အပိုင်း (၉၂၆)

126 27 0
                                    


#Unicode


သူငယ်ချင်းလေး ရူဟန် .. မင်း တိုက်ခိုက်ချင်လို့လား။

အချိန်တွေ ဘယ်လိုကုန်သွားတာလဲ.။ ငါမင်းကိုသေချာတောင် မကြည့်ခဲ့ရဘူး။ ငါမျက်စိရှန်းသွားတာလား။

လေးရက်လောက် ကြာတော့ ... စက်တင်ဘာ ခြောက်ရက်နေ့ .. မနက်စောစော ...။

ဒီနေ့ ရူဟန် ရဲ့ တက္ကသိုလ် က ဒီနေ့ တရားဝင်စပါပြီ။

ရူဟန်က တန်ခိုးကျင့်နေရာကနေ မျက်စိကို ဖွင့်လိုက်တယ်။ ပြီးနောက် သူက ပြောလိုက်တယ် "စီနီယာအဖြူ ငါ ဒီကျောက်တုံးခြောက်ခု ပေါ်မှာ ရှိတဲ့ ပြန်လည်ကောင်းမွန်ခြင်း နည်းစနစ် ကို လေ့ကျင့်ပြီးပြီ။ အချိန်ရောက်တော့မယ် ဆိုတော့ ငါတို့ ဂျင်နန်ကို ပြန်ကြစို့"

နဂါးကျားနှစ် ရဲ့ ကမ္ဘာထဲက ထွက်ခွာလာပြီးတဲ့နောက် ရူဟန် နဲ့ တခြားလူတွေက ချန်လင်း ရဲ့ နေရာပျက်ဆီကို ပြန်ရောက်ခဲ့တယ်။

သူမ ရဲ့ မိန့်ခွန်းအပြင် ချန်လင်းရဲ့ နေရာပျက် ထဲက ကျောက်တုံးခြောက်ခု ပေါ်မှာ ရှိနေတဲ့ လျှို့ဝှက် နည်းစနစ်ကို ရရှိခဲ့တယ်။ ဒီပြန်လည်ကောင်းမွန်ခြင်း လျှို့ဝှက်နည်းစနစ်ကို လေ့လာပြီးတဲ့နောက် တစ်စုံတစ်ယောက်က ခြေတွေ၊ လက်တွေ တောင်မှ ပြန်ပေါက်လာနိုင်တယ်။ ထပ်ပြောရရင် ဒီနည်းစနစ် ထဲမှာ ချန်လင်း ရဲ့ အမတ လမ်းစဉ် အချက်အလက်တွေ ပါဝင်နေတယ်။

ဒါကြောင့် ကြီးမြတ်တဲ့အဖြုူ က ဒီလျှို့ဝှက်နည်းစနစ်ကို အားလုံး ကို ပြသခဲ့တယ်။ လေ့လာရင်း အချိန်တွေ ကုန်ဆုံးသွားတာကြောင့် စက်တင်ဘာ ခြောက်ရက် နေ့ကိုတောင် ရောက်ရှိသွားတယ်။

ဒီရက်တွေ အတွင်းမှာ တာအိုရောင်းရင်းတွေ အားလုံး က ကောင်းမွန်တဲ ့ရလဒ်တွေ ရရှိခဲ့ကြတယ်။

ကြီးမြတ်တဲ့အဖြူ ခေါ်လာတဲ့ လူခြောက်ယောက် ထဲမှာ လိုင်ချီးက ဒီနည်းစနစ်ကို ပထမဆုံး နားလည်သွားသူ ဖြစ်တယ်။ ပြီးတော့ သူမ က ချန်လင်းရဲ ့အမွှာ ညီအစ်မ လေ။. ဒီလျှို့ဝှက် နည်းစနစ်ကို လေ့လာဖို့ သူမအတွက် အသေးအဖွဲ့ပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora