အပိုင်း (၈၉၂)

132 27 0
                                    

#Unicode

ကျောင်းတော်သား အရက်မူး အ ရဲ့ သောက်တလွဲ ကျင့်ကြံခြင်း နည်းစနစ်။
ရူဟန် ရဲ့ ရုပ်ဖျက်တာ က တော်တော်ကြီး ကောင်းလို့ ဖြစ်မယ်။ တစ်ယောက်မှ သူ့ကို မမှတ်မိပါဘူး။ သူက ကျောင်းအပ်ပြီးတာတောင်မှ တစ်ယောက်မှ စီနီယာ အစ်ကိုဂေါင်ရှန် သေသင့်တယ် ဆိုတဲ့ စကားကို ထမအော်ကြဘူး။
ကျောင်းဝန်ထမ်း တွေက နှာခေါင်းစည်း၊ မျက်မှန်ကြီး တစ်ခု တပ်ထားတဲ့ သူကို ထူးဆန်းသလို ကြည့်နေကြတယ် ဆိုပေမဲ့ သူတို့က ရဲဝန်ထမ်းတွေ မဟုတ်ဘူးလေ။ သူတို့အလုပ်က ပိုက်ဆံ လက်ခံပြီး စာရင်းသွင်းပေးရုံပဲ မဟုတ်လား။
ရူဟန်က ငွေသွင်း လက်မှတ်ထိုးပြီးတဲ့နောက် ကျောင်းအပ်တဲ့ နေရာကနေ ထွက်ခွာလာတယ်။
အခု ငါ ကျောင်းအပ်ပြီးြ့ပီ ဆိုတော့ အိမ်ပြန်ပြီး စီနီယာ အရက်မူး ဂွန်း ရဲ့ ဓားပျံကို စောင့်ဖို့ပဲ ကျန်တော့တယ်။ ပြီးရင် ရီစင့် ပြန်လာတာကို စောင့်မယ်။ ရူဟန် တွေးလိုက်တယ်။
ထပ်ပြောရရင် သူက စီနီယာအဖြူကို စောင့်ပြီး စီနီယာ ထရွင်ဂန် နဲ့ စီနီယာ မြောက်ပိုင်းမြစ်တို့ရဲ့ တိုက်ပွဲကို စောင့်ကြည့်ရပါမယ်။
စက်တင်ဘာ ၁ရက်နေ့ ၂၀၁၉ .. သူငယ်ချင်းလေး ရူဟန် က အရမ်းကို အလုပ်များနေတယ်။
ရူဟန်က သူ့နေရာကို ပြန်ဖို့ စဉ်းစားလိုက်ချိန်မှာပဲ မသိတဲ့ ဖုန်းတစ်လုံးက မြည်လာတယ်။
ရူဟန်က ဖုန်းကိုင်လိုက်တယ် "ဟယ်လို"
"ဟယ်လို .. မင်းက တာအိုရောင်းရင်း သုံးဆ အဆင်ခြင်မဲ့သူစွန်းလား" တစ်ဖက်မှ အက်ကွဲကွဲ အသံက ထွက်ပေါ်လာတယ်။
ရူဟန် က ဆွံ့အသွားတယ်။
သုံးဆ အဆင်ခြင်မဲ့သူစွန်း ဆိုတာ ဘာလဲ .. ချီးတဲ့မှ .. ငါဖုန်းချပြီး black list ထည့်လိုက်လို့။
ရူဟန် ပြန်မပြောတာကို သိတော့ အက်ကွဲကွဲ အသံနဲ့ လူ က ပြောလိုက်တယ် "အမ်.. ငါဖုန်းမှားခေါ်မိတာလား။ တကယ်တော့ .. နေအုန်း.. အမ်.. ငါနာမည်လွဲနေတာ။ ဆောရီပဲ။ ငါက တာအိုရောင်းရင်း ဗိုလ်ကျသူ ဓားမော့စွန်းတစ်လား"
"ဟုတ်တယ် .. ငါပါပဲ" ရူဟန်ကပြန်ပြောလိုက်တယ်။
"ဟားဟား .. ငါက မိန်းမ နဲ့ ဆော့နေတာလေ။ ငါကြောင့် တာအိုရောင်းရင် သုံးဆ စွန်းနာမည်ကို မေ့သွားတယ်" အက်ကွဲကွဲ အသံ နဲ့လူက ကြောင်တောင်တောင် နဲ့ ရယ်လိုက်တယ်။
ရူဟန် ရဲ့ နှုတ်ခမ်းထောင့်တွေက တုန်ရီသွားတယ်။ သူ့လက်ချောင်းတွေက ဖုန်းချဖို့ အဆင်သင့် ဖြစ်နေပါပြီ။
ပြောရမယ် ဆိုရင် လူစိမ်းတစ်ယောက်နဲ့ စကားပြောနေတုန်းမှာ မိန်းမနဲ့ သောက်ကမြင်းကြော ထနေတယ်။ ဒါက FA တွေကို သက်သက်နှိ်မ်တာပဲ။ ပြီးတော့ သုံးဆစွန်း က ဘာလဲ။
အက်ကွဲကွဲ အသံ နဲ့ လူ က ပြောလိုက်တယ် "တာအိုရောင်းရင်း ဗိုလ်ကျသူ ဓားမော့ .. ဒီလိုလေ။ ငါက နှင်းဝံပုလွေ ရဲ့ ဝမ်းကွဲညီလေးဖြစ်တဲ့ ကျွန်းသခင်လဝံပုလွေ ပဲ ဖြစ်တယ်။ ငါ အခု အမေရိကန် က ကျွန်းသေးလေး တစ်ခု မှာ သေးငယ်တဲ့ မူခင်းတစ်ခုကြောင့် အဖမ်းခံခဲ့ရတယ်။ အခု အိမ်ကို ပြန်လာနေတာ။ အခု ငါ့အစ်ကို နှင်းဝံပုလွေ က အကူအညီတောင်းထားလို့"
"သြော် မင်းလား" ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို ရူဟန်က နားလည်သွားခဲ့တယ်။ စောနလေးကတင် နှင်းဝံပုလွေ က သူ့ညီအကြောင်း ဂရုထဲမှာ ပြောပြသွားသေးတယ်လေ။
နှင်းဝံပုလွေ က လက်ရှိမှာ မိုးဆွေငှက်ကို ကူညီနေတာ ဖြစ်တာကြောင့် သူ့ညီဝမ်းကွဲကို တာဝန်တွေ လွှဲအပ်ထားတယ်။
ကြီးမြတ်တဲ့အဖြုူ က နှင်းဝံပုလွေကို လိုအပ်တဲ့ စာရွက်စာတမ်းတစ်ချို့ ပြုလုပ်ခိုင်းထားတယ်လေ။
အခု အဲ့တာဝန် က ကျွန်းသခင် လနှင်းဝံပုလွေ ဆီကို ရောက်ရှိလာပါပြီ။
"အမ်... မင်းငါ့ကို သိတာလား" ကျွန်းသခင် လနှင်းဝံပုလွေ က မေးလိုက်တယ်။
ရူဟန်က ပြန်ပြောလိုက်တယ် "အင်း.. နှင်းဝံပုလွေက မင်းအကြောင်း ပြောထားတယ်။"
"ဟားဟား ... ငါ့အစ်ကို က ငါ့မကောင်းကြောင်းတော့ မပြောဘူးမလား။ ဥပမာ အားဖြင့် ငါကျုးလွန်ခဲ့တဲ့ မူခင်းလေ ... "ကျွန်းသခင် လနှင်းဝံပုလွေ က ပြောလိုက်တယ်။
"သြော် .. မင်းပြောတာ အမေရိကန်မှာအဖမ်းခံရတယ်ဆိုတဲ့ ကိစ္စလား။" ရူဟန်က ပြန်ပြောလိုက်တယ်။
"မင်းဘယ်လိုသိတာလဲ။ချီးတဲ့မှ .. ငါ့အစ်ကိုကတော့ ဆီးအိမ်လိုဖြစ်နေပြီ။ ဒိလို ရှက်စရာ ကိစ္စကို လျှောက်ပြောနေတယ်" ကျွန်းသခင် လနှင်းဝံပုလွေ က အသက်မရှုစတမ်း ပြောလိုက်တယ်။
"........" ရူဟန်။
မင်းညီမကြီးကို လျှောက်ပြောပါလား။ စောနကလေးတင် အဖမ်းခံရတယ်လို့ မင်းကိုယ်တိုင်ပြောတာ မဟုတ်ဘူးလား။
"ငါ့အစ်ကိုရဲ့ ဆီးအိမ်လို ပါးစပ် က ငါကျုးလွန်ခဲ့တဲ့ ပြစ်မှုကို အသေးစိတ်တော့ မပြောပြဘူး မဟုတ်လား" ကျွန်းသခင် လနှင်းဝံပုလွေ က ပြောလိုက်တယ်။
"သူ မပြောခဲ့ဘူး။" ရူဟန် ရဲ့ နှုတ်ခမ်းထောင့်တွေ က တုန်ရီသွားတယ်။ ပြီးနောက် သူက ထပ်မေးလိုက်တယ် "မင်း အမေရိကန်မှာ ဘာအမှုကို ကျုးလွန်ခဲ့တာလဲ။"
"တကယ်တော့ ဒါက ပြဿနာ မဟုတ်ဘူး။ ငါ့အတွက်တော့ သာမာန်ပဲ။ ဒါပေမဲ့ ဒီအရာကို ဥပဒေ ချိုးဖောက်တာ ဖြစ်သွားလိမ့်မယ်လို့ ငါမထင်မိလိုက်ဘူ။" ကျွန်းသခင် လနှင်းဝံပုလွေ က ပြောလိုက်တယ် "ဒီကိစ္စကြောင့် ငါမျက်နှာတော်တော် ပျက်ရတယ်။ ဒါကြောင့် ဒါကို ပြောပြမယ်။ ဒါပေမဲ့ မင်း သူများတွေကို လျှောက်မပြောနဲ့နော်။"
"ကောင်းပြီ" ရူဟန် က ပြန်ပြောလိုက်တယ်။ အက်ကွဲကွဲ အသံက ဒီအချိန်မှာတော့ ချစ်ဖို့ ကောင်းနေပါတယ်။
ပြီးနောက် ကျွန်းသခင် လနှင်းဝံပုလွေ က ဆက်ပြောလိုက်တယ် "လွန်ခဲ့တဲ့ လဝက်တုန်းက ဖြစ်ခဲ့တာပေါ့။ အဲ့နေ့က အရင်လို ပုံမှန် မနက်ခင်းတစ်ခုပဲ။ ငါနဲ့ ငါ့မိန်းမ က ဝံပုလွေကလေး ရဖို့ ကြိုးစားနေကြတယ်။ လက်ရှိမှာ ငါတို့ လင်မယား က အဆင့်ငါးတွေ ဖြစ်တာကြောင့် လူပုံစံ ပြောင်းလဲလို့ရတယ်။ ငါတို့ ရဲ့ အချိန်တော်တော်များများကို လူပုံစံ နဲ့ပဲ နေထိုင်တယ်။ အမေရိကန်မှာ လူသားပုံစံ နဲ့ ကလေးရအောင်လုပ်တာက မူခင်း မဟုတ်ဘူး မလား။ ဒါပေမဲ့ အဲ့နေ့မှာ မထင်မှတ်ထားတာတွေ ဖြစ်ခဲ့တယ်။" ကျွန်းသခင် လနှင်းဝံပုလွေ က ဆက်ပြောလိုက်တယ် "ငါ့မိန်းမ နဲ့ ငါ က ကလေးရအောင် လုပ်နေတုနး်မှာ ငါ့မိန်းမ က စိတ်လှုပ်ရှားသွားပြီး မူလ ဝံပုလွေ ပုံစံကို ပြောင်းလိုက်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲကွာ ... အိမ်နီးချင်းတစ်ယောက် က ဖြတ်သွားရင်း ဒါကို မြင်လိုက်တယ်။"
".........." ရူဟန်။
ကျွန်းသခင် လနှင်းဝံပုလွေ က ဆက်ပြောလိုက်တယ် "ပြီးတော့ ရဲတွေက ငါ့ကို တရားရုံးခေါ်ပြီး တိရိစ ္ဆာန် ညှင်းပန်းနှိပ်စက်မှုနဲ့ အပြစ်ချခဲ့တယ်။ ကံကောင်းတာ က ငါ ဉာဏ်ကောင်းလွန်းတာကြောင့် ဝံပုလွေ အမွှေး ကို အသုုံးပြုပြီး ကိုယ်ပွားဖန်တီးခဲ့တယ်။ ပြီးတော့ ငါတို့ လင်မယား တရုတ်ပြည်ကို ပြန်လာခဲ့တာပဲ"
"......." ရူဟန်။
ဒီတစ်ကြိမ်မှာ သူ တကယ်ပဲ ဆွံ့အသွားတယ်။ ဘာပြန်ပြောရမလဲ ဆိုတာ တောင်မှ မသိတော့ပါဘူး။
ဒီအခြေအနေ ကို ဘယ်လို သုံးသပ်ရမလဲ။
ကျွန်းသခင် လနှင်းဝံပုလွေ တို့ လင်မယား ကလေးရအောင် လုပ်တာက မှန်လား။ နိုင်ငံခြား တိုင်းပြည်ရဲ့ ဥပဒေ က မှန်လား။
နှစ်ဖက်လုံးကလည်း မှန်နေတယ်။
"ဘာပဲဖြစ်ဖြစ်.. မင်းငါ့ကို လိုက်ရှာနေတာ တစ်ခုခု လိုလို့လား" ရူဟန်က မေးလိုက်တယ်။
"အွန်း... ဒီလိုလေ.. မင်းရဲ့ တည်နေရာကို ငါ့ဆီ ပို့ပေးပါလား။ ငါက ဂျင်နန် တက္ကသိုလ် ကို လာဖို့ လိုတယ်။ ဒါပေမဲ့ အင်တာနက်မှာ ရှာလိုက်တော့ တရုတ်ပြည်မှာ ဂျင်နန် တက္ကသိုလ် သုံးခု ရှိတာကို သိလိုက်ရတယ်။. တကယ့်ကွိုင်ပဲ" ကျွန်းသခင် လနှင်းဝံပုလွေ က ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ ရူဟန်က စိတ်လှုပ်ရှားသွားတယ် "စီနီယာ လနှင်းဝံပုလွေ .. မင်းဂျင်နန် တက္ကသိုလ်မှာ တစ်ခုခု လိုအပ်လို့လား။ စီနီယာ အဖြူကို အသိအမှတ်ပြု စာရွက်တွေ လက်လွှဲပေးရမှာလား"
"စီနီယာအဖြူ ကြောင့် မဟုတ်ဘူး။ အစစ်အမှန် နတ်ဘုရား ကြိုးကြာဖြူ ကြောင့်ပဲ" လနှင်းဝံပုလွေ က ပြုံးကာ ပြောလိုက်တယ်။ "ဒါက လျှို့ဝှက်ချက် မဟုတ်ဘူး။ ငါမင်းကို အများကြီး ပြောပြနိုင်တယ်။"
အစစ်အမှန် နတ်ဘုရား ကြိုးကြာဖြူလား။ ဘာလို့ ကြိုးကြာဖြူက ဂျင်နန် တက္ကသိုလ်ဆီ လာမှလဲ။ ကြီးမြတ်တဲ့အဖြူ ဒီမှာ အချ်ိန်အနည်းငယ် နေမယ်ဆိုတာကို ကြားလို့များလား။ ဒါကြောင့် နီးနီးကပ်ကပ် နေချင်တာဖြစ်မယ်။ ကြိုးကြာဖြူ ရဲ့ စိတ်ဓာတ်အရ ဒါဖြစ်နိုင်တယ်။
"ငါသိပြီ။ တာအိုရောင်းရင်း လနှင်းဝံပုလွေ .. မင်းမှာ အကောင့်ရှိလား။ ငါသူငယ်ချင်း စာရင်းထဲ ထည့်ပြီး တည်နေရာကို ပို့လိုက်မယ်" ရူဟန် က ပြောလိုက်တယ်။
"ကျေးဇူးပဲ တာအိုရောင်းရင်း ဗိုလ်ကျသူ ဓားမော့ .. မင်းက တကယ်ကောင်းတဲ့ ရောင်းရင်းပဲ။ မင်းဆီမှာ အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်တာ သိပ်မှန်တဲ့အရာပဲ" ကျွန်းသခင် လနှင်းဝံပုလွေ က အက်ကွဲကွဲ အသံနဲ့ ပျော်ရွှင်စွာ ပြောလိုက်တယ်။
ဒါကြောင့် သူတို့က သူငယ်ချင်းစာရင်းဖြစ်သွားကြပြီး တည်နေရာကို မျှဝေလိုက်တယ်။
ရူဟန် အိမ်ပြန်ရောက်ချိန်မှာတော့ ရီစင့်လည်း ရောက်နေပါပြီ။
နေ့လည်ကျော်နေပြီ ဖြစ်တယ်။
ဂေါင်ဂေါင် နဲ့ ကျုးတို့က အိပ်ချင်မူးတူး နဲ့ ထလာကြတယ်။ ကလေးနှစ်ယောက် က တစ်ညလုံး ဂိမ်ကစားနေကြတာဖြစ်တယ်။
"စီနီယာ အစ်ကို ရူဟန် .. သတိပြန်ရလာပြီလား" ကိုရင်လေးက မျက်လုံးကို ပွတ်ြ့ပီး ပြောလိုက်တယ် "ငါဆာနေပြီ။. ငါတို့ ဘာစားကြမလဲ"
"အင်း .. ငါတို့ ဘာစားကြမလဲ" ကျုးကလည်း ပြောလိုက်တယ်။
ရူဟန်က အစားအစာအတွက် လက်ရှီ တာဝန်ယူထားတဲ့ ရှစ်ကို ကြည့်လိုက်တယ်။ သူမ က ရုပ်ရှင်ထဲမှာ မျောနေပါတယ်။
ပုံစံကြည့်ရတာ ချက်ပြုတ်ပေးမယ့် ပုံမှာ မရှိပါဘူး။
"ထားလိုက်ပါတော့.. အပြင်ထွက်စားစို့" ရူဟန် က သက်ပြင်းချလိုက်တယ်။
နေ့လည်စာ စားပြီးတဲ့နောက် ရူဟန်က ဝံရံတာ ကို ထွက်ကာ ရခဲ့လှတဲ့ အားလပ်ချိန်ကို လှဲပြီး ဇိမ်ခံနေလိုက်တယ်။
ကိုရင်လေး ဂေါင်ဂေါင် က သူ့ဘေးနားမှာ နေပြီး ဗုဒ္ဓကျမ်းစာ တွေကို ရွတ်ဖတ်လိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ ရူဟန် ဖုန်းက ရုတ်တရက် မြည်သွားတယ်။
ရူဟန်က ဖုန်းကို ကြည့်လိုက်တော့ အရက်မူး ဂူ ကျောင်းတော်သား ဆီက ဖြစ်နေတယ်။
"အိုး... စီနီယာအရက်မူး ဂူ ခေါ်နေတာပဲ. ကြည့်ရတာ မှော်ရတနာရောက်ပြီနဲ့ တူတယ်" ရူဟန် က ရယ်ကာ ဖုန်းကိုင်လိုက်တယ်
ဒီအချိန်မှာ သူက စီ်နီယာရဲ့ တာအိုနာမည်ကို အကျယ်ကြီး အော်ရုံပဲ ကျန်ပါတော့တယ်။
"စီနီယာ အရက်မူး အ ကျောင်းတော်သား .. ဓားပျံရောက်လာပြီလား။" ရူဟန်က မေးလိုက်တယ်။
"ဟားဟား .. သူငယ်ချင်းလေး ရူဟန် ခန့်မှန်းတာ မှန်တယ်။ ဓားပျံက မင်းနေရာကို ရောက်နေပြိ။ ငါ့နာမည်ကို လျှို့ဝှက် အသံပို့ နည်းစနစ် သုံးပြီး အော်ခေါ်လိုက်။ ဓားပျံ ဆင်းလာလိမ်မယ်။ ဘိုင့်ဘိုင့်" အရက်မူး လု ကျောင်းတော်သား က ပျော်ရွှင်စွာ ပြောလိုက်တယ်။
မြောက်ပိုင်းမြစ်နဲ့ သူငယ်ချင်းလေး ရူဟန် ကလွဲရင် သူ့နာမည်ကို ဘယ်သူမှ မမှတ်ိမိကြဘူး။
သူငယ်ချင်းရူဟန် က ဖုန်းရဲ့ memo မှာ မှတ်ထားတာ ဖြစ်တယ် ဆိုရင်တောင်မှ သူက အရမ်း ပျော်နေပါတယ်။
ပြောရမယ် ဆိုရင် memo မှာ မှတ်လို့ရတယ်လေ။ ဘာလို့ ကိုးစီရင်စု က တာအိုရောင်းတွေက ဒါကို မသုံးတာလဲ။
အရက်မူးလ ဆိုတဲ့ တာအိုနာမည်လေးကို memo မှာ ရေးဖို့ ဘာကြောင့် ခက်ခဲနေကြတာလဲ။
ဒီလို မှတ်ထားရင် ပြဿနာမရှိနိုင်တော့ဘူးလေ။ သောက်တလွဲအဖွဲ့ပဲ။
ဒီလောက် အဆင်ပြေတဲ့ အရာကို တစ်စုံတစ်ယောက်က ဖန်တီးပေးထားတယ်။ ဒါကို မသုံးကြဘူး။
ဖုန်းချပြီးတဲ့နောက် ရူဟန်က ကောင်းကင်ကို မော့ကြည့်လိုက်တယ်။
အနားမှာ ရှိတဲ့ ဂေါင်ဂေါင် ကလည်း ခေါင်းမော့ကြည့်လိုက်တယ် "စီနီယာအစ်ကို ရူဟန် .. တစ်ခုခု ဖြစ်လို့လား"
"ဓားပျံ က တစ်ခုခု သယ်လာတယ်။ ငါတို့ အထက် မီတာ တစ်ရာမှာ ရှိနေတယ်။ အိုး.. ဒီမှာပဲ" ရူဟန်က မြန်မြန်ပဲ ဓားပျံကို ရှာတွေ့သွားတယ်။
အခု သူက ဓားပျံကို ကြည့်ကာ အရက်မူး လု ကျောင်းတော်သား ရဲ့ နာမည်ကို အော်ခေါ်ဖို့ပဲ ကျန်ပါတော့တယ်။
ကျောင်းတော်သား ရဲ့ နာမည်ကို သူ က သေချာ မမှတ်မိဘး ဆိုပေမဲ့ ကိစ္စမရှိပါဘူး။ အသံထွက်တူတယ်ဆိုရင် ပြီးတာပါပဲ။
သူ ဖုနး်ပြောနေတုန်းမှာ အရက်မူးအ ကျောင်းတော်သာ က မခွဲခြားနိုင်ပါဘူး။ ဒါကြောင့် ဒီသောက်ဓားပျံက ဘယ်လို ကွာခြားလဲဆိုတာကို ဘယ်လိုခွဲမလဲ။ အသံထွက် က အရေးကြီးဆုံးပဲလေ .. ဟားဟား..။
ဒါကြောင့် ရူဟန် က အားလုံးကြားနိုင်တဲ့ လျှို့ဝှက် အသံပို့ နည်းစနစ် ကို အသုံးပြု ကာ ကျောင်းတော်သား အရက်မူး အ ကျောင်းတော်သား ရဲ့ နာမည်ကို အော်ခေါ်လိုက်တယ်။
"အရက်မူးအ ကျောင်းတော်သား"
ဒါပေမဲ့ ကောင်းကင်ပေါ်မှာ ရှိတဲ့ ဓားပျံက လှုပ်တောင်မလှုပ်ပါဘူး။
ဆိုးလိုက်တာ.. အလုပ်မဖြစ်ဘူးလား။
"အရက်မူး က ကျောင်းတော်သား"ရူဟန် က ထပ်အော်လိုက်တယ်။
ဒါပေမဲ့ ဓားပျံကတော့ တုတ်တုတ်မှ မလှုပ်ပါဘူး။
ချီးတဲ့မှ ..အဆင့်မြင့် အသံ မှတ်တမ်းတင်တဲ့ စနစ်တောင်မှ အသံထွက်တူတာ ဆိုရင် မခွဲခြားနိုင်ဘူး။
"အရက်မူး ဂ ကျောင်းတော်သား" ရူဟန် က ဆက်ပြီး ကြိုစားလိုက်တယ်။
ဒါပေမဲ့ ဓားပျံက သူ့ကို လျစ်လျှူုရှုထားတုန်းပါပဲ။
ပြီးတောက် ရူဟန်က အသံထွက်မျိုးစုံကို စမ်းသပ် အော်ကြည့်လိုက်တယ်။ ဒါပေမဲ့ တစ်ခု မှ အလုပ်မဖြစ်ပါဘူး။
ငါနာမည်မှတ်တာ မှားလို့လား။ ရူဟန်က စပြီး စဉ်းစားလိုက်တယ်။
မဟုတ်နိုင်ဘူး။ ငါ စီနီယာ အရက်မူး အ ကျောင်းတော်သားလို့ ပြောလိုက်တော့ တောက်ပတဲ့ လကြိး ပေါ်လာချိန် စီနီယာ က အရမ်း ပျော်သွားခဲ့တာ။
ဒါဆိုရင် အသံထွက် က မမှားနိုင်ဘူး။
စီနီယာ အရက်မူး ဥ ကျောင်းတော်သား က ဓားပျံမှာ ပိုပြီး အဆင့်မြင့် တိကျတဲ အသံမှတ်တမ်း စနစ်ကို ထည့်သွင်းထားတာလား။
မဖြစ်နိုင်ဘူး။ ဒီလို အရာမျိုး မရှိနိုင်ဘူး။
"စီနီယာ အစ်ကို ရူဟန် .. မင်းခေါ်နေတဲ့စီနီယာ က အရက်မူး နေ ကျောင်းတော်သား မဟုတ်ဘူးလား" ကိုရင်လေး က ဒီတစ်ကြိမ်မှာ ဝင်ပြောလိုက်တယ်။
"သူ့နာမည်က အရက်မူး နေ ကျောင်းတော်သား မဟုတ်တာ သေချာတယ်။ အသံထွက် က အရက်မူး အ နဲ့ ခပ်ဆင်ဆင်ပဲ။ ဒါ သေချာတယ်။" ရူဟန် ပြောလိုက်တယ်။
ပြောနေတုန်းမှာ သူက လျှို့ဝှက် အသံပို့ နည်းစနစ် ကို အသုံးမပြုပါဘူး။
ဒါပေမဲ့ သူ့ပါးစပ် က အရက်မူး နေ ကျောင်းတော်သား ဆိုတဲ့ စကား ထွက်လာတော့ ...
ဓားပျံက ရူဟန် ဘေးကို ရောက်ရှိလာတယ်။
"....." ရူဟန်။
အခု ငါပြောလိုက်တာက အရက်မူး နေ မဟုတ်လား။ အရက်မူး အ မဟုတ်ဘူးနော်။
စီနီယာ အရက်မူး အကိုယ်တိုင်က အမှတ်မှားသွားတာလား ဒီလို ဖြစ်ရမယ်။ ဒါပေမဲ့ ကိုယ့် တာအိုနာမည်ကို တော့ ကိုယ် မမှားလောက်ဘူး မဟုတ်လား။
သူ အတွေးနက်နေတုန်းမှာပဲ စီနီယာ အရက်မူး စ က သူ့ကို ဖုန်းခေါ်လိုက်တယ်။
ရူဟန်က ဖုန်းကိုင်ပြီးပြောလိုက်တယ် "စီနီယာ အရက်မူး အ "
"ဟုတ်တယ်။ ငါပဲ။ ဟားဟား.. သူငယ်ချင်းလေး ရူဟန်က ငါ့နာမည်ကို တကယ်ပဲ မှတ်မိတယ်။" အရက်မူး အ ကျောင်းတော်သား က ပျော်ရွှင်စွာ ပြောလိုက်တယ် "ငါမင်းကို တခြားကိစ္စပြောစရာ ရှိတယ်။ ဒီဓားပျံ က မြောက်ပိုင်းမြစ် ငါ့ဆီ ပစ္စည်းပို့ဖို့ နောက်ဆုံး သုံးခဲ့တဲ့ ဓားပျံပဲ။ မင်း က မြောက်ပိုင်းမြစ် နဲ့ ထရွင်ဂန် တို့ရဲ့ ချိန်းပွဲကို သွားကြည့်မှာ မဟုတ်လား။ ဓားပျံကို ယူသွားပြီး သူ့ကို ပေးလိုက်"
"ကောင်းြ့ပီ။ ပြဿနာ မရှိဘူး။ စီနီယာ အရက်မူး အ ကျောင်းတော်သား" ရူဟန် က ပြောလိုက်တယ်။
"ဒါပဲ။ ဘိုင့်" အရက်မူး အ ကျောင်းတော်သား က ဖုန်းချသွားတယ်။
ရူဟန်က မျက်နှာပေါ်မှာ လေးနက် တဲ့ အမူအရာတွေနဲ့ ဖုန်းချလိုက်တယ်။
ဘယ်လိုဖြစ်ပြီး ဓားပျံရဲ့ လျှို့ဝှက်ကုဒ် က အရက်မူး နေ ဖြစ်နေတာလဲ။
ပြောရမယ် ဆိုရင် အရက်မူး စ ကျောင်းတော်သား ကလည်း ဒီအချိန်မှာ စိတ်ရှုပ်နေတယ်။
သူသာ ဒီသောက်တလွဲ နည်းစနစ် ကို ဆက်ပြီး လေ့ကျင့်နေမယ် ဆိုရင် တခြားလူတွေက သူ့နာမည်ကိုတင်မကဘဲ သူ့ကိုပါ မေ့ပါတော့မယ်။
ကြားရသဘောက် ဆိုရင် အဆင့်ရှစ် ရောက်မှ တခြားလူတွေက သူ့နာမည်ကို မှတ်မိမှာပါ။
ဒါပေမဲ့ အဆင့်ရှစ် ရောက်ပြီးရင် သူ့နာမည်ကို တောင်မှ သူ မမှတ်မိတော့ရင် ဘယ်လိုလုပ်မလဲ။ အရက်မူး နေ ကျောင်းတော်သား ဒါမှမဟုတ် အရက်မူး ပုစွန် ကျောင်းတော်သား အဖြစ် တွင်သွားနိုင်တယ်။
ဒီအတောအတွင်း တားမြစ်နယ်မြေမှာတော့ ...
ထရွင်ဂန် က သာမာန် ခရီးသွားတစ်ယောက်လို ရုပ်ဖျက်ပြီး လျှောက်သွားနေတယ်။
"မြောက်ပိုင်းမြစ် ဆိုတဲ့ကောင် ပေါ်မလာသေးဘူး။ ဒင်းက သိုသိုသိပ်သိပ် နေနေတာပဲ..." ထရွင်ဂန် က အေးအေးဆေးဆေး ပြောလိုက်တယ်။
ပြောနေရင်းမှာပဲ သူက ကိုယ်ပေါ်မှာ ရှိတဲ့မှော်ရတနာ သုံးခုကို ဖိနှိပ်လိုက်တယ်။ ဒီအရာက သူ့ကို သာမာန်အဆင့်ငါး စိတ်ဝိညာဉ်အင်ပါယာ ထိပ်ဆုံးအဆင့်အဖြစ် ဖိနှိပ်ထားနိုင်တဲ့ အရာပါ။
တကယ်တော့ ထရွင်ဂန် က သူ့အဆင့်ကို ဖိနှိပ်ထားတာ ဖြစ်ပြီး သူ့ရဲ့ လက်ရှိအဆင့် က အစစ်အမှန် နတ်ဘုရား အဆင့်ဖြစ်နေပါပြီ။
သူက မြောက်ပိုင်းမြစ် နဲ့တိုက်ခိုက်မယ့် အချိန် ရောက်မှသာ အစစ်အမှန် အင်အား ကို ပြသမှာ ဖြစ်တယ်။ မြောက်ပိုင်းမြစ် နိုင်တော့မယ် ဆိုတဲ့ အချိန်ရောက်မှ သူ အဆင့်ခြောက် အစစ်အမှန် နတ်ဘုရား အဆင့် ဆိုတာကို ထုတ်ပြဖို့ ကြံစည်ထားတယ်။
အဲအချိန်ရောက်ရင် ဖြစ်ပျက်သွားမယ့် မြောက်ပိုင်းမြစ် ရဲ့ မျက်နှာကို တွေးကြည့်ပြီး ထရွင်ဂန် က အူမြူးနေတယ်။
အပိုင္း (၈၉၂) ေက်ာင္းေတာ္သား အရက္မူး အ ရဲ့ ေသာက္တလြဲ က်င့္ႀကံျခင္း နည္းစနစ္။
ရူဟန္ ရဲ့ ရုပ္ဖ်က္တာ က ေတာ္ေတာ္ႀကီး ေကာင္းလို႔ ျဖစ္မယ္။ တစ္ေယာက္မွ သူ႔ကို မမွတ္မိပါဘူး။ သူက ေက်ာင္းအပ္ၿပီးတာေတာင္မွ တစ္ေယာက္မွ စီနီယာ အစ္ကိုေဂါင္ရွန္ ေသသင့္တယ္ ဆိုတဲ့ စကားကို ထမေအာ္ၾကဘူး။
ေက်ာင္းဝန္ထမ္း ေတြက ႏွာေခါင္းစည္း၊ မ်က္မွန္ႀကီး တစ္ခု တပ္ထားတဲ့ သူကို ထူးဆန္းသလို ၾကည့္ေနၾကတယ္ ဆိုေပမဲ့ သူတို႔က ရဲဝန္ထမ္းေတြ မဟုတ္ဘူးေလ။ သူတို႔အလုပ္က ပိုက္ဆံ လက္ခံၿပီး စာရင္းသြင္းေပးရံုပဲ မဟုတ္လား။
ရူဟန္က ေငြသြင္း လက္မွတ္ထိုးၿပီးတဲ့ေနာက္ ေက်ာင္းအပ္တဲ့ ေနရာကေန ထြက္ခြာလာတယ္။
အခု ငါ ေက်ာင္းအပ္ၿပီးၿ႔ပီ ဆိုေတာ့ အိမ္ျပန္ၿပီး စီနီယာ အရက္မူး ဂြန္း ရဲ့ ဓားပ်ံကို ေစာင့္ဖို႔ပဲ က်န္ေတာ့တယ္။ ၿပီးရင္ ရီစင့္ ျပန္လာတာကို ေစာင့္မယ္။ ရူဟန္ ေတြးလိုက္တယ္။
ထပ္ေျပာရရင္ သူက စီနီယာအျဖဴကို ေစာင့္ၿပီး စီနီယာ ထရြင္ဂန္ နဲ႔ စီနီယာ ေျမာက္ပိုင္းျမစ္တို႔ရဲ့ တိုက္ပြဲကို ေစာင့္ၾကည့္ရပါမယ္။
စက္တင္ဘာ ၁ရက္ေန႔ ၂၀၁၉ .. သူငယ္ခ်င္းေလး ရူဟန္ က အရမ္းကို အလုပ္မ်ားေနတယ္။
ရူဟန္က သူ႔ေနရာကို ျပန္ဖို႔ စဥ္းစားလိုက္ခ်ိန္မွာပဲ မသိတဲ့ ဖုန္းတစ္လံုးက ျမည္လာတယ္။
ရူဟန္က ဖုန္းကိုင္လိုက္တယ္ "ဟယ္လို"
"ဟယ္လို .. မင္းက တာအိုေရာင္းရင္း သံုးဆ အဆင္ျခင္မဲ့သူစြန္းလား" တစ္ဖက္မွ အက္ကြဲကြဲ အသံက ထြက္ေပၚလာတယ္။
ရူဟန္ က ဆြံ႔အသြားတယ္။
သုံးဆ အဆင္ျခင္မဲ့သူစြန္း ဆိုတာ ဘာလဲ .. ခ်ီးတဲ့မွ .. ငါဖုန္းခ်ၿပီး black list ထည့္လိုက္လို႔။
ရူဟန္ ျပန္မေျပာတာကို သိေတာ့ အက္ကြဲကြဲ အသံနဲ႔ လူ က ေျပာလိုက္တယ္ "အမ္.. ငါဖုန္းမွားေခၚမိတာလား။ တကယ္ေတာ့ .. ေနအုန္း.. အမ္.. ငါနာမည္လြဲေနတာ။ ေဆာရီပဲ။ ငါက တာအိုေရာင္းရင္း ဗိုလ္က်သူ ဓားေမာ့စြန္းတစ္လား"
"ဟုတ္တယ္ .. ငါပါပဲ" ရူဟန္ကျပန္ေျပာလိုက္တယ္။
"ဟားဟား .. ငါက မိန္းမ နဲ႔ ေဆာ့ေနတာေလ။ ငါေၾကာင့္ တာအိုေရာင္းရင္ သံုးဆ စြန္းနာမည္ကို ေမ့သြားတယ္" အက္ကြဲကြဲ အသံ နဲ႔လူက ေၾကာင္ေတာင္ေတာင္ နဲ႔ ရယ္လိုက္တယ္။
ရူဟန္ ရဲ့ ႏွုတ္ခမ္းေထာင့္ေတြက တုန္ရီသြားတယ္။ သူ႔လက္ေခ်ာင္းေတြက ဖုန္းခ်ဖို႔ အဆင္သင့္ ျဖစ္ေနပါၿပီ။
ေျပာရမယ္ ဆိုရင္ လူစိမ္းတစ္ေယာက္နဲ႔ စကားေျပာေနတုန္းမွာ မိန္းမနဲ႔ ေသာက္ကျမင္းေၾကာ ထေနတယ္။ ဒါက FA ေတြကို သက္သက္ႏွိ္မ္တာပဲ။ ၿပီးေတာ့ သံုးဆစြန္း က ဘာလဲ။
အက္ကြဲကြဲ အသံ နဲ႔ လူ က ေျပာလိုက္တယ္ "တာအိုေရာင္းရင္း ဗိုလ္က်သူ ဓားေမာ့ .. ဒီလိုေလ။ ငါက ႏွင္းဝံပုေလြ ရဲ့ ဝမ္းကြဲညီေလးျဖစ္တဲ့ ကၽြန္းသခင္လဝံပုေလြ ပဲ ျဖစ္တယ္။ ငါ အခု အေမရိကန္ က ကၽြန္းေသးေလး တစ္ခု မွာ ေသးငယ္တဲ့ မူခင္းတစ္ခုေၾကာင့္ အဖမ္းခံခဲ့ရတယ္။ အခု အိမ္ကို ျပန္လာေနတာ။ အခု ငါ့အစ္ကို ႏွင္းဝံပုေလြ က အကူအညီေတာင္းထားလို႔"
"ေၾသာ္ မင္းလား" ဘာေတြ ျဖစ္ေနတာလဲ ဆိုတာကို ရူဟန္က နားလည္သြားခဲ့တယ္။ ေစာနေလးကတင္ ႏွင္းဝံပုေလြ က သူ႔ညီအေၾကာင္း ဂရုထဲမွာ ေျပာျပသြားေသးတယ္ေလ။
ႏွင္းဝံပုေလြ က လက္ရွိမွာ မိုးေဆြငွက္ကို ကူညီေနတာ ျဖစ္တာေၾကာင့္ သူ႔ညီဝမ္းကြဲကို တာဝန္ေတြ လႊဲအပ္ထားတယ္။
ႀကီးျမတ္တဲ့အျဖဳဴ က ႏွင္းဝံပုေလြကို လိုအပ္တဲ့ စာရြက္စာတမ္းတစ္ခ်ိဳ႕ ျပဳလုပ္ခိုင္းထားတယ္ေလ။
အခု အဲ့တာဝန္ က ကၽြန္းသခင္ လႏွင္းဝံပုေလြ ဆီကို ေရာက္ရွိလာပါၿပီ။
"အမ္... မင္းငါ့ကို သိတာလား" ကၽြန္းသခင္ လႏွင္းဝံပုေလြ က ေမးလိုက္တယ္။
ရူဟန္က ျပန္ေျပာလိုက္တယ္ "အင္း.. ႏွင္းဝံပုေလြက မင္းအေၾကာင္း ေျပာထားတယ္။"
"ဟားဟား ... ငါ့အစ္ကို က ငါ့မေကာင္းေၾကာင္းေတာ့ မေျပာဘူးမလား။ ဥပမာ အားျဖင့္ ငါက်ဳးလြန္ခဲ့တဲ့ မူခင္းေလ ... "ကၽြန္းသခင္ လႏွင္းဝံပုေလြ က ေျပာလိုက္တယ္။
"ေၾသာ္ .. မင္းေျပာတာ အေမရိကန္မွာအဖမ္းခံရတယ္ဆိုတဲ့ ကိစၥလား။" ရူဟန္က ျပန္ေျပာလိုက္တယ္။
"မင္းဘယ္လိုသိတာလဲ။ခ်ီးတဲ့မွ .. ငါ့အစ္ကိုကေတာ့ ဆီးအိမ္လိုျဖစ္ေနၿပီ။ ဒိလို ရွက္စရာ ကိစၥကို ေလွ်ာက္ေျပာေနတယ္" ကၽြန္းသခင္ လႏွင္းဝံပုေလြ က အသက္မရႈစတမ္း ေျပာလိုက္တယ္။
"........" ရူဟန္။
မင္းညီမႀကီးကို ေလွ်ာက္ေျပာပါလား။ ေစာနကေလးတင္ အဖမ္းခံရတယ္လို႔ မင္းကိုယ္တိုင္ေျပာတာ မဟုတ္ဘူးလား။
"ငါ့အစ္ကိုရဲ့ ဆီးအိမ္လို ပါးစပ္ က ငါက်ဳးလြန္ခဲ့တဲ့ ျပစ္မွဳကို အေသးစိတ္ေတာ့ မေျပာျပဘူး မဟုတ္လား" ကၽြန္းသခင္ လႏွင္းဝံပုေလြ က ေျပာလိုက္တယ္။
"သူ မေျပာခဲ့ဘူး။" ရူဟန္ ရဲ့ ႏွဳတ္ခမ္းေထာင့္ေတြ က တုန္ရီသြားတယ္။ ၿပီးေနာက္ သူက ထပ္ေမးလိုက္တယ္ "မင္း အေမရိကန္မွာ ဘာအမွဳကို က်ဳးလြန္ခဲ့တာလဲ။"
"တကယ္ေတာ့ ဒါက ျပႆနာ မဟုတ္ဘူး။ ငါ့အတြက္ေတာ့ သာမာန္ပဲ။ ဒါေပမဲ့ ဒီအရာကို ဥပေဒ ခ်ိဳးေဖာက္တာ ျဖစ္သြားလိမ့္မယ္လို႔ ငါမထင္မိလိုက္ဘူ။" ကၽြန္းသခင္ လႏွင္းဝံပုေလြ က ေျပာလိုက္တယ္ "ဒီကိစၥေၾကာင့္ ငါမ်က္ႏွာေတာ္ေတာ္ ပ်က္ရတယ္။ ဒါေၾကာင့္ ဒါကို ေျပာျပမယ္။ ဒါေပမဲ့ မင္း သူမ်ားေတြကို ေလွ်ာက္မေျပာနဲ႔ေနာ္။"
"ေကာင္းၿပီ" ရူဟန္ က ျပန္ေျပာလိုက္တယ္။ အက္ကြဲကြဲ အသံက ဒီအခ်ိန္မွာေတာ့ ခ်စ္ဖို႔ ေကာင္းေနပါတယ္။
ၿပီးေနာက္ ကၽြန္းသခင္ လႏွင္းဝံပုေလြ က ဆက္ေျပာလိုက္တယ္ "လြန္ခဲ့တဲ့ လဝက္တုန္းက ျဖစ္ခဲ့တာေပါ့။ အဲ့ေန႔က အရင္လို ပံုမွန္ မနက္ခင္းတစ္ခုပဲ။ ငါနဲ႔ ငါ့မိန္းမ က ဝံပုေလြကေလး ရဖို႔ ႀကိဳးစားေနၾကတယ္။ လက္ရွိမွာ ငါတို႔ လင္မယား က အဆင့္ငါးေတြ ျဖစ္တာေၾကာင့္ လူပံုစံ ေျပာင္းလဲလို႕ရတယ္။ ငါတို႔ ရဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို လူပံုစံ နဲ႔ပဲ ေနထိုင္တယ္။ အေမရိကန္မွာ လူသားပံုစံ နဲ႔ ကေလးရေအာင္လုပ္တာက မူခင္း မဟုတ္ဘူး မလား။ ဒါေပမဲ့ အဲ့ေန႔မွာ မထင္မွတ္ထားတာေတြ ျဖစ္ခဲ့တယ္။" ကၽြန္းသခင္ လႏွင္းဝံပုေလြ က ဆက္ေျပာလိုက္တယ္ "ငါ့မိန္းမ နဲ႔ ငါ က ကေလးရေအာင္ လုပ္ေနတုနး္မွာ ငါ့မိန္းမ က စိတ္လွဳပ္ရွားသြားၿပီး မူလ ဝံပုေလြ ပံုစံကို ေျပာင္းလိုက္မိတယ္။ တိုက္တိုက္ဆိုင္ဆိုင္ဆိုသလိုပဲကြာ ... အိမ္နီးခ်င္းတစ္ေယာက္ က ျဖတ္သြားရင္း ဒါကို ျမင္လိုက္တယ္။"
".........." ရူဟန္။
ကၽြန္းသခင္ လႏွင္းဝံပုေလြ က ဆက္ေျပာလိုက္တယ္ "ၿပီးေတာ့ ရဲေတြက ငါ့ကို တရားရံုးေခၚၿပီး တိရိစ ၦာန္ ညွင္းပန္းႏွိပ္စက္မွဳနဲ႔ အျပစ္ခ်ခဲ့တယ္။ ကံေကာင္းတာ က ငါ ဥာဏ္ေကာင္းလြန္းတာေၾကာင့္ ဝံပုေလြ အေမႊး ကို အသံုုးျပဳၿပီး ကိုယ္ပြားဖန္တီးခဲ့တယ္။ ၿပီးေတာ့ ငါတို႔ လင္မယား တရုတ္ျပည္ကို ျပန္လာခဲ့တာပဲ"
"......." ရူဟန္။
ဒီတစ္ႀကိမ္မွာ သူ တကယ္ပဲ ဆြံ႔အသြားတယ္။ ဘာျပန္ေျပာရမလဲ ဆိုတာ ေတာင္မွ မသိေတာ့ပါဘူး။
ဒီအေျခအေန ကို ဘယ္လို သံုးသပ္ရမလဲ။
ကၽြန္းသခင္ လႏွင္းဝံပုေလြ တုိ႔ လင္မယား ကေလးရေအာင္ လုပ္တာက မွန္လား။ ႏိုင္ငံျခား တိုင္းျပည္ရဲ့ ဥပေဒ က မွန္လား။
ႏွစ္ဖက္လံုးကလည္း မွန္ေနတယ္။
"ဘာပဲျဖစ္ျဖစ္.. မင္းငါ့ကို လိုက္ရွာေနတာ တစ္ခုခု လိုလို႔လား" ရူဟန္က ေမးလိုက္တယ္။
"အြန္း... ဒီလိုေလ.. မင္းရဲ့ တည္ေနရာကို ငါ့ဆီ ပို႔ေပးပါလား။ ငါက ဂ်င္နန္ တကၠသိုလ္ ကို လာဖုိ႔ လိုတယ္။ ဒါေပမဲ့ အင္တာနက္မွာ ရွာလိုက္ေတာ့ တရုတ္ျပည္မွာ ဂ်င္နန္ တကၠသိုလ္ သံုးခု ရွိတာကို သိလိုက္ရတယ္။. တကယ့္ကြိဳင္ပဲ" ကၽြန္းသခင္ လႏွင္းဝံပုေလြ က ေျပာလိုက္တယ္။
