အပိုင်း (၉၃၇)

125 31 0
                                    


#Unicode


ဒီယုံကြည်ချက် ဘယ်က ရောက်လာတာလဲ။

ချူမိသားစု ကို အလစ်ဝင်ရောက် တိုက်ခိုက်တဲ့ ရန်သူတွေကို ရှင်းလင်းပြီးတဲ့နောက် အဖမ်းခံထားရတဲ့ ချူမိသားစု တပည့်တွေက လွတ်လပ်သွားကြတယ်။ ဒဏ်ရာရထားသူ တွေက ကလန်ရဲ့ ဆေးဆောင်ကို သွားပြီး ကုသမှု ခံယူနေကြတယ်။

ပြန်လည်လွတ်မြောက်ပြီးတဲ့နောက် ချူမိသားစု တပည့်တွေက လာရောက်တိုက်သူတွေကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြတယ်။ တစ်ချို့ စိတ်မထိန်းနိုင်တဲ့ တပည့်တွေ က ရှေ့ကို တိုးထွက်ပြီး စိတ်ထဲကအတိုင်း ထိုးကြိတ်ကြတော့တယ်။ ချူမိသားစု က ဗုဒ္ဒဂိုဏ်း တစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓီစ သည်းခံခြင်း တရားနဲ့ ပြည့်စုံနေသူ တွေ မဟုတ်ကြပါဘူး။

ဒီအတောအတွင်း ချူမိသားစု ခေါင်းဆောင် ဖြစ်တဲ့ ချူဝမ်ရင် က အကြီးအကဲ နှစ်ယောက် နဲ့ အတူ ရူဟန် တို့ဘေးကို ရောက်လာပြီး ချူမိသားစု ကို ကယ်တင်တဲ့ အတွက် ရူဟန် နဲ့ ကြီးမြတ်တဲ့အဖြူ တို့ကို ကျေးဇူးတင်စကား ပြောလိုက်တယ်။

ပြီးနောက်..

ရူဟန် က မေးလိုက်တယ် "ကောင်းြ့ပီ မိသားစု ခေါင်းဆောင် .. မိး်ကလေး ချူချူရင် လုံခြုံရဲ့လား။ တာအိုရောင်းရင်း ငှက်မွှေးလေး က သူမရဲ့ လုံခြုံရေးကို စိတ်ပူနေတယ်။"

"တာအိုရောင်းရင်း စွန်း .. မပူနဲ့။ ချူချူရင် အဆင်ပြေတယ်။ ဘာဒဏ်ရာမှ မရဘူး" မိသားစု ခေါင်းဆောင် ကပြန်ပြောလိုက်တယ်

ရူဟန်ကို ကြည့်ပြီးတဲ့နောက် မိသားစု ခေါင်းဆောင်က ခံစားချက် အပြည့်နဲ့ ဖြစ်သွားတယ်။ သူအမှတ်မမှားဘူးဆိုရင် တာအိုရောင်းရင်းစွနး် က နစ်နာမှု ဖြေရှင်းခြင်း စင်မြင့် ပေါ်မှာ ရင်ဆိုင် တိုက်ခိုက်တုန်းက ပထမအဆင့် နဂါးတံခါးကနေ ဒုတိယအဆင့်ကို တက်ရောက်ခဲ့တာပါ။ အခု သူက တာအိုရောင်းရင်းစွနး် ရဲ့ အားအင်အဆင့်ကို ခန့်မှန်းလို့ မရနိုင်ဘူး ဖြစ်နေတယ်။ တစ်ဖက်လူက သူ့အောက်မှာ ရှိမနေဘူး ဆိုတာ သေချာပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora