အပိုင်း (၉၂၀)

130 29 0
                                    


#Unicode


မင်း မြင်လား။ အင်ပါယာပုလဲ က ဒီမှာ။ ..... ခရက်... ။

မဟူရာလက်တွေရဲ့ အင်မော်တယ် က ချန်လင်းက သတ်ဖြတ်ခဲ့တာပါ။ ဒါပေမဲ့ ချန်လင်းက ခုချိန်ထိ အသက်ရှင်နေတယ်လို့ သူက သံသယ ရှိနေတယ်။ ချန်လင်း က ကျောက်စိမ်းရေကန် နယ်မြေရဲ့သခင်ပါ။ တစ်ဖက်လူက သူ့ကို လွယ်လွယ်နဲ့ ခေါင်းဖောက်ခွဲပြီး သတ်ပစ်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဒါကြောင့် သူက အသတ်ခံရပြီးနောက်မှာ တိတ်တဆိတ်နဲ့ အသက်ပြန်ရှင်နိုင်စေမယ့် နည်းလမ်းမျိုး ရှိနေတယ်လို့ သူက သံသယ ဝင်နေတယ်။ ပြီးတော့ အသက်ပြန်ရှင်လာတဲ့ ချန်လင်းက ဘဝသစ်တစ်ခု မွေးဖွားလာစေတဲ့ တော်ဝင်လမ်းကို ရှာဖွေတွေ့ရှိပြီးသားချန်လင်း အဖြစ် ပဲ ပြန်ရှင်လာတာလား။

ဒါကြောင့် ချန်လင်းရဲ့ ခေါင်းကို ဖောက်ခွဲပြီးတဲ့နောက် ဒီအင်မော်တယ်က ချန်လင်းရဲ့ အင်မော်တယ် ဂူထဲမှာ ထောင်ချောက်တွေ ထားရှိခဲ့တာ ဖြစ်နိုင်တယ်။

ပြီးတော့ သူက ချန်လင်း ပြန်လည် အသက်ဝင်လာမှာကို စောင့်ဆိုင်းနေတာ ဖြစ်မယ်။

ဖြစ်နိုင်ချေ တော်တော် နည်းပါးတယ်။ပြိးတော့ ချန်လင်း ပြန်အသက်ရှင်လာတယ် ဆိုရင်တောင်မှ သူမက အင်မော်တယ်လှိုဏ်ဂူဟောင်းကို ပြန်လာချင်မှ ပြန်လာမှာလေ။

ဒါပေမဲ့ သေးငယ်တဲ့ ထောင်ချောက်လေးတွေ ဖန်တီးထားဖို့ က သူ့အတွက် အားစိုက်ထုတ်ရတာမျိုး မဟုတ်ပါဘူး။ အနာဂတ်မှာ အကျိုးအမြတ်ဖြစ်လာနိုင်မှာလား ဆိုတာကို ဘယ်သူသိနိုင်မှာလဲ၊

ဒီနေ့မှာတော့ သူချန်ထားခဲ့တဲ့ လှည့်ကွက် က အသုံးဝင်ခဲ့ပါပြီ။

ကျောက်စိမ်းရေကန် နယ်မြေသခင် ချန်လင်းက အသက်ပြန်ရှင်လာခဲ့ပါပြီ။

"ချီးတဲ့မှ .. တစ်ဖက်လူက ငါတို့ ရှိကြောင်းကို သိသွားပြီပဲ" မြောက်ပိုင်းမြစ် က ပြောလိုက်တယ်။ မဟူရာရောင် လက်နဲ့ အင်မော်တယ် က သူတို့ကို စိုက်ကြည့်လိုက်ရုံနဲ့တင် ကြီးမားတဲ့ ဖိအား ဖြစ်ပေါ်စေတယ်လို့ မြောက်ပိုင်းမြစ် က ခံစားမိတယ်။ ပြီးတော့ အင်မော်တယ်တွေ ဆိုတာ ကျင့်ကြံခြင်းလောက ရဲ့ ထိပ်ပို်င်းမှာ တည်ရှိနေတာလေ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora