အပိုင်း (၉၃၅)

141 31 2
                                    

#Unicode


အားလုံးကို သတ်ကြစို့။

"အမ်... ချူမိသားစု ဘာဖြစ်လို့လဲ" ငှက်မွှေးလေး က မေးလိုက်တယ်။ သူမ သူငယ်ချင်း ချူချူရင် က ချုမိသားစု ကပါ။ ဒါကြောင့် ချုူမိသားစု နဲ့ ပတ်သက်တာကို သူမ က အရမ်း စိတ်ဝင်စားတယ်။

"ဒီလိုလေ... ချူမိသားစု ဆီက ဓားနည်းစနစ် ထဲမှာ ဖုံးကွယ်ထားတဲ့ တားမြစ်နေရာ ရဲ့ သော့အကြောင်း က သတင်းပေါက်ြုကားသွားတယ်။ သတင်း ပေါက်ကြားသွားတဲ့ အကန့်အသတ်မရှိတော့ဘူး။ ရက်အနည်းငယ်ကြာတော့ ချူမိသားစု က အလစ်ဝင်ရောက် တိုက်ခိုက်ခံရတယ်။" ရူဟန်က ဖြစ်ပျက်သမျှ ကို အတိုချုပ် ပြောပြလိုက်တယ်။

"ချူမိသားစု ကို ဝင်တိုက်တယ် ဟုတ်လား။ ဘယ်သူတွေလဲ" ငှက်မွှေးလေး က အလောတကြီး ပြောလိုက်တယ်။

ရူဟန် က ပြန်ပြောလိုက်တယ် "ငါတို့လည်း မသိဘူး"

"စီနီယာစွန်း .. ချူချူရင် ဘယ်လိုလဲ။ သူမ လုံခြုံရဲ့လား" ငှက်မွှေးလေး က မေးလိုက်တယ်။ ချူချူရင်က ကိုယ်ဝန်ကြီးနဲ့ပါ။ သူမ အဆင်ပြေပါ့မလား။

"ငါက ဒီသတင်းကို ချုမိသားစု ရဲ့ ဒဏ်ရာရထားတဲ ့ တပည့်တစ်ယောက် ဆီက ရတာ။ ချူချူရင် ရဲ့ အကြောင်းကို ငါလည်း သေချာမသိဘူး။ ငှက်မွှေးလေး စိတ်မပူနဲ့။ စီနီယာအဖြူ နဲ့ ငါတို့က ချုူမိသားစု ဆီကို ခဏနေ သွားမှာ ။ အဲ့ချိန်ရောက်ရင် ငါမင်းကို ဖုန်းခေါ်လိုက်မယ်" ရူဟန်က ပြောလိုက်တယ်။

"ဒီလိုဆ ိုရင် ငါ စီ်နီင်္ယာစွန်း ကို ပဲ ဒုက္ခပေးရတော့မယ်။" စီနီယာစွန်း နဲ့ ကြီးမြတ်တဲ့အဖြူ တို့ မကြာခင် ချူမိသားစု ဆီသွားမယ် ဆိုတာကို ကြားတော့ သူမ စိတ်ချသွားတယ်။

ရူဟန် ကို ဖုန်းပြောပြီးတဲ့နောက် ငှက်မွှေးလေး က သူမ အဖေဆီ ပြေးသွားလိုက်တယ်။

"ဖေဖေ.. သမီး အကူအညီလိုတယ်" ငှက်မွှေးလေး က ပြေးနေရင်း အော်ဟစ်လာတယ်။

ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာက သူ့ ခန်းမဆောင်ထဲမှာ ထိုင်ပြိး လက်ဖက်ရည်သောက်ကာ လှိုင်းသုံးခု နဲ့ စကား ပြောနေတယ်။ လှိုင်းသုံးခု က အခွင့်အရေးကို အရယူပြီး ကျင့်ကြံခြင်း နဲ ပတ်သက်တဲ့ ပြဿနာ တစ်ချို့ကို မေးမြန်းနေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora