အပိုင်း (၉၂၂)

130 28 2
                                    


#Unicode


ဒီလိုလေ .. ငါ့ကို မျက်နှာသာ နည်းနည်းပေးရင် ဘယ်လိုလဲ။

[ငါ့ရဲ့ လာမီယာ နဲ့ ဒီလူ့ကြားမှာ ဆက်ဆံရေး တစ်ချို့ ရှိနေပုံပဲ] ရူဟန်က အလိုလို ခံစားသိမြင်နေတယ်။ တကယ်တော့ တိတိကျကျ ပြောရရင် ဒီအင်မော်တယ် နဲ့ သူကျောက်စိမ်းရေကန် မှာ ဆုံခဲ့တဲ့ လှပတဲ့ အမှတ်နဲ့ အမျိုးသမီး တို့ကြားမှာ တစ်ခုခု ရှိနေတယ်။

ဒါပေမဲ့ လှပတဲ့ အမှတ် နဲ့ အမျိုးသမီး က ထူးဆန်းတဲ့ ချစ်ခြင်း တရား ရှိသူ ဆိုတာ ထင်ရှားတယ်။ သူမ က ကျောက်စိမ်းရေကန် သခင် ချန်လင်းကို ကြိုက်နှစ်သက်နေတယလေ။ ဒါကြောင့်ပဲ ကောင်းကင်ဘုံမြို့ ပျက်ဆီးပြီးနောက်မှာ ခြောက်ခမ်းနေတဲ့ ကျောက်စိမ်းရေကန် ကို စောင့်ရှောက်ပေးဖို့ သဘောတူခဲ့တာ ဖြစ်တယ်။

ဒါက ဒရမ်မာ ဇာတ်လမ်း တစ်ခုလိုပါပဲ။

ရှေးကောင်းကင်ဘုံမြို့ထဲမှာ ရှိတဲ့ ဆက်ဆံရေးစက်ဝိုင်းကြီး က တော်တော်ကြီး ရှုပ်ထွေးခဲ့ပုံပေါ်တယ်။

ပြီးတော့ သူ့ခန္ဓာကိုယ်ကို ရစ်ပတ် ကာကွယ်ပေးနေတာက သီလ အလင်း နဲ့ဖွဲ့တည်ထားတဲ့ လာမီယာ ဖြစ်ပြိး လှပတဲ့ အမှတ်နဲ့ အမျိုးသမီး မဟုတ်ဘူး ဆိုတာ ကို အင်မော်တယ်က မမြင်ဘူးလား။

အင်မော်တယ် တစ်ယောက် က ဒီလို အမှားမျိုး မလုပ်သင့်ဘူးလေ။

ဒါကို တွေးမိတော့ ရူဟန်က စိတ်လှုပ်ရှားသွားတယ်။

ဒီလှပတဲ့ အမျိုးသမီးက ကိုယ်ပွား တစ်ခု ရှိနေတာလား။

ဒါမှမဟုတ် ဒီအမျိုးသမီးက သူ့ရဲ့ သီလအလင်းတွေ ကြားမှာ မတူညီတဲ့ ပုံသဏ္ဍာန် တစ်မျိုးနဲ့ နေထိုင်နေတာလား။

လာမီယာက လိုင်ချီးရဲ့ အခန်းဆီကို သွားခဲ့တယ် ဆိုတော့ ဒုတိယ ထင်မြင်ချက်က ဖြစ်နိုင်တယ်။

ရူဟန် ခန့်မှန်းချက ်အရ ဆိုရင် လိုင်ချီးက ချန်လင်းအသက်ပြန်ဝင် လာတဲ့သူ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ချန်လင်း ပြန်လည်ဝင်စားတဲ့သူ ဖြစ်မယ။် @#%× လို့ခေါ်တဲ့ လှပတဲ့ အမှတ် နဲ့အမျိုးသမီး က ချျန်လင်း ကို အရမ်းပဲ နှစ်သက်တယ်။ဒါကြောင့် သူမ သဘောနဲ့ သူမ လိုင်ချီးရဲ့ အခန်းဆီကို ဦးတည်သွားတာ ဖြစ်လိမ့်မယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Wo Geschichten leben. Entdecke jetzt