောင်ခြင်း နည်းစနစ် ရဲ့ စာနှစ်ကြောင်းကို နားလည်အောင် ပြုလုပ်ခိုင်းဖို့ လိုအပ်နေပါသေးတယ်.။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora