အပိုင်း (၁၀၄၉)

131 25 0
                                    


#Unicode


ငါ့ရတနာဓားမော့ အဝေးဆီ ပြန်သွားပြီ။ ငါဘာလုပ်ရမလဲ။

"အောင်မြင်ပြီ" ရူဟန်က အားတက်တရော ပြောလိုက်တယ်။

ဓားပျံကို လွတ်လွတ်လပ်လပ် ထိန်းချုပ်ရတဲ့ ခံစားချက် က အရမ်းကို ကောင်းမွန်တယ်။ ဆိုးတာတစ်ခု ပဲ ရှိတယ်။ သူ့ ရတနာဓားမော့ က ချပ်ဝတ်လို ဖြစ်နေတာ တစ်ခုပါပဲ။

ဓားပျံစီးနင်းခြင်း သင်ယူရတဲ့ ဒုတိယအဆင့်ကလည်း ချောချောမောမော ပြီးသွားခဲ့တယ်။

"ရုူဟန် ... ဓားမော့နဲ့ ပတ်သက်ရင် မင်းရဲ ့ပါရမီက ကြောက်ဖို့တောင် ကောင်းတယ်" ရှီလျှူ က ပြောလို်ကတယ်။ ဓားမော့ကျင့်ကြံခြင်းကနေ ဓားမော့ပျံသန်းစေခြင်း တစ်ခုလုံးကို သူက တစ်ခါတည်းကြိုးစား အောင်မြင်ခဲ့တယ်။

"ကောင်းပြီ. ဒါကို ငါက ဓားပါရမီ နဲ့ လဲချင်တာ" ရူဟန်က ဟာသပြောလိုက်တယ်။

သူ့အိမ်မက်က ဓားသမား တစ်ယောက် ဖြစ်လာဖို့ပါ။ ဒါပေမဲ ့မထင်မှတ်ထားဘဲ သူက ဓားမော့ ကို ကိုင်ဆောင်နေရတယ်။

"အခု မင်းက ဖြစ်စဉ်တွေနဲ ့ပိုပြီးူ ရင်းနှီးအောင်လုပ်ပြီး ဓားမော့ကို လေထဲမှာ အမျိုးမျိုး ပျံနိုင်အောင် ပြုလုပ်လိုက်။ ရတနာဓားမော့ က မင်းရဲ့ အတွေးအတိုင်း သွားနေပြီ ဆိုရင် မင်းက လေ့ကျင့်ဖို့နောက်တစ်ဆင့် ဆီကို သွားနိုင်ပြီ။" အားရှီလျှူ က ပြောလိုက်တယ်။ သူမ က လက်ရှီမှာ ဆရာမ တစ်ယောက် အသွင်အပြင်မျိုး ဖြစ်နေတယ်။

ရူဟန် က ပြန်ပြောလိုက်တယ် "ကောင်းပြီ"

သူက ဖြစ်စဉ် လုပ်ငန်းစဉ်တွေ နဲ့ ပိုပြီး ရင်းနှီးအောင် ဆက်လုပ်လိုက်တယ်။ နောက်တော့ သူက နောက်တစ်ဆင့်ကို ထပ်ပြီး ကြိုးစားကြည့်လိုက်တယ်။

သူက ဓားမော့ကို ထိန်းချုပ်ပြီး အပေါ်အောက် သွားလာစေတယ်။ နော်ကတော့ ရှေ့သွားလိုက်၊ နောက်သွားလိုက် ၊ လှည့်လိုက်၊ စက်ဝိုင်းပုံ သွားခိုင်းလိုက် လုပ်နေတယ်။

အခြေခံလှုပ်ရှားမှုတွေကို ကျွမး်ကျင်ပြီးတဲ့နောက် ရူဟန်က ဓားမော့ကို S ပုံစံ ပျ့ံသန်းစေတယ်။ ပြီးနောက် ရှေ့့ကို ချာချာလည်စေတယ်။ ရပ်တယ်။ နောက်ပြန်သွားတယ်။ စသဖြင့် အကုန်လျှောက်လုပ်ပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora