အပိုင်း (၉၁၂)

121 28 0
                                    


#Unicode


လိုင်ချီးကို တိတ်တဆိတ် လာတွေ့တဲ့ လာမီယာ။

ဒီတစ်ကြိမ် ဂေါင်မူမူ ရဲ့ အခန်းထဲရှိ စာအုပ်စင်ပေါ်မှာတော့ လက်ဝါးအရွယ်လာက်ရှိတဲ့ ယုကျောင်းကျောင်း က လက်ဖက်ရည်ခွက်ကို လက်ထဲမှာ ကိုင်ရင်း တကျိုက်ကျိုက် လိုက်တယ်။

"ဒီနေ့ ဂေါင်မူမူ ရဲ့ တည်နေရာကို လာဖို့ ဆုံးဖြတ်လိုက်တာ ဘယ်လောက် ကံကောင်းလိုက်လဲ။ မဟုတ်ရင် ဒီ အကောင် က အဖျားကို အကြောင်းပြပြီး စာစဉ်တင်တာ နားအုန်းမှာ" ယုကျောင်းကျောင်း က တီးတိုးရေရွတ်လိုက်တယ်။

အခု ယုကျောင်းကျောင်း က ဒီမှာ ရှိနေပြီ ဖြစ်တာကြောင့် ဘယ်လိုလုပ် အဖျား ရှိနိုင်ပါတော့မလဲ။ ပြန်လည်ကုစားခြင်း နည်းစနစ် က ဂေါင်မူမူ့ကို နဂိုအတိုင်းပြန်ကောင်း သွားစေတယ်။

"အခု အဖျားမရှိတော့ဘူး ဆိုတော့ သူ ဒိနေ့ အပိုင်းသစ် တင်မှာ မဟုတ်လား" ယုကျောင်းကျောင်း က နူးညံ့စွာ ပြောလိုက်တယ်။

ကီးဘုတ်ပေါ်မှာ စာရိုက်နေတဲ့ ဂေါင်မူမူ ရဲ့ လက်တွေက တုန်ရီသွားတယ်။ ပြီးနောက် သူက မယုံကြည်နိုင်ဟန်နဲ့ ခေါင်းကို ခါယမ်းလိုက်တယ်။

ခုနက လေးတင် သူက ဖျားပြီး ခေါင်းကိုက်၊ နှာစေး၊ လည်ချောင်းနာ နေတာဖြစ်တယ်။ သေတော့မလိုတော့ ခံစားနေရတာပါ။အခု ချိန်မှာတော့ သူက ရုတ်တရက် ပြန်ကောင်းလာတယ်။ တကိုယ်လုံးက အားအင်တွေနဲ့ ပြည့်နှက်နေတယ်။

ဒီအခြေအနေမှာတော့ သူက အနားယူဖို့ ခွင့်တောင်းတဲ့ စာကို ဆက်မရေးနိုင်ဘူး ဖြစ်သွားတယ်။

"ချီးတဲ့မှ .. ဘာဖြစ်တာလဲ။ ဒီနှစ်ပိုင်းအတွင်း ငါက ဖျားခဲတယ်။ အခွင့်အရေးရတုန်း အနားယူဖို့ စဉ်းစားနေတာကို ။ ဘယ်လိုဖြစ်ပြီး အဖျားက ပြန်ကောင်းသွားတာလဲ။ ပြီးတော့ ငါ့ကိုယ်ခံအားက ဘယ်လိုဖြစ်ပြီး မယုံနိုင်လောက်အောင် ကောင်းမွန်သွားတာလဲ" ဂေါင်မူမူက ပြောလိုက်တယ်။

ဘာပြဲုဖစ်ဖြစ် သူက ကောင်းသွားပြီ ဆိုတော့ အပိုင်းအနည်းငယ် ထပ်ရေးရပါမယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now