အပိုင်း (၉၈၄)

125 27 0
                                    

#Unicode

လွတ်ပေါက် မရှိတဲ့့ ပြည့်စုံသော အစီအစဉ်
အခု လူကြီးမင်းဝူ ရဲ့ ရည်စားလုဘက် ဖြစ်တဲ့ ဒီစွန်းရူဟန် ဆိုတာက ရေလှောင်တမံကို ရောက်ရှိလာပါတော့မယ်။ ဘာလုပ်ရမလဲ။စွန်းရူဟန် လာလို့ သူတို့က မသိချင်ယောင်ဆောင်လိုက်မယ် ဆိုရင် လူကြီးမင်းဝူ က အကြီးကျယ် ဒေါသထွက်မှာပါ။ အပြစ်ပေးခံရရင် ခံရ ဒါမှမဟုတ် အလုပ်ပြုတ်ရင် ပြုတ်လိမ့်မယ်။ ပြီးတော့ သူတို့ သူဋ္ဌေးရဲ့ ရည်စားလုဖက်နဲ့ တွေ့တာ ဆိုတော့ သူတို့က သူဋ္ဌေးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ်လေ။ ဒါပေမဲ့ သူတို့က စွန်းရူဟန် နဲ့လည်း ရန်မဖြစ်ချင်ဘူး။ သူတို့က ကြင်နာတတ်တဲ့ ပင်လယ်မွန်းစတား တွေလေ။ ဒီအချိန်မှာတော့ သူတို့က ဆူးကြားက ဘူးခါး ပါပဲ။ ခဏလောက်ကြာတော့ မွန်းစတားသုံးကောင်က လူကြီးမင်းဝူကို ဆက်သွယ်ပြီး ဘာလုပ်စေချင်လဲ ဆိုတာကို မေးမြန်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကိစ္စက သူတို့ တာဝန်ယူနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဖုန်းဝင်သွားပြီးတဲ့နောက် လူငယ်တစ်ယောက်ရဲ့ ချစ်စဖွယ် အသံတစ်ခုက တစ်ဖက်ခြမ်းဆီမှ ထွက်ပေါ်လာတယ် "ဟိုင်စံ .. မင်းကိုး။ ဘာဖြစ်လို့လဲ။ ငါ ဝယ်ခိုင်းတဲ့ ပစ္စည်းတွေ ရလား"လူကြီးမင်းဝူ ဝယ်လေ့ဝယ်ထ ရှိတဲ့ပစ္စညး်တွေက လူသားကမ္ဘာမှာ ရှားပါးတယ်။ ဒါကြောင့် ပစ္စည်းပြတ် တယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူ။ "လူကြီးမင်းဝူ .. ဒီလိုမဟုတ်ဘူး" ကင်းမွန်ငါးပုံစံ ပင်လယ်မွန်းစတား က လည်ချောင်းရှင်းပြီး ပြောလိုက်တယ် "ဒီလိုပါ .. ဝမ်ဖျင် က ပစ္စည်းသွားဝယ်ရင်း လူသားတစ်ယောက် နဲ့ တွေ့ခဲ့တယ်။ ဒါကြောင့် ငါတို့ရဲ့ ခတ္တအခြေစိုက်စခန်းဆီကို ခေါ်လာတယ်။""အွန်း.. အဲတော့ ဘာဖြစ်လဲ" လူကြီးမင်းဝူ က ဇဝေဇဝါ နဲ့ မေးလိုက်တယ်။ သူတို့က လူသားကျင့်ကြံသူတွေ နဲ့ ဆုံနေကြပဲလေ။ ဒါက ကိစ္စကြီးမှ မဟုတ်တာ။"အဲ့လူသားကျင့်ကြံသူ ဘယ်သူဖြစ်တယ် ဆိုတာက ပြဿနာပါ" ကင်းမွန် မွန်းစတာ က ပြောလိုက် တယ်။"သူက ဘယ်သူလဲ။ ငါ့ကို တစ်ခါတည်း အပြီးပြောလို့ မရဘူးလား" လူကြီးမင်းဝူက ပြောလိုက်တယ်။"အဟွတ်.. ဒီလူသားကျင့်ကြံသူ ရဲ့ နာမည်က စွန်းရူဟန် ပါပဲ။ သခင်မလေး ယုကျောင်းကျောင်း ရဲ့ သူငယ်ချင်း စွန်းရူဟန် မှ စွန်းရူဟန် ပါပဲ" ကင်းမွန် မွန်းစတား က အသံတိုးတိုး ပြောလိုက်တယ်။"....." လူကြီးမင်းဝူ က ဆွံ့အသွားတယ်။ ခဏလောက်ကြာတော့ ထအော်လိုက်တယ် "ချီးတဲ့မှ .. မျိုးရိုးနာမည် စွနး်ဆိုတဲ့ ကောင် က ငါ့နေရာကိုတောင်မှ လာမွှေရဲတယ် ဟုတ်လား" "မဟုတ်ဘူး။ အဲ့လို မဟုတ်ဘူး။ ဝမ်ဖျင်က သူ့ကို ဖိတ်ခေါ်ခဲ့တာ" ကင်းမွန် မွန်းစတား က ပြောလိုက်တယ်။ "သူ့ကို ရိုက်စမ်း" လူကြီးမင်းဝူ က သွားကို တင်းတင်းစေ့ပြိး ပြောလိုက်တယ် "သူ ငါ့နေရာကို လာမွှေတာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိစ္စမရှိဘူး။ မျိုးရိုးနာမည် စွန်း.. နာမည် ရူဟန် နဲ့ ကောင်ဆိုရင် ရိုက်ကို ရိုက်ရမယ်။ သူက ဒုတိယအဆင့် ကျင့်ကြံသူလေး တစ်ယောက်ပဲ။ မင်းတို့သုံးယောက် သူ့ကို ရင်ဆိုင်နိုင်တယ် မဟုတ်လား"လူကြီးမင်း ဝူ ရထားတဲ့ သတင်းတွေ အရဆိုရင် သူ့ရဲ့ ရည်စားလုဘက်ဖြစ်တဲ့ လူသားကျင့်ကြံသူ က ဒုတိယအဆင့်မှာပဲ ရှိနေပါသေးတယ်။ သူက စီနီယာအဖြူ နဲ့ လိုက်ပါရင်း ကျွန်းငယ်လေး တစ်ခုမှာ ယုကျောင်းကျောင်း နဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်။"ကောင်းပြီ ။ ငါတို့ လုပ်နိုင်တယ်။ ငါတို့ သုံးယောက်လုံး က တတိယအဆင့် ကျင့်ကြံသူတွေပဲ" ကင်းမွန်မွနး်စတား က ပြောလိုက်တယ် "ဒါပေမဲ့ သူက သခင်မလေး ယုကျောင်းကျောင်း ရဲံ့ သူငယ်ချင်းနော်။ ငါတို့ သူ့ကို ရိုက်ရင် သခင်မလေး စိတ်ဆိုးလိမ့်မယ်"သခင်မလေး ယုကျောင်းကျောင်း စိတ်တိုသွားမယ် ဆိုရင် သူတို့သုံးယောက်လုံး ဒုက္ခရောက်မှာပါ။"မပူနဲ့။ ဒီခွေးကောင်ကို ရိုက်ဖို့ပဲ စဉ်းစားထား။ ယုကျောင်းကျောင်း စိတ်ဆိုးမယ် ဆိုရင် ငါပဲ အပြစ်တင်ခံလိုက်မယ်။ ငါမင်းတို့ကောင်တွေကို မမျှမတ ဆက်ဆံမှာ မဟုတ်ဘူး" လူကြီးမင်းဝူက သူ့ရင်ဘတ် ကို ပုတ်ပြီး ပြောလိုက်တယ်။"ငါနားလည်ပြီ" ကင်းမွန် မွန်းစတား က ပြောလိုက်တယ်။ သူက ဒီစကားကို စောင့်နေတာပါ။ပြီးနောက် သူက ထပ်မေးလိုက်တယ် "ကောင်းပြီ။ လူကြိးမင်းဝူ ... ငါတို့သူကို ဘယ်လောက် အတိုင်းအတာထိ ရိုက်နှက်ရမလဲ။ ဒဏ်ရာ အပေါ့စားလား၊ ဒဏ်ရာ ပြင်းပြင်းလား။""အင်း.. ဒဏ်ရာ အရမ်းပြင်းသွားရင် ဒုက္ခများလိမ့်မယ်။ ယုကျောင်းကျောင်း စိတ်အရမ်းဆိုးသွားရင် ငါခေါင်းကိုက်လိမ့်မယ်။ ဒဏ်ရာအသေးစား ဖြစ်အောင်လုပ်လိုက်ကြ။ ဟုတ်ပြီလား။ တစ်ရက် ၊ နှစ်ရက်လောက် နေရင် ပြန်ကောင်းသွားမယ့် ဒဏ်ရာမျိုးပေါ့။ မင်းက သူ့မျက်နှာကို ပက်ပက်စက်စက် ရိုက်ပြီး အနိုင်ကျင့်လိုက်စမ်းကွာ။ ထပ်ပြောရရင ်အဲဖြစ်ဒဏ် တစ်ခုလုံးကို မှတ်တမ်းတင်ပေးထား။ သိပြီလား""ကောင််းပါပြီ" ကင်းမွန် မွန်းစတား က သက်မချလိုက်တယ်။ ကံကောင်းတာက လူကြီးမင်းဝူ စိတ်နဲ့ ကိုယ်နဲ့ မလွတ်သေးလို့။ဗွီဒီယို ကင်မရာ ကိုထုတ်ပြီး နေရာကောင်း တစ်ခုခု မှာ ထားလိုက်မယ် ။ ပြိးရင် လူကြီးမင်းရူဟန် လာတာနဲ့ လာတာကို စောင့်မယ်။ သူလာပြီဆိုတာနဲ့ ကျုးလေး မင်း က မင်းရဲ့ သန္ဓေစွမ်းအင် ကို အသုံးပြုလိုက်။ ဝမ်ဖျင် ကို အရင် ရှင်းရအုနး်မယ်။ မင်းက မင်းရဲ့ သန္ဓေစွမး်ရည်ကို သုံးပြီး သူ့ကို မေ့အောင်လုပ်လိုက်။ ငါတို့ အခြေအနေကို နောက်မှာ ရှင်းပြလိုက်ကြမယ်" ကင်းမွန်မွန်းစတား က ပြောလိုက်တယ်။"ကိစ္စမရှိဘူး။ ငါ့ကိစ္စထားလိုက်။" ထွင်းဖောက်မြင်ရတဲ့ အကောင်နဲ့ အနားမှာ ရှိတဲ့ ဂျယ်လီငါးလို မွန်းစတားကို ကင်းမွန်က ပြောလိုက်တယ်။ဒါကြောင့် မွနး်စတား သုံးယောက် က စတင်ပြီး ပြင်ဆင်မှု တွေ ပြုလုပ်ကြတယ်။ သူတို့က ဒဏ်ရာ အနည်းငယ်ပဲ ရအောင်လုပ်ရမယ်။ မျက်နှာကိုလည်း ရိုက်နှက်ရမယ်။ ဒီလို အလုပ်မျိုးက နည်းစနစ် လိုတယ်။ စွန်းရူဟန် အော်ဟစ် ငိုယိုနေမယ့် မျက်နှာကို ထိထိမိမိ ဗီဒီယို ရိုက်ကူးနိုင်မယ့် နေရာ အနေအထား ထောင့်ကိုလည်း ရွေးတတ်ရမယ်။ တကယ်လို့ ရူဟန် ရဲ့ အော်သံ က မလုံလောက်ဘူးဆို ရင် သူတို့ဆီမှာ တခြားအကွက် တစ်ကွက် ရှိနေပါသေးတယ်။ ပင်လယ်မွန်းစတား သုံးကောင်ထဲက နောက်ဆုံးကောင် က အနောက်တိုင်းစီရန်သွေးမျိုးဆက်ကို ပိုင်ဆိုင်တာပါ။ (မိန်းမကိုယ်လုံးနဲ့ ငှက်ခေါင်း) သူမ ရဲ့ သီချင်းဆိုသံ က အရမ်းကောင်းမွန်ပြီး သူမ က တခြားတွေ ရဲ့ အသံကို အတုပြုလုပ်နိုင်တယ်။ရူဟန် ရဲ့ အော်သံ က သိပ်မလုံလောက်ဘူးဆိုရင် သူမ က အသံတုနဲ့ ဝင်အော်ပေးမှာ ဖြစ်တယ်။သူတို့အစီအစဉ်က လုံးဝကို ပြည့်စုံပြီး ဟာကွက်ဆိုတာ တောင်မှ မရှိပါဘူး။
ဒီအတောအတွင်း .... အားရှီလျှူ ရဲ့ လက်ရှိတည်နေရာ ... ကောင်းကင်ဘုံကပ်ဘေး က မဆက်မပြတ် ကျဆင်းနေတယ်။ ကပ်ဘေးရဲ့ အရင်ကျဆင်းခဲ့တဲ့ လှိုင်းတွေထဲမှာ မိုးကြိဲုး အပြင် တခြားသော ဒြပ်တွေလည်း ပေါင်းစပ် ပါဝင်နေခဲ့တယ်။ဒီအဆင့်လေး ကပ်လေးကို ကျော်ဖြတ်ခြင်းက သူမ အတွက် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ အားကွီ နဲ့ အားရှီလျှူ တို့ ှကြီးမားတဲ့အစီအရင်ကြီးကို ပြင်ဆင်ထားတယ်။ ထပ်ပြောရရင် ရှီလျှူ က အရင်တစ်ခေါက်ကထက် ပိုပြီး အားကောင်းလာပြီ ဖြစ်တယ်။အားရှီလျှူ က သူမရဲ့ ဓားမော့ကို တင်းတင်းဆုပ်ကိုင်ပြီး မိုးကြိုးကပ်ဘေးလှိုင်းတွေကို ခုတ်ပိုင်းဖျက်ဆီးခဲ့တာ ဖြစ်တယ်။သူမက ကပိဘေးကို ကျော်လွန်ဖို့ အစီအရင်တွေရဲ့စွမ်းအားကိုတောင်မှ အသုံးမပြုခဲ့ပါဘူး။ သူမ က လျှို့ဝှက်လက်နက် ဖြစ်တဲ့ ကြီးမြတ်တဲ့အဖြူ ရဲ့ ကြယ်ပျံဓားကိုတောင်မှ ထုတ်မသုံးရသေးပါဘူး။ ရှီလျှူ က ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်ချိန်မှာ တကယ်ပဲ သက်တောင့်သက်သာ ဖြစ်နေတယ်။ ကောင်းကင်ပေါ်မှာတော့ အမဲရောင်တိမ်တွေ နဲ့ လျှပ်စီးတန်းတွေ ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံကပ်ဘေး က မပြီးသေးပါဘူး။ "နောက်လာမှာက ကောင်းကင်ဘုံကပ်ဘေး ရဲ့ နောက်ဆုံးလှိုင်းပဲ။" မနီးမဝေးမှာ စောင့်ကြပ်နေတဲ့ အားကွီ က ပြောလိုက်တယ်။ သူက အဝေးတစ်နေရာ မှာ နေနေတာ ဖြစ်တယ်။ အားရှီလျှူရဲ့ ကပ်ဘေးထဲကို သူက ဝင်ရောက် မပတ်သက်ချင်ပါဘူး။ကောင်းကင်ပေါ်မှာတော့ လျှပ်စီးတန်းတွေ က ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့မီးတောက်နဲ့ မိုးကြိုးကပ်ဘေးတွေ က လိမ်ယှက်ပြီး ကပ်ဘေးတိမ်တွေထဲမှာ ပေါ်ပေါက်လာတယ်။ ဒါက ကပ်ဘေးရဲ့ နောက်ဆုံးလှိုင်းပါ။ နောက်ဆုံးလှိုင်းအတွင်းမှာ အတွင်းစိတ်မိစ္ဆာဆိုးကလည်း ပေါ်ပေါက်လာနိုင်တယ်။ နောက်ဆုံးအကြိမ်တုန်းက အားရှီလျှူက ကပ်ဘေးရဲ့ နောက်ဆုံးလှိုင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်တယ်။ သူမ က မိုးကြိုးကပ်ဘေးတွေ ကြားမှာ ဒဏ်ရာရခဲ့ပြီး သေမလိုတောင် ဖြစ်ခဲ့တယ်။ ဒါကြောင့် အနားမှာ ရှိနေတဲ့ အားကွီ က သူ့ဓားမော့ကို တင်းတင်းဆုပ်ကိုင်ပြီး ကြည့်နေတယ်။ ရှီလျှူလေး ရဲ့ စွမ်းအင် အရ ဆိုရင် မီးတောက် နဲ့ မိုးကြိုးကပ်ဘေး ကို ဖြတ်တောက်ပစ်ဖို့ ဘာပြဿနာမှမရှိပါဘူး။ ပြဿနာက သူမရဲ ့ အတွင်းစိတ်မိစ္ဆာဆိုး ပေါ်ပေါက်လာမှာပါပဲ။ ပြီးတော့ ဒါက ရှီလျှူ ရဲ့ ဒုတိယအဆင့် ကပ်ဘေးကျော်တာပါ။ အတွင်းစိတ်မိစ္ဆာဆိုး ပေါ်လာဖို့ အခွင့်အလမ်းက တော်တော်များတယ်။
စိတ်လောကြီးနေတဲ့ အားကွီထက်စာရင် ရှီလျှူ က ယုံကြည်မှု အပြည့်ပါပဲ။ ကောင်းကင်ပေါ်ရှိ မီးတောက် နဲ့ မိုးကြိုး ကပ်ဘေး က သူမ ကို ဘာဖိအားမှ မပေးနိုင်ပါဘူး။ သူမ က ဘက်ထဲက ဓားမော့ နဲ့ ကပ်ဘေး ကို ဖြတ်ပစ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ "ဘုန်း"မီးတောက် နဲ့ မိုးကြိုး ကပ်ဘေးတွေက လိမ်ယှက်ပြီး ကျဆင်းလာတယ်။အားရှီလျှူက ခြေဆောင့်လိုက်တော့ သူမခြေထောက် အောက်ခြေရှိ အစီအရင် က အသက်ဝင်သွားပြိး သူမကို အားဖြည့်ပေးတယ်။ နောက်တော့ သူမရဲ့ ဓားမော့ချီတွေ နဲ့ အတူ ဓားမော့ဆန္ဒ က ကပ်ဘေးဆီကို ဦးတည်သွားတယ်။ဓားမော့အလင်းဆီမှ နဂါးအော်သံ ခပ်သဲ့သဲ့ ထွက်လာတယ်။အားရှီလျှူ ရဲ့ နောက်မှာ အဖြူရောင်နဂါး ပုံရိပ်ယောင်ကြီး ပေါ်လာတယ်။အားရှီလျှူ က နောက်ဆုံးအကြိမ် ကပ်ဘေးကျော်တုန်းကထက် ပိုပြီး ရဲရင့်လာတယ်။ဓားအလင်းတွေက လေထဲရှိ ကပ်ဘေး မီးတောက်တွေကို ခုတ်ပိုင်းလိုက်တယ်။ဒါပေမဲ့ ဒီအချိန်မှာပဲ ဓားမော့အလင်းတွေက အဖြူရောင်နဂါး အဖြစ် ပြောင်းလဲပြီး ကပ်ဘေး မီးတောက်တွေကို ရစ်ပတ်ကာ ဖြိုခွဲလိုက်တယ်။ကျန်တဲ့ မီးတောက် နဲ့ မိုးကြိုး ကပ်ဘေး အစိတ်အပိုင်းတွေကိုတော့ အားရှီလှူ ခြေထောက်အောက်ရှိ အစီအရင်က တားဆီးထားလိုက်တယ်။ဖြစ်စဉ်တစ်ခု လုံးမှာ အားရှီလျှူ က အားနည်းကြောင်း လုံးဝ မပြသခဲ့ဘူး။ မိုးကြီုး ဒါမှမဟုတ် မီးတောက် ကပ်ဘေး တစ်ခုတလေ ကမှ သူမ ရဲ့ အနီး ၁၀၀ မီတာအတွင်းကို ဝင်မလာနိုင်ခဲ့ကြဘူး။ သူမရဲ့ ဓားမော့ဆန္ဒ နဲ့ ဓားမော့ အလင်းကြောင့် အားလုံးက လေထဲမှာ ပျောက်ကွယ် သွားခဲ့ရတယ်။မိုးကြိုး နဲ့ မီးတောက် ကပ်ဘေး ကျဆင်းလာပြီးနောက် အတွင်းစိတ်မိစ္ဆာဆိုး က ပေါ်မလာခဲ့ပါဘူး။ အားရှီလျှူ က အောင်အောင်မြင်မြင်ပဲ ကပ်ဘေး ကျော်လွန်နိုင်ခဲ့ပြီ။ သူမ ကိုယ်ထဲက အစစ်အမှန်ချီတွေက အစစ်အမှန် ချီ အရည် တွေကနေ အစစ်အမှန် ယန် အဖြစ် ပြောငး်လဲသွားတယ်။ သူမ ရဲ့ စိတ်စွမ်းအင် အရောင်ကလည်း ငွေရောင်ဖြစ်သွားတယ်။ အားရှီလူျှ က ကပ်ဘေး မကျော်လွန်ခင် ကတည်း က အဆင့်လေး စိတ်စွမ်းအင်ရှိပြီးသား ဖြစ်တယ်။ အခု ပိုပြီး အားကောင်းသွားတာပါ။ သူမ နှုတ်ခမ်းထောင့်တွေက ကော့တက်သွားပြီး ဓားမော့ကို နောက်မှာ ချိတ်လိုက်တယ်။ ပြီးနောက် နဖူးပေါ်မှ ချွေးစက်တွေကို သုတ်လိုက်တယ်။ ပြိးနောက် အားကွီကို အိုကေ ဆိုတဲ့ သင်္ကေတ လုပ်ပြလိုက်တယ်။ ပြီးနောက် သူမ က ခြေချိတ်ထိုင်ပြီး သူမရဲ့ တန်ခိုးကျင့်စဉ်ကို အသက်သွင်းလိုက်တယ်။ အခု မှ ချိုးဖြတ်နိုင်ခဲ့တဲ့ မူလ ဒန်ထျန်ထဲမှာ အစစ်အမှန်ချီ အဆီအနှစ် တွေ ကို စုဖွဲ့ဖို့ ကြိုးစားလိုက်တယ်။
အဝေးမှာ ရှိတဲ့ အားကွီက သက်မချလိုက်တယ်။ဒါပေမဲ့ သက်မ ချနေတုန်းမှာပဲ ကောင်းကင်ပေါ်မှာ တစ်စုံတစ်ခု က ပြောင်းလဲသွားတယ်။အားရှီလျှူ ဖြိုခွဲလိုက်တဲ့ မီးတောက် နဲ့ မိုးကြိုးကပ်ဘေး က ထပ်မံ စုဖွဲ့မိသွားပြီး လက်ရှိမှာထိုင်ပြီး တန်ခိုးကျင့်နေတဲ့ အားရှီလျှူ ဆီကို တိုးဝင်လာတယ်။သူမ က ကောင်းကင်ဘုံကပ်ဘေးကို ကျော်လွန်ပြီးပါပြီ။ ဒါပေမဲ့ ကပ်ဘေး က ဒါကို လက်ခံချင်ပုံ မပေါ်ဘူး။"!" အားကွီ က စိတ်တိုသွားတယ်။ သူ့ရဲ့ ဓားမော့ကို ထုတ်ပြီး ကျန်နေတဲ့ ကောင်းကင်ဘုံကပ်ဘေး ကို ဖြိုခွဲပစ်ဖို့ ပြင်လိုက်တယ်။ဒါပေမဲ့ အားကွီ ထက်မြန်တဲ့ ဓားအလင်းတစ်ခု က ထွက်ပေါ်လာတယ်။ ဒါက ကြီးမြတ်တဲ့အဖြူ ရဲ့ ကြယ်ပျံဓားပဲ ဖြစ်တယ်။ သူ့အလိုလို ဓားဖုံးကနေ ထွက်လာပြီး ဓားအလင်းအဖြစ် ပြောင်းကာ ကျန်နေတဲ့ ကပ်ဘေး မီးတောက် နဲ့ မိုးကြိုးတွေ ဆီကို ထိုးဖောက် ဝင်ရောက်သွားတယ်။ အားကွီက သက်မချလိုက်တယ်။"မပြီးသေးဘူး" ဒီအချိန်မှာပဲ ကြီးမြတ်တဲ့အဖြူ ရဲ့ အသံက အားကွီှ အနောက်ဘက်ကနေ ထွက်ပေါ်လာတယ် "အမလေး .. သောက်ကျိုးနည်း" .......... "စီနီယာအဖြူ .. မင်း မပြောမဆိုနဲ့ သူများ နောက်ကနေ အခုလို ပေါ်လာပြီး ရုတ်တရက် စကားပြောလို့ မဖြစ်ဘူးလေ" အားကွီ က ပြောလိုက်တယ်။ "ငါတောင်းပန်တယ်။ ဒါပေမဲ့ ကောင်းကင်ဘုံကပ်ဘေး က ငါ့တည်နေရာ ရွေ့ပြောင်းမှုကို လွှမ်းမိုးသွားတာမို့ နေရာ လွဲသွားတာ။ ငါမင်းရှေ့မှာ ပေါ်လာဖို့ စီစဉ်ထားတာပဲ" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။ ရီစင့်ကလည်း ပေါ်လာပြီး အားကွီ ကို ပြုံးပြလိုက်တယ်။ ပြီးနောက် သူမ က တန်ခိုးကျင့်နေတဲ့ အားရှီလျှူ ကို ကြည့်လိုက်တယ်။ သူမ ရဲ့ ခေါင်းအထက်မှာ ကပ်ဘေးတိမ်တွေ ရှိနေတယ်။သာမာန်အခြေအနေ မှာ ကပ်ဘေး ကျော်တာ ပြီးသွားခဲ့ပြီ ဖြစ်ပြီ။ ရှီလျှူက လက်ရှိမှာ အဆင့် တောင် စတင်ပြောင်းလဲနေပြီ ဖြစ်ပြီး အဆင့်လေး သန္ဓေအဆင့်ကို တက်နေတဲ့ ကြားအချိန်ကို ရောက်နေတာ ဖြစ်တယ်။ဒါကြောင့် ကပ်ဘေးက ပျောက်ကွယ်သွားရမှာပါ။ ဒါပေမဲ့ အခု မီးတောက် နဲ့ မိုးကြိုးကပ်ဘေး ပျောက်ကွယ်သွားပြီး နောက်မှာ ကပ်ဘေးတိမ် အသစ်တွေ က ရှီ်လျှူ ရဲ့ ခေါင်းပေါ်မှာ စုဖွဲ့လာတယ်။လျှပ်စီးလက်သံတွေ က တိမ်တွေ ကြားမှ ထွက်ပေါ်လာတယ်။ ခဏလောက် ကြာတော့ ကပ်ဘေး တိမ်တွေကြားမှာ အမြှောက် ပြောင်းဝကြီး တစ်ခု ပေါ်လာတယ်။ ဒီအမြှောက် ပြောင်းဝ ကြီးက ရွှေ့ရောင်အလင်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်"ဒါဘာလဲ" အားကွီက သွားကို တင်းတင်းစေ့ပြီး ပြောလိုက်တယ်။ကပ်ဘေး ပြီးသွားတာ တောင်မှ ဒီကောင်ကြီး က ဘာလို့ ပေါ်လာတာလဲ။ ပြောင်းဝထဲက စွမ်းအင်တွေကို သူ ခံစားလို့ရတယ်။ ဒါက စနောက်နေတာမဟုတ်ပါဘူး။"ကောင်းကင်ဘုံ ကပ်ဘေး အသစ်ဖြစ်မယ်။" ကြီးမြတ်တဲ့အဖြူ က ကပ်ဘေးတိမ် ထဲကနေ ထွက်လာတဲ့ ပြောင်းဝကြီးကို ကြည့်ပြီး ပြောလိုက်တယ်။ ကောင်းကင်ဘုံကပ်ဘေး က အရမ်းထူးဆန်းတယ်။ အားရှီလျှူကို ကမောက်ကမ ဖြစ်အောင် ရည်ရွယ်ချက် ရှိရှိ ပြုလုပ်နေပုံ ပေါ်တယ်။

အပိုင္း (၉၈၄) လြတ္ေပါက္ မရွိတ့ဲ့ ျပည့္စံုေသာ အစီအစဥ္
အခု လူႀကီးမင္းဝူ ရဲ့ ရည္စားလုဘက္ ျဖစ္တဲ့ ဒီစြန္းရူဟန္ ဆိုတာက ေရေလွာင္တမံကို ေရာက္ရွိလာပါေတာ့မယ္။ ဘာလုပ္ရမလဲ။စြန္းရူဟန္ လာလို႔ သူတို႔က မသိခ်င္ေယာင္ေဆာင္လိုက္မယ္ ဆိုရင္ လူႀကီးမင္းဝူ က အႀကီးက်ယ္ ေဒါသထြက္မွာပါ။ အျပစ္ေပးခံရရင္ ခံရ ဒါမွမဟုတ္ အလုပ္ျပဳတ္ရင္ ျပဳတ္လိမ့္မယ္။ ၿပီးေတာ့ သူတို႔ သူေ႒းရဲ့ ရည္စားလုဖက္နဲ႔ ေတြ႔တာ ဆိုေတာ့ သူတို႔က သူေ႒းရဲ့ ဂုဏ္သိကၡာကို ကာကြယ္ရမယ္ေလ။ ဒါေပမဲ့ သူတို႔က စြန္းရူဟန္ နဲ႔လည္း ရန္မျဖစ္ခ်င္ဘူး။ သူတို႔က ၾကင္နာတတ္တဲ့ ပင္လယ္မြန္းစတား ေတြေလ။ ဒီအခ်ိန္မွာေတာ့ သူတို႔က ဆူးၾကားက ဘူးခါး ပါပဲ။ ခဏေလာက္ၾကာေတာ့ မြန္းစတားသံုးေကာင္က လူႀကီးမင္းဝူကို ဆက္သြယ္ၿပီး ဘာလုပ္ေစခ်င္လဲ ဆိုတာကို ေမးျမန္းၾကည့္ဖို႔ ဆံုးျဖတ္လိုက္တယ္။ ဒီကိစၥက သူတို႔ တာဝန္ယူႏိုင္တဲ့ကိစၥ မဟုတ္ပါဘူး။ ဖုန္းဝင္သြားၿပီးတဲ့ေနာက္ လူငယ္တစ္ေယာက္ရဲ့ ခ်စ္စဖြယ္ အသံတစ္ခုက တစ္ဖက္ျခမ္းဆီမွ ထြက္ေပၚလာတယ္ "ဟိုင္စံ .. မင္းကိုး။ ဘာျဖစ္လို႔လဲ။ ငါ ဝယ္ခိုင္းတဲ့ ပစၥည္းေတြ ရလား"လူႀကီးမင္းဝူ ဝယ္ေလ့ဝယ္ထ ရွိတဲ့ပစၥညး္ေတြက လူသားကမၻာမွာ ရွားပါးတယ္။ ဒါေၾကာင့္ ပစၥည္းျပတ္ တယ္ဆိုတာ ထူးဆန္းတဲ့ကိစၥေတာ့ မဟုတ္ပါဘူ။ "လူႀကီးမင္းဝူ .. ဒီလိုမဟုတ္ဘူး" ကင္းမြန္ငါးပံုစံ ပင္လယ္မြန္းစတား က လည္ေခ်ာင္းရွင္းၿပီး ေျပာလိုက္တယ္ "ဒီလိုပါ .. ဝမ္ဖ်င္ က ပစၥည္းသြားဝယ္ရင္း လူသားတစ္ေယာက္ နဲ႔ ေတြ႔ခဲ့တယ္။ ဒါေၾကာင့္ ငါတို႔ရဲ့ ခတၱအေျခစိုက္စခန္းဆီကို ေခၚလာတယ္။""အြန္း.. အဲေတာ့ ဘာျဖစ္လဲ" လူႀကီးမင္းဝူ က ဇေဝဇဝါ နဲ႔ ေမးလိုက္တယ္။ သူတို႕က လူသားက်င့္ႀကံသူေတြ နဲ႔ ဆံုေနၾကပဲေလ။ ဒါက ကိစၥႀကီးမွ မဟုတ္တာ။"အဲ့လူသားက်င့္ႀကံသူ ဘယ္သူျဖစ္တယ္ ဆိုတာက ျပႆနာပါ" ကင္းမြန္ မြန္းစတာ က ေျပာလိုက္ တယ္။"သူက ဘယ္သူလဲ။ ငါ့ကို တစ္ခါတည္း အၿပီးေျပာလို႔ မရဘူးလား" လူႀကီးမင္းဝူက ေျပာလိုက္တယ္။"အဟြတ္.. ဒီလူသားက်င့္ႀကံသူ ရဲ့ နာမည္က စြန္းရူဟန္ ပါပဲ။ သခင္မေလး ယုေက်ာင္းေက်ာင္း ရဲ့ သူငယ္ခ်င္း စြန္းရူဟန္ မွ စြန္း႐ူဟန္ ပါပဲ" ကင္းမြန္ မြန္းစတား က အသံတိုးတိုး ေျပာလိုက္တယ္။"....." လူႀကီးမင္းဝူ က ဆြံ႔အသြားတယ္။ ခဏေလာက္ၾကာေတာ့ ထေအာ္လိုက္တယ္ "ခ်ီးတဲ့မွ .. မ်ိဳးရိုးနာမည္ စြနး္ဆိုတဲ့ ေကာင္ က ငါ့ေနရာကိုေတာင္မွ လာေမႊရဲတယ္ ဟုတ္လား" "မဟုတ္ဘူး။ အဲ့လို မဟုတ္ဘူး။ ဝမ္ဖ်င္က သူ႔ကို ဖိတ္ေခၚခဲ့တာ" ကင္းမြန္ မြန္းစတား က ေျပာလိုက္တယ္။ "သူ႔ကို ရိုက္စမ္း" လူႀကီးမင္းဝူ က သြားကို တင္းတင္းေစ့ၿပိး ေျပာလိုက္တယ္ "သူ ငါ့ေနရာကို လာေမႊတာ ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ ကိစၥမရွိဘူး။ မ်ိဳးရိုးနာမည္ စြန္း.. နာမည္ ရူဟန္ နဲ႔ ေကာင္ဆိုရင္ ရိုက္ကို ရိုက္ရမယ္။ သူက ဒုတိယအဆင့္ က်င့္ႀကံသူေလး တစ္ေယာက္ပဲ။ မင္းတို႔သံုးေယာက္ သူ႔ကို ရင္ဆိုင္ႏိုင္တယ္ မဟုတ္လား"လူႀကီးမင္း ဝူ ရထားတဲ့ သတင္းေတြ အရဆိုရင္ သူ႔ရဲ့ ရည္စားလုဘက္ျဖစ္တဲ့ လူသားက်င့္ႀကံသူ က ဒုတိယအဆင့္မွာပဲ ရွိေနပါေသးတယ္။ သူက စီနီယာအျဖဴ နဲ႔ လိုက္ပါရင္း ကၽြန္းငယ္ေလး တစ္ခုမွာ ယုေက်ာင္းေက်ာင္း နဲ႔ ေတြ႔ဆံုခဲ့ၾကတာ ျဖစ္တယ္။"ေကာင္းၿပီ ။ ငါတုိ႔ လုပ္ႏိုင္တယ္။ ငါတုိ႔ သံုးေယာက္လံုး က တတိယအဆင့္ က်င့္ႀကံသူေတြပဲ" ကင္းမြန္မြနး္စတား က ေျပာလိုက္တယ္ "ဒါေပမဲ့ သူက သခင္မေလး ယုေက်ာင္းေက်ာင္း ရဲံ့ သူငယ္ခ်င္းေနာ္။ ငါတို႔ သူ႔ကို ရိုက္ရင္ သခင္မေလး စိတ္ဆိုးလိမ့္မယ္"သခင္မေလး ယုေက်ာင္းေက်ာင္း စိတ္တိုသြားမယ္ ဆိုရင္ သူတို႔သံုးေယာက္လံုး ဒုကၡေရာက္မွာပါ။"မပူနဲ႔။ ဒီေခြးေကာင္ကို ရိုက္ဖို႔ပဲ စဥ္းစားထား။ ယုေက်ာင္းေက်ာင္း စိတ္ဆိုးမယ္ ဆိုရင္ ငါပဲ အျပစ္တင္ခံလိုက္မယ္။ ငါမင္းတို႔ေကာင္ေတြကို မမွ်မတ ဆက္ဆံမွာ မဟုတ္ဘူး" လူႀကီးမင္းဝူက သူ႔ရင္ဘတ္ ကို ပုတ္ၿပီး ေျပာလုိက္တယ္။"ငါနားလည္ၿပီ" ကင္းမြန္ မြန္းစတား က ေျပာလိုက္တယ္။ သူက ဒီစကားကို ေစာင့္ေနတာပါ။ၿပီးေနာက္ သူက ထပ္ေမးလိုက္တယ္ "ေကာင္းၿပီ။ လူႀကိးမင္းဝူ ... ငါတုိ႔သူကို ဘယ္ေလာက္ အတိုင္းအတာထိ ရိုက္ႏွက္ရမလဲ။ ဒဏ္ရာ အေပါ့စားလား၊ ဒဏ္ရာ ျပင္းျပင္းလား။""အင္း.. ဒဏ္ရာ အရမ္းျပင္းသြားရင္ ဒုကၡမ်ားလိမ့္မယ္။ ယုေက်ာင္းေက်ာင္း စိတ္အရမ္းဆုိးသြားရင္ ငါေခါင္းကိုက္လိမ့္မယ္။ ဒဏ္ရာအေသးစား ျဖစ္ေအာင္လုပ္လိုက္ၾက။ ဟုတ္ၿပီလား။ တစ္ရက္ ၊ ႏွစ္ရက္ေလာက္ ေနရင္ ျပန္ေကာင္းသြားမယ့္ ဒဏ္ရာမ်ိဳးေပါ့။ မင္းက သူ႔မ်က္ႏွာကို ပက္ပက္စက္စက္ ရိုက္ၿပီး အႏိုင္က်င့္လိုက္စမ္းကြာ။ ထပ္ေျပာရရင ္အဲျဖစ္ဒဏ္ တစ္ခုလံုးကို မွတ္တမ္းတင္ေပးထား။ သိၿပီလား""ေကာင္္းပါၿပီ" ကင္းမြန္ မြန္းစတား က သက္မခ်လိုက္တယ္။ ကံေကာင္းတာက လူႀကီးမင္းဝူ စိတ္နဲ႔ ကိုယ္နဲ႔ မလြတ္ေသးလို႔။ဗြီဒီယို ကင္မရာ ကိုထုတ္ၿပီး ေနရာေကာင္း တစ္ခုခု မွာ ထားလိုက္မယ္ ။ ၿပိးရင္ လူႀကီးမင္းရူဟန္ လာတာနဲ႔ လာတာကို ေစာင့္မယ္။ သူလာၿပီဆိုတာနဲ႔ က်ဳးေလး မင္း က မင္းရဲ့ သေႏၶစြမ္းအင္ ကို အသံုးျပဳလိုက္။ ဝမ္ဖ်င္ ကို အရင္ ရွင္းရအုနး္မယ္။ မင္းက မင္းရဲ့ သေႏၶစြမး္ရည္ကုိ သံုးၿပီး သူ႔ကို ေမ့ေအာင္လုပ္လိုက္။ ငါတို႔ အေျခအေနကို ေနာက္မွာ ရွင္းျပလိုက္ၾကမယ္" ကင္းမြန္မြန္းစတား က ေျပာလိုက္တယ္။"ကိစၥမရွိဘူး။ ငါ့ကိစၥထားလိုက္။" ထြင္းေဖာက္ျမင္ရတဲ့ အေကာင္နဲ႔ အနားမွာ ရွိတဲ့ ဂ်ယ္လီငါးလို မြန္းစတားကို ကင္းမြန္က ေျပာလိုက္တယ္။ဒါေၾကာင့္ မြနး္စတား သံုးေယာက္ က စတင္ၿပီး ျပင္ဆင္မွဳ ေတြ ျပဳလုပ္ၾကတယ္။ သူတို႔က ဒဏ္ရာ အနည္းငယ္ပဲ ရေအာင္လုပ္ရမယ္။ မ်က္ႏွာကိုလည္း ရိုက္ႏွက္ရမယ္။ ဒီလို အလုပ္မ်ိဳးက နည္းစနစ္ လုိတယ္။ စြန္းရူဟန္ ေအာ္ဟစ္ ငိုယိုေနမယ့္ မ်က္ႏွာကို ထိထိမိမိ ဗီဒီယို ရိုက္ကူးႏိုင္မယ့္ ေနရာ အေနအထား ေထာင့္ကိုလည္း ေရြးတတ္ရမယ္။ တကယ္လို႔ ရူဟန္ ရဲ့ ေအာ္သံ က မလံုေလာက္ဘူးဆို ရင္ သူတို႔ဆီမွာ တျခားအကြက္ တစ္ကြက္ ရွိေနပါေသးတယ္။ ပင္လယ္မြန္းစတား သံုးေကာင္ထဲက ေနာက္ဆံုးေကာင္ က အေနာက္တိုင္းစီရန္ေသြးမ်ိဳးဆက္ကို ပိုင္ဆိုင္တာပါ။ (မိန္းမကိုယ္လံုးနဲ႔ ငွက္ေခါင္း) သူမ ရဲ့ သီခ်င္းဆိုသံ က အရမ္းေကာင္းမြန္ၿပီး သူမ က တျခားေတြ ရဲ့ အသံကို အတုျပဳလုပ္ႏိုင္တယ္။ရူဟန္ ရဲ့ ေအာ္သံ က သိပ္မလံုေလာက္ဘူးဆိုရင္ သူမ က အသံတုနဲ႔ ဝင္ေအာ္ေပးမွာ ျဖစ္တယ္။သူတို႔အစီအစဥ္က လံုးဝကို ျပည့္စံုၿပီး ဟာကြက္ဆိုတာ ေတာင္မွ မရွိပါဘူး။
ဒီအေတာအတြင္း .... အားရွီလွ်ဴ ရဲ့ လက္ရွိတည္ေနရာ ... ေကာင္းကင္ဘံုကပ္ေဘး က မဆက္မျပတ္ က်ဆင္းေနတယ္။ ကပ္ေဘးရဲ့ အရင္က်ဆင္းခဲ့တဲ့ လွိဳင္းေတြထဲမွာ မိုးႀကိဲဳး အျပင္ တျခားေသာ ျဒပ္ေတြလည္း ေပါင္းစပ္ ပါဝင္ေနခဲ့တယ္။ဒီအဆင့္ေလး ကပ္ေလးကို ေက်ာ္ျဖတ္ျခင္းက သူမ အတြက္ ဒုတိယအႀကိမ္ေျမာက္ ျဖစ္ပါတယ္။ အားကြီ နဲ႔ အားရွီလွ်ဴ တို႔ ွႀကီးမားတဲ့အစီအရင္ႀကီးကို ျပင္ဆင္ထားတယ္။ ထပ္ေျပာရရင္ ရွီလွ်ဴ က အရင္တစ္ေခါက္ကထက္ ပိုၿပီး အားေကာင္းလာၿပီ ျဖစ္တယ္။အားရွီလွ်ဴ က သူမရဲ့ ဓားေမာ့ကို တင္းတင္းဆုပ္ကိုင္ၿပီး မိုးႀကိဳးကပ္ေဘးလွိဳင္းေတြကို ခုတ္ပိုင္းဖ်က္ဆီးခဲ့တာ ျဖစ္တယ္။သူမက ကပိေဘးကို ေက်ာ္လြန္ဖို႔ အစီအရင္ေတြရဲ့စြမ္းအားကိုေတာင္မွ အသံုးမျပဳခဲ့ပါဘူး။ သူမ က လွ်ိဳ႕ဝွက္လက္နက္ ျဖစ္တဲ့ ႀကီးျမတ္တဲ့အျဖဴ ရဲ့ ၾကယ္ပ်ံဓားကိုေတာင္မွ ထုတ္မသံုးရေသးပါဘူး။ ရွီလွ်ဴ က ေကာင္းကင္ဘံုကပ္ေဘး ေက်ာ္ျဖတ္ခ်ိန္မွာ တကယ္ပဲ သက္ေတာင့္သက္သာ ျဖစ္ေနတယ္။ ေကာင္းကင္ေပၚမွာေတာ့ အမဲေရာင္တိမ္ေတြ နဲ႔ လွ်ပ္စီးတန္းေတြ ေပ်ာက္ကြယ္သြားတယ္။ ဒါေပမ့ဲ ေကာင္းကင္ဘံုကပ္ေဘး က မၿပီးေသးပါဘူး။ "ေနာက္လာမွာက ေကာင္းကင္ဘံုကပ္ေဘး ရဲ့ ေနာက္ဆံုးလွိဳင္းပဲ။" မနီးမေဝးမွာ ေစာင့္ၾကပ္ေနတဲ့ အားကြီ က ေျပာလိုက္တယ္။ သူက အေဝးတစ္ေနရာ မွာ ေနေနတာ ျဖစ္တယ္။ အားရီွလွ်ဴရဲ့ ကပ္ေဘးထဲကို သူက ဝင္ေရာက္ မပတ္သက္ခ်င္ပါဘူး။ေကာင္းကင္ေပၚမွာေတာ့ လွ်ပ္စီးတန္းေတြ က ေပ်ာက္ကြယ္သြားတယ္။ ဒါေပမဲ့မီးေတာက္နဲ႔ မိုးႀကိဳးကပ္ေဘးေတြ က လိမ္ယွက္ၿပီး ကပ္ေဘးတိမ္ေတြထဲမွာ ေပၚေပါက္လာတယ္။ ဒါက ကပ္ေဘးရဲ့ ေနာက္ဆံုးလွိဳင္းပါ။ ေနာက္ဆံုးလွိဳင္းအတြင္းမွာ အတြင္းစိတ္မိစၦာဆိုးကလည္း ေပၚေပါက္လာႏိုင္တယ္။ ေနာက္ဆံုးအႀကိမ္တုန္းက အားရွီလွ်ဴက ကပ္ေဘးရဲ့ ေနာက္ဆံုးလွိဳင္းမွာ ရံႈးနိမ့္ခဲ့တာျဖစ္တယ္။ သူမ က မိုးႀကိဳးကပ္ေဘးေတြ ၾကားမွာ ဒဏ္ရာရခဲ့ၿပီး ေသမလိုေတာင္ ျဖစ္ခဲ့တယ္။ ဒါေၾကာင့္ အနားမွာ ရွိေနတဲ့ အားကြီ က သူ႔ဓားေမာ့ကို တင္းတင္းဆုပ္ကိုင္ၿပီး ၾကည့္ေနတယ္။ ရွီလွ်ဴေလး ရဲ့ စြမ္းအင္ အရ ဆိုရင္ မီးေတာက္ နဲ႔ မိုးႀကိဳးကပ္ေဘး ကို ျဖတ္ေတာက္ပစ္ဖို႔ ဘာျပႆနာမွမရွိပါဘူး။ ျပႆနာက သူမရဲ ့ အတြင္းစိတ္မိစၦာဆိုး ေပၚေပါက္လာမွာပါပဲ။ ၿပီးေတာ့ ဒါက ရွီလွ်ဴ ရဲ့ ဒုတိယအဆင့္ ကပ္ေဘးေက်ာ္တာပါ။ အတြင္းစိတ္မိစၦာဆိုး ေပၚလာဖိဳ႔ အခြင့္အလမ္းက ေတာ္ေတာ္မ်ားတယ္။
စိတ္ေလာႀကီးေနတဲ့ အားကြီထက္စာရင္ ရွီလွ်ဴ က ယံုၾကည္မွဳ အျပည့္ပါပဲ။ ေကာင္းကင္ေပၚရွိ မီးေတာက္ နဲ႔ မိုးႀကိဳး ကပ္ေဘး က သူမ ကို ဘာဖိအားမွ မေပးနိုင္ပါဘူး။ သူမ က ဘက္ထဲက ဓားေမာ့ နဲ႔ ကပ္ေဘး ကို ျဖတ္ပစ္ဖုိ႔ အဆင္သင့္ ျဖစ္ေနပါၿပီ။ "ဘုန္း"မီးေတာက္ နဲ႔ မိုးႀကိဳး ကပ္ေဘးေတြက လိမ္ယွက္ၿပီး က်ဆင္းလာတယ္။အားရွီလွ်ဴက ေျခေဆာင့္လိုက္ေတာ့ သူမေျခေထာက္ ေအာက္ေျခရွိ အစီအရင္ က အသက္ဝင္သြားၿပိး သူမကို အားျဖည့္ေပးတယ္။ ေနာက္ေတာ့ သူမရဲ့ ဓားေမာ့ခ်ီေတြ နဲ႔ အတူ ဓားေမာ့ဆႏၵ က ကပ္ေဘးဆီကို ဦးတည္သြားတယ္။ဓားေမာ့အလင္းဆီမွ နဂါးေအာ္သံ ခပ္သဲ့သဲ့ ထြက္လာတယ္။အားရီွလွ်ဴ ရဲ့ ေနာက္မွာ အျဖဴေရာင္နဂါး ပံုရိပ္ေယာင္ႀကီး ေပၚလာတယ္။အားရွီလွ်ဴ က ေနာက္ဆံုးအႀကိမ္ ကပ္ေဘးေက်ာ္တုန္းကထက္ ပိုၿပီး ရဲရင့္လာတယ္။ဓားအလင္းေတြက ေလထဲရွိ ကပ္ေဘး မီးေတာက္ေတြကို ခုတ္ပိုင္းလိုက္တယ္။ဒါေပမဲ့ ဒီအခ်ိန္မွာပဲ ဓားေမာ့အလင္းေတြက အျဖဴေရာင္နဂါး အျဖစ္ ေျပာင္းလဲၿပီး ကပ္ေဘး မီးေတာက္ေတြကို ရစ္ပတ္ကာ ၿဖိဳခြဲလိုက္တယ္။က်န္တဲ့ မီးေတာက္ နဲ႔ မိုးႀကိဳး ကပ္ေဘး အစိတ္အပိုင္းေတြကိုေတာ့ အားရွီလွဴ ေျခေထာက္ေအာက္ရွိ အစီအရင္က တားဆီးထားလုိက္တယ္။ျဖစ္စဥ္တစ္ခု လံုးမွာ အားရွီလွ်ဴ က အားနည္းေၾကာင္း လံုးဝ မျပသခဲ့ဘူး။ မိုးႀကီုး ဒါမွမဟုတ္ မီးေတာက္ ကပ္ေဘး တစ္ခုတေလ ကမွ သူမ ရဲ့ အနီး ၁၀၀ မီတာအတြင္းကို ဝင္မလာႏိုင္ခဲ့ၾကဘူး။ သူမရဲ့ ဓားေမာ့ဆႏၵ နဲ႔ ဓားေမာ့ အလင္းေၾကာင့္ အားလံုးက ေလထဲမွာ ေပ်ာက္ကြယ္ သြားခဲ့ရတယ္။မိုးႀကိဳး နဲ႔ မီးေတာက္ ကပ္ေဘး က်ဆင္းလာၿပီးေနာက္ အတြင္းစိတ္မိစၦာဆိုး က ေပၚမလာခဲ့ပါဘူး။ အားရွီလွ်ဴ က ေအာင္ေအာင္ျမင္ျမင္ပဲ ကပ္ေဘး ေက်ာ္လြန္ႏိုင္ခဲ့ၿပီ။ သူမ ကိုယ္ထဲက အစစ္အမွန္ခ်ီေတြက အစစ္အမွန္ ခ်ီ အရည္ ေတြကေန အစစ္အမွန္ ယန္ အျဖစ္ ေျပာငး္လဲသြားတယ္။ သူမ ရဲ့ စိတ္စြမ္းအင္ အေရာင္ကလည္း ေငြေရာင္ျဖစ္သြားတယ္။ အားရွီလဴွ် က ကပ္ေဘး မေက်ာ္လြန္ခင္ ကတည္း က အဆင့္ေလး စိတ္စြမ္းအင္ရွိၿပီးသား ျဖစ္တယ္။ အခု ပိုၿပီး အားေကာင္းသြားတာပါ။ သူမ ႏွဳတ္ခမ္းေထာင့္ေတြက ေကာ့တက္သြားၿပီး ဓားေမာ့ကို ေနာက္မွာ ခ်ိတ္လိုက္တယ္။ ၿပီးေနာက္ နဖူးေပၚမွ ေခၽြးစက္ေတြကို သုတ္လိုက္တယ္။ ၿပိးေနာက္ အားကြီကို အိုေက ဆိုတဲ့ သေကၤတ လုပ္ျပလိုက္တယ္။ ၿပီးေနာက္ သူမ က ေျခခ်ိတ္ထိုင္ၿပီး သူမရဲ့ တန္ခိုးက်င့္စဥ္ကို အသက္သြင္းလိုက္တယ္။ အခု မွ ခ်ိဳးျဖတ္ႏိုင္ခဲ့တဲ့ မူလ ဒန္ထ်န္ထဲမွာ အစစ္အမွန္ခ်ီ အဆီအႏွစ္ ေတြ ကို စုဖြဲ႔ဖို႔ ႀကိဳးစားလိုက္တယ္။
အေဝးမွာ ရွိတဲ့ အားကြီက သက္မခ်လိုက္တယ္။ဒါေပမဲ့ သက္မ ခ်ေနတုန္းမွာပဲ ေကာင္းကင္ေပၚမွာ တစ္စံုတစ္ခု က ေျပာင္းလဲသြားတယ္။အားရွီလွ်ဴ ၿဖိဳခြဲလိုက္တဲ့ မီးေတာက္ နဲ႔ မိုးႀကိဳးကပ္ေဘး က ထပ္မံ စုဖြ႔ဲမိသြားၿပီး လက္ရွိမွာထိုင္ၿပီး တန္ခိုးက်င့္ေနတဲ့ အားရွီလွ်ဴ ဆီကို တိုးဝင္လာတယ္။သူမ က ေကာင္းကင္ဘံုကပ္ေဘးကို ေက်ာ္လြန္ၿပီးပါၿပီ။ ဒါေပမဲ့ ကပ္ေဘး က ဒါကို လက္ခံခ်င္ပံု မေပၚဘူး။"!" အားကြီ က စိတ္တိုသြားတယ္။ သူ႔ရဲ့ ဓားေမာ့ကို ထုတ္ၿပီး က်န္ေနတဲ့ ေကာင္းကင္ဘံုကပ္ေဘး ကို ၿဖိဳခြဲပစ္ဖုိ႔ ျပင္လိုက္တယ္။ဒါေပမဲ့ အားကြီ ထက္ျမန္တဲ့ ဓားအလင္းတစ္ခု က ထြက္ေပၚလာတယ္။ ဒါက ႀကီးျမတ္တဲ့အျဖဴ ရဲ့ ၾကယ္ပ်ံဓားပဲ ျဖစ္တယ္။ သူ႔အလုိလို ဓားဖံုးကေန ထြက္လာၿပီး ဓားအလင္းအျဖစ္ ေျပာင္းကာ က်န္ေနတဲ့ ကပ္ေဘး မီးေတာက္ နဲ႔ မိုးႀကိဳးေတြ ဆီကို ထိုးေဖာက္ ဝင္ေရာက္သြားတယ္။ အားကြီက သက္မခ်လိုက္တယ္။"မၿပီးေသးဘူး" ဒီအခ်ိန္မွာပဲ ႀကီးျမတ္တဲ့အျဖဴ ရဲ့ အသံက အားကြီွ အေနာက္ဘက္ကေန ထြက္ေပၚလာတယ္ "အမေလး .. ေသာက္က်ိဳးနည္း" .......... "စီနီယာအျဖဴ .. မင္း မေျပာမဆိုနဲ႔ သူမ်ား ေနာက္ကေန အခုလို ေပၚလာၿပီး ရုတ္တရက္ စကားေျပာလို႔ မျဖစ္ဘူးေလ" အားကြီ က ေျပာလိုက္တယ္။ "ငါေတာင္းပန္တယ္။ ဒါေပမဲ့ ေကာင္းကင္ဘံုကပ္ေဘး က ငါ့တည္ေနရာ ေရြ႕ေျပာင္းမွဳကို လႊမ္းမိုးသြားတာမို႔ ေနရာ လြဲသြားတာ။ ငါမင္းေရွ႕မွာ ေပၚလာဖို႔ စီစဥ္ထားတာပဲ" ႀကီးျမတ္တဲ့အျဖဴ က ေျပာလိုက္တယ္။ ရီစင့္ကလည္း ေပၚလာၿပီး အားကြီ ကို ၿပံဳးျပလိုက္တယ္။ ၿပီးေနာက္ သူမ က တန္ခိုးက်င့္ေနတဲ့ အားရွီလွ်ဴ ကို ၾကည့္လိုက္တယ္။ သူမ ရဲ့ ေခါင္းအထက္မွာ ကပ္ေဘးတိမ္ေတြ ရွိေနတယ္။သာမာန္အေျခအေန မွာ ကပ္ေဘး ေက်ာ္တာ ၿပီးသြားခဲ့ၿပီ ျဖစ္ၿပီ။ ရွီလွ်ဴက လက္ရွိမွာ အဆင့္ ေတာင္ စတင္ေျပာင္းလဲေနၿပီ ျဖစ္ၿပီး အဆင့္ေလး သေႏၶအဆင့္ကို တက္ေနတဲ့ ၾကားအခ်ိန္ကို ေရာက္ေနတာ ျဖစ္တယ္။ဒါေၾကာင့္ ကပ္ေဘးက ေပ်ာက္ကြယ္သြားရမွာပါ။ ဒါေပမဲ့ အခု မီးေတာက္ နဲ႔ မိုးႀကိဳးကပ္ေဘး ေပ်ာက္ကြယ္သြားၿပီး ေနာက္မွာ ကပ္ေဘးတိမ္ အသစ္ေတြ က ရွီ္လွ်ဴ ရဲ့ ေခါင္းေပၚမွာ စုဖြဲ႔လာတယ္။လွ်ပ္စီးလက္သံေတြ က တိမ္ေတြ ၾကားမွ ထြက္ေပၚလာတယ္။ ခဏေလာက္ ၾကာေတာ့ ကပ္ေဘး တိမ္ေတြၾကားမွာ အေျမွာက္ ေျပာင္းဝႀကီး တစ္ခု ေပၚလာတယ္။ ဒီအေျမွာက္ ေျပာင္းဝ ႀကီးက ေရႊ႔ေရာင္အလင္းေတြနဲ႔ ျပဳလုပ္ထားတာ ျဖစ္တယ္"ဒါဘာလဲ" အားကြီက သြားကို တင္းတင္းေစ့ၿပီး ေျပာလိုက္တယ္။ကပ္ေဘး ၿပီးသြားတာ ေတာင္မွ ဒီေကာင္ႀကီး က ဘာလို႔ ေပၚလာတာလဲ။ ေျပာင္းဝထဲက စြမ္းအင္ေတြကို သူ ခံစားလို႔ရတယ္။ ဒါက စေနာက္ေနတာမဟုတ္ပါဘူး။"ေကာင္းကင္ဘုံ ကပ္ေဘး အသစ္ျဖစ္မယ္။" ႀကီးျမတ္တဲ့အျဖဴ က ကပ္ေဘးတိမ္ ထဲကေန ထြက္လာတဲ့ ေျပာင္းဝႀကီးကို ၾကည့္ၿပီး ေျပာလိုက္တယ္။ ေကာင္းကင္ဘံုကပ္ေဘး က အရမ္းထူးဆန္းတယ္။ အားရွီလွ်ဴကို ကေမာက္ကမ ျဖစ္ေအာင္ ရည္ရြယ္ခ်က္ ရွိရွိ ျပဳလုပ္ေနပံု ေပၚတယ္။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Dove le storie prendono vita. Scoprilo ora