အပိုင်း (၉၇၀)

118 28 2
                                    


#Unicode


ပိုက်ဆံဆိုတာ လမ်းမှာ လျှောက်သွားရင်း ကောက်ရတတ်တဲ့ အရာမျိုး မဟုတ်ဘူး။

"ကျောင်းသားတွေက သင်ကြားရေး နတ်ဘုရား စနစ် ကို ကျိန်းသေပေါက် ကြိုက်လိမ့်မယ်" ရူဟန်က ပြန်ပြောလိုက်တယ်။

အရင်တုန်းက ရူဟန် ကိုယ်တိုင်လည်း ဒီလို စနစ်မျိုးကို လိုချင်ခဲ့တာပါ။ သူများတွေ လေ့လာသင်ယူနေတုန်းမှာ ကိုယ်က စာမေးပွဲဖြေဖို့ အဆင့်သင့် ဖြစ်နေတာမျိုးလေ.။ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ။

ဒီလို စနစ်မျိုးသာ ရှိရင် သူက ဘာစာမေးပွဲပဲ ဖြစ်ဖြစ် ကြောက်မှာမဟုတ်တော့ပါဘူး။ လဖြတ်စာမေးပွဲလား၊ နှစ်ကုန် စာမေးပွဲလား။ နိုင်ငံခြားဘာသာစကား စမ်းသပ်မှုလား။ အဆင့်မြင့် စာမေးပွဲမျိုးလေးလား။ လာထားပဲ။

တကယ့်ကို အကြံကောာင်းဖြစ်တယ်။

ဒီလောက်ကောင်းတဲ့ အကြံဉာဏ်ကို စီ်နီယာအဖြူ ကြိုက်ပါစေလို့ မျှော်လင့်မိတယ်။

ကြီးမြတ်တဲ့အဖြူ က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ် "သင်ကြားရေး နတ်ဘုရား စနစ် ဟုတ်လား။ ဒီစနစ်က ဖန်တီးရတာ မခက်ခဲဘူး။ အခြေခံ အချက်အလက်တွေ ပြင်ဆင်ပြီး တာဝန်တွေ စီစဉ်ထားရုံပဲ။ များပြာလှတဲ့ တာဝန်တွေကို ပြည့်သွားပြီဆိုရင် အသုံးပြုသူ က မှတ်ဉာဏ်တွေကို ခဏတာ ပိုမို ကောင်းမွန်စေတဲ့မှော်နည်းစနစ် ဒါမှမဟုတ် တည်ငြိမ်ပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေတဲ့ မှော်နည်းစနစ် တွေကို ရရှိမယ်။ ဒီမှော်နည်းစနစ် တွေက သင်ယူရာမှာ ကြီးမားတဲ့ အထောက်အကူ ကို ပေးလိမ့်မယ်။

ပြီးတော့ ငါတို့က ထာဝရမှတ်ဉာဏ် တိုးတက်စေတဲ့ အရာတွေ၊ ဒါမှမဟုတ် စိတ်စွမ်းအင် တိုးတက်စေတဲ့ ဆေးရည်တွေ ဆုအဖြစ်ပေးလို့ ရတယ်။ ဒါဆိုရင် သာမာန်လူကို ပါရမီရှင် အဖြစ် ပြောင်းလဲရတာက တကယ့်ကို မခက်ခဲဘူး။ အခြေခံအချက်အလက်တွေ ပြင်ဆင်ပြီးသွားပြီဆိုရင် ဒီစနစ် ရဲ့ သန္ဓေပုံစံ ကို ဖန်တီးဖို့ ငါနှစ်ရက်လောက် လိုတယ်။ စနစ်ကို ဖန်တီးဖို့ ခက်ခဲမှုက အများဆုံး ကြယ်တစ်ပွင့် အဆင့်ပဲ။ အခု ငါရေးမှတ်ထားလိုက်မယ်"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora