အပိုင်း (၁၀၇၃)

114 29 0
                                    


#Unicode


နတ်ဘုရား ဘရိတ်အုပ်ခြင်း စွမ်းရည်။

"ကောင်းပြီ ။ ဒါဆိုလည်း စမ်းကြည့်တာပေါ့။ ဒါပေမဲ့ .. စီနီယာဒေါင်ဖန်းခြောက် .. အကြွင်းမဲ့အမိန့်ကို အသုံးပြုတဲ့အချိ်န်မှာ မင်းရဲ့ တိုက်ခိုက်မှု ကာကွယ်ခြင်း ကား ကို ကျိန်းသေပေါက် ထုတ်သုံးမှ ကို ဖြစ်မယ်" ရူဟန်က ပြောလိုက်တယ် ။

"ကောင်းပြီး။ ငါ ကားကို ယူလာတယ်။ ငါတို့ နေရာကျယ်ကျယ် တစ်ခုမှာသွားပြီး စမ်းကြတာပေါ့" ဒေါင်ဖန်းခြောက် က ပျော်ရွှင်စွာ ပြောလိုက်တယ်။

ရူဟန်က မေးလိုက်တယ် "ငါ ဘယ်လိုစကားလုံး နဲ့ အမိန့်ပေးရမှာလဲ"

အကြွင်းမဲ့ အမိန့် .. တိုလေ ကောင်းလေ။ ဒါဆို စွမ်းအားတွေက ပိုပြီး စုစည်းနိုင်တယ်။

ရှည်လျားတဲ့ အမိန့်ကို အသုံးပြုမယ်ဆိုရင် စွမ်းအင် က လျော့ကျသွားနိုင်တယ်။

မိစ္ဆာနတ်ဘုရား နိဗ္ဗာန်က ပြောလိုက်တယ် "ဘရိတ်လို့ ပြောလိုက်ရင်ရော..."

"တိုလွန်းတယ်။ ဒါဆိုရင် ဒေါင်ဖန်းခြောက် တစ်ခုခုကို တိုက်မိခါနီးမှာ ရူဟန် က ဘေးခုံမှာ ထိုင်နေဖို့ လိုလိမ့်မယ်" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ပြောလိုက်တယ်။

ရူဟန်က ရဲ့ နှုတ်ခမ်းတွေက ရှုံ့မဲ့သွားတယ်။ အရိုးသားဆုံး ပြောရရင် ဒေင်ဖန်းခြောက် ကားမောင်းနေတုန်း ဘေးခုံမှာ ထိုင်ရဲသူ ဆိုတာ သူမကို ကြိုက်နေတဲ့သူပဲ ရှိပါလိမ့်မယ်။

"ဒါဆို .. နည်းနည်းလေး ထပ်ရှည်လို်က်မယ်လေ။ [အန္တရာယ် .. ဘရိတ်] ဆိုရင်ရော" သံလိုက်လို အသံပိုင်ရှင် တစ်ယောက် ရဲ့အသံက ထွက်ပေါ်လာတယ်

သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ပြုံးကာ ပြောလိုက်တယ် "ယို .. ဓမ္မဘုရင် .. မင်း ဂီတ ဖျော်ဖြေပွဲ မလုပ်ဘူးလား။"

အခု စကားပြောလိုက်တဲ့သူက ဓမ္မဘုရင်ပဲ ဖြစ်ပါတယ်။ သူက ဆေးဆရာရဲ့ အဆောက်အဦ နားကို ရောက်ရောက်ချင်း ရူဟန် တို့ပြောနေတာကို ကြားလိုက်တာကြောင့် မြန်မြန်ဝင်လာတာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Tempat cerita menjadi hidup. Temukan sekarang