#Unicode
ကောင်းကင်ဘုံကပ်ဘေး နောက်ဆုံးလှိုင်းကို ် ဦးညွှတ်သည့် ပုံစံဖြင့် ကြိုဆိုခြင်း။
သူက သတိမေ့ခါနီးမှာတော့ ကျောရိုးကို ဆန့်ထုတ်ပြီး အားတင်းကာ ကိုယ်ကို မတ်မတ်ရပ်လိုက်တယ်။
[ဒီအဘိုးကြီး က သေသွားရမယ်ဆိုရင်တောင်မှ ဂုဏ်ယူစွာနဲ့ ရင်ဆိုင်ကာ သေဆုံးမှာ ဖြစ်တယ်။ သူ့ဘေးနားက ငကြောက် နှစ်ကောင်လို အရှက်မဲ့တဲ့ လုပ်ရပ်ကို သူ ဘယ်သောအခါမှ လုပ်မှာ မဟုတ်ပါဘူး။] ဒါက တာအိုဘုန်းကြီး ဟော်ရီဇုံ ရဲ့ စိတ်ထဲက အတွေးပါ။
မသေဆုံးခင်မှာ ဟော်ရီဇုံ က ရှေ့မှာ ရှိနေတဲ ့ကောင်းကင်ဘုံကပ်လေး ရဲ ့လိုက်ဒုံးကျည် တွေကို စိုက်ကြည့်ကာ အော်ဟစ်လိုက်တယ် "လာစမ်း .. ဒီအဘိုးကြီးကို လာပြီး တိုက်ခိုက်စမ်း"
ဒီနေ့ ငါသေခြင်းတရား ရှေ့့မှာ ကြောက်လန့်တကြား အော်ဟစ်မိရင် ယောကျ်ားတစ်ယောက် မဟုတ်တော့ဘူး။
လာစမ်း . ကောငး်ကင်ဘုံကပ်ဘေး .. ဒီအဘိုးကြီးက မင်းကို ကြောက်မှာ မဟုတ်ဘူး။
တာအိုဘုန်းကြီး ဟော်ရီဇုံ က တွေးနေရင်းကနေ စတင်ပြီး အသိစိတ် ပျံ့လွင့်လာတယ်။
ပြီးနောက် သူက အလန့်တကြား အခြေအနေ တစ်ခုကို ခံစားလိုက်မိတယ်။ သူ့ ဒူးခေါင်းတွေက ဖြည်းဖြည်းချင်း အလိုလို ကွေးလာတယ်။
ကမ္ဘာကြီးရဲ့ မယုံနိုင်စရာကြီးမားတဲ့ အားအင်တွေက သူ့ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာပြီး မြေပေါ် ဒူးထောက် ကျဆင်းစေတယ်
သူ အရမ်းအားနည်းလို့လား။
မဟုတ်ဘူး။
ဒါက ကောင်းကင်ဘုံကပ်ဘေး က လုပ်နေတာ ဖြစ်မယ်။
ခေတ်မီ ကောင်းကင်ဘုံကပ်ဘေး က ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးချင်ရုံ တင်မကဘဲ စိတ်ဆန္ဒ တွေကိုပါ ရိုက်ချိုးချင်နေတာလား။
ဒါပေမဲ့ ဒီအဘိုးကြီးက ဘာကြောင့် လွယ်လွယ် နဲ့ အရှုံးပေးရမှာလဲ။
ဒီအဘိုးကြီး ရဲ့ စိတ်နှလုံး က အစောကတည်းက သန်မာပြီးသားဖြစ်တယ်။ ဒီအဘိုးကြီးက သေခြင်းတရား ကိုတောင်မှ မကြောက်ရွံတာ ဘာကြောင့် ဒူးထောက်ရမှာလဲ။ အိမ်မက် မက်နေလိုက်။ ဟော်ရီဇုံက စိတ်ခံစားချက် အပြည့် နဲ့ တွေးလိုက်တယ် ။
VOCÊ ESTÁ LENDO
ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)
Fantasiaဘာသာပြန် သိုင်းဟာသ (Xianxia) စာစဉ် ဖြစ်သည်။