အပိုင်း (၉၁၄)

145 29 0
                                    


#Unicode


သူတို့ကို အပိုငး်ပိုင်း ဖြတ်ဖို့ အမြှောက်တွေ ပြင်လိုက်။

ဒီ ပင်လယ်လူတေ တွေရဲ့ နှစ်နှစ်ဆယ်စာ ပြဋ္ဌာန်း စာအုပ် က အထူးထုတ်ဖြစ်တယ်။ ရေစိုခံနိုင်သလို ၊ ဖိအားဒဏ်ကို လည်း ခံနိ်ုင်ပါတယ်။ စာလုံးတွေ က တောက်ပနေတယ်။ ပင်လယ်ရေနက်ထဲမှာ ရှိနေတယ် ဆိုပေမဲ့ ပင်လယ်လူတေ တွေက ဒီစာအုပ်ကို မြန်မြန်ထုတ်ယူနိုင်တယ်။

ဒီစာအုပ်က ပင်လယ်လူတွေ ပညာရေး ဝန်ကြီးဌာန က နောက်ဆုံး သုတေသန လုပ်ပြီး ဖန်တီး ထားတဲ့ အရာဖြစ်တယ်။ လက်ထဲမှာ ဒီစာအုပ်ရှိရင် ပင်လယ်လူတေ လူငယ်မျိုးဆက်တွေ က သူတို့ ဆန္ဒရှိသလို ဗဟုသုတ တွေ တိုးတက်လာတယ်။.

ပင်လယ်လူတေ တွေရဲ့ နှစ်နှစ်ဆယ်စာ ပြဋ္ဌာန်း စာအုပ် ကို တိတ်တဆိတ် ထုတ်ယူပြီးတဲ့နောက် ပိန်ရှည်ရှည် ပင်လယ်လူတေ က စာရွက်တွေကို ကျွမ်းကျင်စွာနဲ့ လှန်လိုက်တယ်။

ပြီးနောက ်ခေါင်းကို မော့ကာ ရူဟန်ကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။ "ထွက်ပြေးလို့ အလကားပဲ။ မင်းအသက် က ငါတို့ ယူရမယ့် အရာဖြစ်တယ်။ ဒါတင်မကဘူး။ မင်းရဲ့ မိသားစုစဝင်တွေ၊ မင်းနဲ့ ပတ်သက်တဲ့လူတွေ အားလုံး သေရမယ်။ ဒူးထောက်ပြီး ခေါင်းဖြတ်ခံမယ် ဆိုရင် မင်းရဲ ့မိသားစု ကို လက်လွတ်ပေးမယ်။"

"....." ရူဟန်။

ဒီပင်လယ်လူတေ တွေက ဘာကောင်တွေလဲ။ တိုက်ပွဲ မစခင်လည်း ဒီစာသားကို ရွတ်ရတာပဲလား။

သူတို့က စိတ်မရှည်တဲ့ မွနး်စတား သတ်ဖြတ်သူတွေနဲ့ သာ တွေ့မယ်ဆိုရင် အခြေအနေ ဆိုးသွားနိုင်တယ်။

"ရူဟန်.. ကြည့်ရတာ သူတို့ မင်းကိုလာရှာပုံပဲ" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ပြုံးကာ ပြောလိုက်တယ်။

များပြားလှတဲ့ ပင်လယ်လူတေ တွေနဲ့ ရင်ဆိုင်နေချိန်မှာတောင်မှ စိီနီယာ တွေက စိတ်ပူပုံ မပေါ်ပါဘူး။

"ဟုတ်တယ်။ ငါက ပင်လယ်လူတေ တော်တော်များများကို အရင်တုန်းက သတ်ခဲ့တယ်။ သူတို့က ငါ့ကိုယ်ပေါ်မှာ အမှတ်အသားချန်ထားတယ်။" ရူဟန်က သက်ပြင်းချလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora