အပိုင်း (၉၃၆)

123 25 2
                                    


#Unicode


အလုပ်များတာပဲ။ အားလုံးကို သတ်လိုက်ရင် လွယ်တယ် မဟုတ်လား။

"ကျေးဇူးပါ.. ဒကာကြီးစွန်း.. ထပ်ပြောရရင် ငါ့ကို တစ်နေရာရာ မှာ ချပေးဖို့ ဒုက္ခထပ်ပေးရမယ်။" အနောက်တိုင်းသား ဘုန်းကြီး က သက်ရှိစမ်းရေ ကို သိမ်းရင်းပြောလိုက်တယ်။

သူ့ဆရာ ဝူရင်ဇီက ငယ်ရွယ်စဉ်မှာ များပြားလှတဲ့ ဒဏ်ရာတွေ ကို ရရှိခဲ့တယ်။ ဒါကြောင့် သူ့အခြေခံရ ခိုင်မာတာတောင်မှ အဆင့်တက်ဖို့ မျှော်လင့်ချက် မရှိသေးပါဘူး။ ပြီးတော့ သက်တမ်းကလည်း သိ်ပ်မကျန်တော့ပါဘူး။ သက်ရှိစမ်းရည် က သက်တမ်း ၅၀ ကို တိုးမြင့်နိုင်တယ်။ ဒါက အနောက်တိုင်းသား ဘုန်းကြီးရဲ့ ဆရာ့အပေါ် ကြင်နာမှုလို့ ပြောလို့ရနိုင်တယ်။

ဝူရင်ဇီ က သူ့ရဲ့ စီနီယာဘုန်းကြီးတစ်ပါး ဖြစ်ချင်တဲ့ ဆန္ဒကို ဖျက်ဆီးခဲ့တဲ့သူလို့ ပြောလို့ရနိုင်တယ် ဆိုပေမဲ့ သူ့ကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ဂရုစိုက်ပေးတတ်သူ လည်း ဖြစ်နေပြန်တယ်။ ဝူရင်ဇီက သူ့ကို အမြဲတန်းကာကွယ် ပေးတတ်ပြိး တာအိုဂိုဏ်းထဲမှာ သင်္ကန်းကြီးဝတ်ပြီး လျှောက်သွားနေတာကိုတောင်မှ သည်းခံပေးထားသူပါ။

ဒါကြောင့် အနောက်တိုင်းသားဘုန်းကြီး က ဝူရင်ဇီရဲ့ ချစ်ခင်ခြင်းကို ရရှိသူ ဖြစ်တယ်လို့ ဆိုနိုင်တယ်။

တာအိုဘုန်းကြီး ဝူရင်ဇီ က နှစ်လနေရင် ဂိုဏ်းကို ပြန်လာပြီး အသက်မီးအိမ်ကို ထွန်းဖို့ မှာ ထားပါတယ်။ ဒါပေမဲ့ အခု သက်ရှိစမ်းရေကို ရပြ ီဖြစ်တာကြောင့် သူ့ဆရာကို မြန်မြန်ပဲ သွားပေးချင်နေတယ်။

ဒါဆိုရင် ရှေ့က အဆောက်အဦ ရဲ့ ခေါင်မိုးပေါ်မှာ မင်းကို ချခဲ့မယ်။ ဟုတ်ပြီလား" ရူဟန်က ပြောလိုက်တယ်။

"ကျေးဇူးပဲ ဒကာကြီးစွန်း" အနောက်တိုင်းသား ဘုန်းကြီး က သွားဖြီးကာ ပြောလိုက်တယ်။ ညပိးနောက် သူက တစ်ခြားအရာတစ်ခုကို တွေးမိသွားပြီး မေးလိုက်တယ် "ကောင်းပြီ။ တာအိုရောင်းရင်းစွန်း.. နောက်ဆုံးအကြိမ်တုန်းက မင်းနဲ့ လဲခဲ့တဲ့ တာအိုဝတ်စုံ ရှိသေးလား။ ငါ ဂိုဏ်းကို ပြန်ရင် ဝတ်ချင်လို့ ခဏပြန်ငှားပေးမလား"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Où les histoires vivent. Découvrez maintenant