အပိုင်း (၉၅၃)

140 31 0
                                    


#Unicode


ငါ့မှာ သတင်းဆိုးတစ်ခု ရှိတယ်။ ငါ့အချိန်စေ့ပြီ။

စီနီယာအဖြူ ခန့်မှန်း ထားသလိုပဲ ဆောင်းနှင်းမြူ နန်းတော်ကို စတင် ထားလိုက်ချိန်မှာတော့ ရူဟန် ရဲ့ အတွင်းကမ္ဘာက ချဲ့ထွင်လာတယ်။

ဆောင်းနှင်းမြူ နန်းတော် က အတွင်းကမ္ဘာထဲမှာ သုံးပုံ တစ်ပုံ ရှိနေပြီး သုံးပုံနှစ်ပုံ က ရှုပ်ထွေး ပွေလီတဲ့ တည်နေရာ မှာ တည်ရှိနေတယ်။

"ဟားဟား.. ငါအခု သိချင်တာ က ဘယ်လို ခွေးကောင် က ဆောင်နှင်းမြူ နန်းတော်ကို ဘယ်လို ပုံစံ နဲ့ ပြန်ယူမလဲ ဆိုတာပဲ။ သူက မင်းရဲ့ အတွင်းကမ္ဘာဆီကို ဘယ်လိုအားသုံးပြီး ဝင်လာမလဲ ဆိုတာ ငါသိချင်လိုက်တာ" စီနီယာအဖြူ နှစ် က သဘောတကျ နဲ့ အကျယ်ကြီး အော်ရယ်လိုက်တယ်။

ရူဟန်က ရဲ့ အတွင်းကမ္ဘာက သူ့ရဲ့ တကိုယ်ရည် တည်နေရာ တစ်ခုပါ။ သူ့ခွင့်ပြုချက် မရှိဘူး ဆိုရင် တည်နေရာစွမ်းအားကို ထိန်းချုပ်နိုင်တဲ့ ကပ်ဘေးလွန်အဆင့်တောင်မှ အတွင်းကို ဝင်လို့မရနိုင်ပါဘူး။ နောက်ဖေးတံခါးကို မသုံးဘူး ဆိုရင်ပေါ့။

ရယ်ပြီးတဲ့နောက် စီနီယာအဖြူ က ပြောလိုက်တယ် "သွားစို့၊။ ဆေးနှင်းမြူ နန်းတော်ထဲကို ဝင်ပြိး ဆေးလုံးတွေ တွေ့နိုင်မလား ကြည့်ကြတာပေါ့"

"ငါနန်းတော်တံခါးကို ဖွင့်ပါရစေ။" စိနီယာအစ်မရီ က သေစေနိုင်တဲ့ အေးစက်ခြင်း ဓားကို ဆုပ်ကိုင်ပြီး နန်းတော်တံခါးဖွင့်ဖို့ ညွှန်ကြားလိုက်တယ်။

ဒီလိုနဲ့ပဲ ရူဟန် တို့က နန်းတော်ထဲကို ဝင်လိုက်ကြတယ်။

စီနီယာအဖြူ ခန့်မှနး် ထားတဲ့ အတိုင်းပဲ တားမြစ်နယ်မြေထဲက ဆောင်းနှင်းမြူ နန်းတော်က ဆေးလုံးထုတ်လုပ်သန့်စင်တဲ့ နေရာ ဖြစ်နေတယ်။ အဓိက နန်းတော်ကလွဲရင် တွဲရက် ပါလာတဲ့ ခန်မဆော်ငတွေက ဆေးပစ္စည်းတွေ အများကြီး ထားသို သိမ်းဆည်းထားတယ်။ ဆေးပစ္စည်းအားလုံးက အအေးဓာတ် ပစ္စည်းတွေဖြစ်တယ်။ ဒါပေမဲ့ ဒီအရာတွေရဲ့ သက်တမ်း နဲ့ တန်ဖိုး က သာမာန်ပါပဲ။ ပြီးတော့ ခန်းမဆောင် တော်တော်များများ မှာ ဆေးလုံး တန်းလန်းတွေ ရှိနေသေးတယ်။ ဆေးလုံးတွေ အဖြစ် မဖြစ်တည်သေးတဲ့ ဆေးလုံးတွေ ပါ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now