အပိုင်း (၉၅၀)

118 25 0
                                    

#Unicode


ငါက နှစ်ပေါင်းသုံးဆယ် လေ့ကျင့်ထားတာ။ သုံးလလောက်ပဲ လေ့ကျင့်ရသေးတဲ့ ဒီကောင်လေးကို အနို်င်ပို်င်းလိုက်မယ်။

"သူငယ်ချင်းလေး .. မင်းက အမြင်ကောင်းတယ်။ ဆောင်းနှင်းမြူ နန်းတော် က ရှေးကောင်းကင် ဘုံ မြို့ရဲ့ အစိတ်အပိုင်း တစ်ခုပဲ။" နန်းတော်ထဲက အသံတစ်ခု က ထွက်ပေါ်လာတယ်။ နောက်တော့ နန်းတော်သခင် က လှမ်းထွက်လာခဲ့တယ်။

ဒီအသံ က ဂုဏ်သိက္ခာကြီးမားတဲ့ အသံ မျိုးဖြစ်ပြီး အသံပိုင်ရှင် က တာအိုဝတ်စုံ အဖြူ ကို ဝတ်ဆင်ထားတယ်။ သူက နောက်ကျောမှာ ဓားတစ်ချောင်းကို လွယ်ထားပြီး လက်ထဲမှာ တော့ ယင်ယပ်တံ တစ်ခုကို ကိုင်ဆောင်ထားတယ်။ သူ့ကို ကြည့်ရတာ ဉာဏ်အလင်းရရှိခဲ့တာကြောင့် သာမာန်ကမ္ဘာကနေ ထွက်ခွာလာခဲ့သူ တစ်ယောက်လိုပါပဲ။

ရူဟန်က သက်လတ်ပိုင်းလူကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်တယ် ဆိုတာကို သိတယ်။ တိတိကျကျ ပြောရရင် ဒုတိယအဆင့် နဂါးလက်ဝါးဒန်ထျန် အဆင့်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ အဆင့်က အနောက်တိုင်းသား ဘုန်းကြီးထက် အနည်းငယ်သာ ပိုသာတယ်။

ငါအထင်မှားနေတာလား။ ဒီတာအိုဘုန်းကြီး က တကယ်ပဲ ဒုတိယအဆင့် စွမ်းအင်မျိုး ရှိနေတာလား။ ရူဟန် က တွေးလိုက်တယ်။

ဒီတာအိုဘုန်းကြီး က နန်းတော်သခင် ဖြစ်ဖို့ အရမ်းအားနည်းနေတယ်။ သူက စွမ်းအင်အဆင့်ကို ဖိနှိပ်ထားတာလား။

[ငါကြည့်တာတော့ တစ်ဖက်လူက စွမ်းအင်အဆင့်ကို ဖိနှိပ်ထားတာ မဟုတ်ဘူး။ တကယ် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတယ်။] ရီစင့်က မှတ်ချက် ချလိုက်တယ်။

"ငါက ဆောင်းနှင်းမြူ နန်းတော်ရဲ့ သခင် ဆီးနှင်းခဲ ဖြစ်တယ်။ ဒီတာအိုရောင်းရင်း နှစ်ယောက်ရဲ့ နာမည်တွေကို ငါသိလို့ ရမလား။" ဆီးနှင်းခဲ က ရူဟန် နဲ့ ကြီးမြတ်တဲ့အဖြူ တို့ကို နှုတ်ဆက်လိုက်တယ်

ဘယ်သူကမှ ပြုံးပြနေတဲ့လူကို ထမရိုက်ဘူးလေ။ ဒါကြောင့် စီနီယာအဖြူ က လှုပ်ရှားချင်စိတ်ကို ထိန်းသိမ်းလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora