အပိုင်း (၉၉၅)

116 27 0
                                    


#Unicode


အိပ်ရာထဲ သေးပေါက်ချခဲ့တယ်လို့ ရူဟန် ပြောတယ်။

ဒီအမဲရောင်နဂါးက အမှန်ပဲသေးငယ်ပြီး လက်မောင်းတစ်ဖက် စာပဲ ရှိတယ်။

စီနီယာအဖြူ ပုတ်လိုက်တော့ အမဲရောင်နဂါးက ပျင်းရိစွာ လှိမ့်လိုက်တယ် "အမေ..... နည်းနည်းလေး ဆက်အိပ်လိုက်အုန်းမယ်။ နည်းနည်းပဲ"

အမဲရောင်နဂါးက ရူဟန် နားမလည်နိုင်တဲ့ ငရဲပြည်က စကားကို ပြောတာ ဖြစ်တယ်။ ဒါပေမဲ့ ဒီအမဲရောင်နဂါးလေးနဲ့ စိတ်စွမ်းအင် က အရမ်း အားကောင်းတာကြောင့် တစ်ဖက်လူကို အလိုလို ဘာသာပြန် နားလည်စေနိုင်တယ်။.

"......" ရူဟန်။

ဒါက သူကျောင်းတက်တုန်းက မနက်ခင်း ပြုလုပ်နေကြ အမူအရာပါပဲ.။

"ဒီမှာ .... ငါမင်းကို နိုးလိုက်မယ်" စီနီယာအဖြူနှစ် က အမဲရောင်နဂါးလေး ရဲ့ အမြီးကို ကိုင်ပြီး ကြိုးတစ်ချောင်းလို ဝေ့ယမ်းလိုက်တယ်။

အမဲရောင် ဆယ်ကြိမ်လောက် ဝေ့ယမ်းခံပြီးတဲ့နောက် မူးဝေစွာနဲ့ မျက်လုံးကို ဖွင့်လိုက်တယ်။

စီနီယာအဖြူနှစ်ကို မြင်တော့ အမှတ်မထင် ပါးစပ်ဟပြီး ကိုက်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ ပဲ ကြောက်လန့်တကြားနဲ့ ခေါင်းကို နောက်ပြန်ဆုတ်လိုက်တယ်။

"မင်း နိုးလာပြီလား" စီနီယာအဖြူနှစ် က ပြောလိုက်တယ်။

"နိုးပါပြီ" အမဲရောင်နဂါးလေး က မြန်မြန်ပဲ ခေါင်းညိတ်ပြလိုက်တယ်။

စီနီယာအဖြူနှစ်က သူတို့ရှေ့မှာ ရှိတဲ့ နွေနန်းတော်ကို လက်ညိုးထိုးပြပြီး ပြောလိုက်တယ် "ဒါဆိုရင် အမဲရောင်နဂါး အရေပျော်ခြင်း နည်းစနစ်ကို အသုံးပြုပြီး မင်းရှေ့့က ရှေးကောင်းကင်ဘုံမြို့အစိတ်အပိုင်းကို ကြုံဝင်အောင်လုပ်လိုက်"

အမဲရောင်နဂါး က နွေနန်းတော်ကို ကြည့်ပြီး ခေါင်းညိတ်ကာ ရှေ့ကို ပျံသန်းသွားတယ်။

"ရူဟန် ဒီအမဲရောင်နဂါးကို ကောင်းကင်မြေ အခွင့်အာဏာနဲ့ လက်ခံလိုက်။ ဒါမှ ကောင်းကင်မြေရဲ့ အတားအဆီးတွေ သူ့ကို အလုပ်မလုပ်မှာ" စီနီယာအဖြူနှစ်က ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Opowieści tętniące życiem. Odkryj je teraz