အပို်င်း (၉၄၂)

116 26 0
                                    


#Unicode


ဒီနေ့ ကြမ်းတမ်းနေတယ်လို့ မင်းခံစားနေရတာလား။

တားမြစ်နယ်မြေရှေ့မှာတော့ ကျင့်ကြံသူ အဖွဲ့က ဘာမှန်းတောင် လုံးလုံ မသိလိုက်ဘဲ ပြာတောင်မကျန်တဲ့ ဘဝကို ရောက်သွားပါတယ်။ တားမြစ်နယ်မြေ တံခါးကတော့ ဘယ်လို ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာလဲ ဆိုတာ မသိပါဘူး။ ဒါပေမဲ့ နတ်ဘုရား သတ်ဖြတ်ခြင်း အမြှောက်ရဲ့ ပေါက်ကွဲအားမှာတောင်မှ ဘာမှမဖြစ်ခဲ့ပါဘူး။

ရူဟန်က တာအိုဘုန်းကြီးလီတိန်စု တားမြစ်နယ်မြေရှေ့ကို ရောက်တဲ့ အချိန်မှာ အဝိုင်းပြားတွေကို လက်နဲ့ သေချာဖြည်းဖြည်းချင်း ထိခဲ့တာကို ပြန်လည် မှတ်မိလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ရူဟန်က ခံစားချက် အပြည့်နဲ့ သက်ပြင်းချလိုက်တယ်။ သူ့မျက်စိရှေ့က အရာ ရွှေတွေနဲ့ လုပ်ထားတာပါ။ ဖဲ့ပြီး အိမ်ကို ယူသွားမယ် ဆိုရင် သူ ချမ်းသာပါပြီ။

မဖြစ်သေးဘူး။ ဒီလို ကြီးမားတဲ့ ရွှေတုံးကြီးကို ရောင်းလို့မရနိုင်ဘူး။ ရောင်းချိန်တောင် ရလိုက်မှာ မဟုတ်ဘူး။ အစိုးရ က ဆုငွေအဖြစ် ယွမ် ၅၀၀ ပေးပြီး ပြည်သူပိုင်သိမ်းသွားမှာ သေချာတယ်။

သူ လျှောက်တွေးနေတုန်းမှာပဲ စိတ်စွမ်းအင်တွေက ထွက်ပေါ်လာပြီး သူ့ရဲ့ စိတ်စွမ်းအင် က ရွှေပြားဝိုင်းနဲ့ ချိတ်ဆက်သွားတယ်။

သူက အမိန့်ပေးလိုက်တော့ ရွှေပြားဝိုင်းတွေက စိတ်ကူးအတိုင်း ရွှေ့လျား လှည်ပတ်နေတယ်။ ဒါက များပြားလှတဲ့ ရွှေပြားဝိုင်းတွေကို ရွှေ့လျားစေခြင်းပါ. လက်နဲ့သာ လိုက်လှည့်ရမယ် ဆိုရင် ရူဟန်က သူ့ခန္ဓာကိုယ် အားအင် နဲ့ ဒီကိစ္စကို မေ့လို့ရပါပြီ။

"ငါအခု ပဟေဌိ ကို စပြီး ဖြေရှင်းတော့မယ်" ရူဟန်က သူ့မှတ်ဉာဏ်ထဲက နည်းလမး်အတိုင်း တံခါးကို စတင်ဖွင့်လိုက်တယ်။

ပြီးတော့ မတူညီတဲ့ပုံစံတွေအတိုင်း ကွင်းပေါင်း တစ်သောင်းလောက် က စတင် လှုပ်ရှားလာတယ်။

မတူညီတဲ့ကွင်းပေါင်း တစ်သောင်းလောက် က စတင်လှုပ်ရှားလာတယ်။ တစ်ခါတလေ ရှစ်ထောင်မြောက် ကွင်းက စတင်လှုပ်ရှားတယ်။ နောက်တော့ လေးထောင်မြောက် ကွင်းက စတင်လှုပ်ရှားတယ်။ တစ်ခါတလေ ကွင်းနှစ်ခု လုံးက တစ်ချိန်တည်းမှာ လှုပ်ရှားနေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now