အပိုင်း (၉၆၄)

114 25 0
                                    


#Unicode


အမြင့်မှခုန်ချ လွတ်မြောက်ခြင်းဂိမ်း [ကြီးမြတ်သူ နှစ်ယောက်ရဲ့ ဆန်းသစ်ချက်]

ရူဟန် မျက်နှာတွေ က လင်းလက်သွားပြီး ဖုန်းကို မြန်ဆန်စွာ ကိုင်လိုက်တယ်။

"ဟယ်လို .. ရူဟန် လား။ မင်းဘယ်မှာလဲ။ ငါမင်းကို ဖုန်းခေါ်နေတာ ကြာပြီ။ ဒါပေမဲ့ လိုငး်မမိဘူး။" ကြီးမြတ်တဲ့အဖြူ က မေးလိုက်တယ် "ပြီးတော့ မင်းအကြောင်း ဂရုထဲကို မေးကြည့်တော့ မင်းနဲ့ ငါက ချူမသိားစု ကို သွားပြီး ပြဿနာသွားဖြေရှင်းတယ်လို့ တာအိုရောင်းရင်း စိတ်ဝိညာဉ် လိပ်ပြာက ပြောတယ်။ပြီးတော့ တားမြစ်နယ်မြေကိုတောင်မှ ထပ်သွားခဲ့တယ်တဲ့။ ဒါပေမဲ့ ငါက မြေတူးစက် အလှမောင်းတာကို တစ်နေကုန်သင်ယူနေတာလေ။ ဘယ်အချိန်တုန်းက ငါတို့ ချူမိသားစု ဆီကို သွားလိုက်ကြတာလဲ"

သေချာပါပြီ.။ တားမြစ်နယ်မြေထဲကို သူနဲ့ အတူ သွားခဲ့တာ ကြီးမြတ်တဲ့အဖြူ မဟုတ်ပါဘူး။

"ဒါဇာတ်လမ်းရှည်ကြီးပဲ။ ငါ တခြားစီနီယာအဖြူ နဲ့ တွေ့ခဲ့တာ ဖြစ်နိုင်တယ်။" ရူဟန် က ပြန်ပြောလိုက်တယ်။

"တခြား စီနီယာအဖြူ .. အွန်း.. ငရဲပြည် က တစ်ယောက်လား" ကြီးမြတ်တဲ့အဖြူ က မေးလိုက်တယ်။

"ဟုတ်တယ်။ သူနဲ့တူတယ်။ ဒါပေမဲ့ တခြားတစ်ယောက်ယောက်လည်း ဖြစ်နေနိုင်တယ်။" ရူဟန် က တွက်ချက်လိုက်တယ်။ ပြီးတော့ ရီစင့် က အမဲရောင် ကမ္ဘာထဲကို သွားကြည့်တုန်းက ပိုးအိမ်ကြီး ရှိနေသေးတယ်လေ။ ပိုးအိမ်ရှိနေတယ်ဆိုရင် စီနီယာအဖြူ ကလည်း အထဲမှာ အိပ်နေမှာပါ။

စီနီယာအဖြူ နှစ် က တားမြစ်နယ်မြေကို ရှင်းလင်းဖို့ မှော်နည်းစနစ် ဒါမှမဟုတ် ကိုယ်ပွားနည်းစနစ် ကို အသုံးပြုခဲ့တယ်လို့ ရူဟန် က တွက်ချက်လိုက်မိတယ်။ မဟုတ်ရင် အချိန်ကန့်သတ်ချက် ကြောင့် ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလေ။

"စိတ်ဝင်စားစရာပဲ။ တခြားငါကလည်း အဓိက ကမ္ဘာကို ဝင်လို့ရနေပြီ ဟုတ်လား။ ငါ့ကို အသေးစိတ်ပြောပြ။ နားထောင်ရတာ စိတ်ဝင်စားစရာပဲ. ဒါနဲ့ မင်းအခု တားမြစ်နယ်မြေမှာလား" ကြီးမြတ်တဲ့အဖြူ က မေးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Hikayelerin yaşadığı yer. Şimdi keşfedin