ဒီစကားကို ၾကားေတာ့ ရူဟန္က စိတ္လွဳပ္ရွားသြားတယ္ "စီနီယာ လႏွင္းဝံပုေလြ .. မင္းဂ်င္နန္ တကၠသိုလ္မွာ တစ္ခုခု လိုအပ္လို႔လား။ စီနီယာ အျဖဴကို အသိအမွတ္ျပဳ စာရြက္ေတြ လက္လႊဲေပးရမွာလား"
"စီနီယာအျဖဴ ေၾကာင့္ မဟုတ္ဘူး။ အစစ္အမွန္ နတ္ဘုရား ႀကိဳးၾကာျဖဴ ေၾကာင့္ပဲ" လႏွင္းဝံပုေလြ က ၿပံဳးကာ ေျပာလိုက္တယ္။ "ဒါက လွ်ိဳ႕ဝွက္ခ်က္ မဟုတ္ဘူး။ ငါမင္းကို အမ်ားႀကီး ေျပာျပႏိုင္တယ္။"
အစစ္အမွန္ နတ္ဘုရား ႀကိဳးၾကာျဖဴလား။ ဘာလို႔ ႀကိဳးၾကာျဖဴက ဂ်င္နန္ တကၠသိုလ္ဆီ လာမွလဲ။ ႀကီးျမတ္တဲ့အျဖဴ ဒီမွာ အခ်္ိန္အနည္းငယ္ ေနမယ္ဆိုတာကို ၾကားလို႕မ်ားလား။ ဒါေၾကာင့္ နီးနီးကပ္ကပ္ ေနခ်င္တာျဖစ္မယ္။ ႀကိဳးၾကာျဖဴ ရဲ့ စိတ္ဓာတ္အရ ဒါျဖစ္နိုင္တယ္။
"ငါသိၿပီ။ တာအိုေရာင္းရင္း လႏွင္းဝံပုေလြ .. မင္းမွာ အေကာင့္ရွိလား။ ငါသူငယ္ခ်င္း စာရင္းထဲ ထည့္ၿပီး တည္ေနရာကို ပုိ႔လိုက္မယ္" ရူဟန္ က ေျပာလိုက္တယ္။
"ေက်းဇူးပဲ တာအိုေရာင္းရင္း ဗိုလ္က်သူ ဓားေမာ့ .. မင္းက တကယ္ေကာင္းတဲ့ ေရာင္းရင္းပဲ။ မင္းဆီမွာ အကူအညီေတာင္းဖို႔ ဆံုးျဖတ္လိုက္တာ သိပ္မွန္တဲ့အရာပဲ" ကၽြန္းသခင္ လႏွင္းဝံပုေလြ က အက္ကြဲကြဲ အသံနဲ႔ ေပ်ာ္ရႊင္စြာ ေျပာလိုက္တယ္။
ဒါေၾကာင့္ သူတို႔က သူငယ္ခ်င္းစာရင္းျဖစ္သြားၾကၿပီး တည္ေနရာကို မွ်ေဝလိုက္တယ္။
ရူဟန္ အိမ္ျပန္ေရာက္ခ်ိန္မွာေတာ့ ရီစင့္လည္း ေရာက္ေနပါၿပီ။
ေန႔လည္ေက်ာ္ေနၿပီ ျဖစ္တယ္။
ေဂါင္ေဂါင္ နဲ႔ က်ဳးတို႔က အိပ္ခ်င္မူးတူး နဲ႔ ထလာၾကတယ္။ ကေလးႏွစ္ေယာက္ က တစ္ညလံုး ဂိမ္ကစားေနၾကတာျဖစ္တယ္။
"စီနီယာ အစ္ကို ရူဟန္ .. သတိျပန္ရလာၿပီလား" ကိုရင္ေလးက မ်က္လံုးကို ပြတ္ၿ႔ပီး ေျပာလိုက္တယ္ "ငါဆာေနၿပီ။. ငါတို႔ ဘာစားၾကမလဲ"
"အင္း .. ငါတို႔ ဘာစားၾကမလဲ" က်ဳးကလည္း ေျပာလိုက္တယ္။
ရူဟန္က အစားအစာအတြက္ လက္ရွီ တာဝန္ယူထားတဲ့ ရွစ္ကို ၾကည့္လိုက္တယ္။ သူမ က ရုပ္ရွင္ထဲမွာ ေမ်ာေနပါတယ္။
ပံုစံၾကည့္ရတာ ခ်က္ျပဳတ္ေပးမယ့္ ပံုမွာ မရွိပါဘူး။
"ထားလိုက္ပါေတာ့.. အျပင္ထြက္စားစို႔" ရူဟန္ က သက္ျပင္းခ်လိုက္တယ္။
ေန႔လည္စာ စားၿပီးတဲ့ေနာက္ ရူဟန္က ဝံရံတာ ကို ထြက္ကာ ရခဲ့လွတဲ့ အားလပ္ခ်ိန္ကို လွဲၿပီး ဇိမ္ခံေနလိုက္တယ္။
ကိုရင္ေလး ေဂါင္ေဂါင္ က သူ႔ေဘးနားမွာ ေနၿပီး ဗုဒၶက်မ္းစာ ေတြကို ရြတ္ဖတ္လိုက္တယ္။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ ရူဟန္ ဖုန္းက ရုတ္တရက္ ျမည္သြားတယ္။
ရူဟန္က ဖုန္းကို ၾကည့္လိုက္ေတာ့ အရက္မူး ဂူ ေက်ာင္းေတာ္သား ဆီက ျဖစ္ေနတယ္။
"အိုး... စီနီယာအရက္မူး ဂူ ေခၚေနတာပဲ. ၾကည့္ရတာ ေမွာ္ရတနာေရာက္ၿပီနဲ႔ တူတယ္" ရူဟန္ က ရယ္ကာ ဖုန္းကိုင္လိုက္တယ္
ဒီအခ်ိန္မွာ သူက စီ္နီယာရဲ့ တာအိုနာမည္ကို အက်ယ္ႀကီး ေအာ္ရံုပဲ က်န္ပါေတာ့တယ္။
"စီနီယာ အရက္မူး အ ေက်ာင္းေတာ္သား .. ဓားပ်ံေရာက္လာၿပီလား။" ရူဟန္က ေမးလိုက္တယ္။
"ဟားဟား .. သူငယ္ခ်င္းေလး ရူဟန္ ခန္႔မွန္းတာ မွန္တယ္။ ဓားပ်ံက မင္းေနရာကို ေရာက္ေနၿပိ။ ငါ့နာမည္ကို လွ်ိဳ႕ဝွက္ အသံပို႔ နည္းစနစ္ သံုးၿပီး ေအာ္ေခၚလိုက္။ ဓားပ်ံ ဆင္းလာလိမ္မယ္။ ဘိုင့္ဘိုင့္" အရက္မူး လု ေက်ာင္းေတာ္သား က ေပ်ာ္ရႊင္စြာ ေျပာလိုက္တယ္။
ေျမာက္ပိုင္းျမစ္နဲ႔ သူငယ္ခ်င္းေလး ရူဟန္ ကလြဲရင္ သူ႔နာမည္ကို ဘယ္သူမွ မမွတ္ိမိၾကဘူး။
သူငယ္ခ်င္းရူဟန္ က ဖုန္းရဲ့ memo မွာ မွတ္ထားတာ ျဖစ္တယ္ ဆိုရင္ေတာင္မွ သူက အရမ္း ေပ်ာ္ေနပါတယ္။
ေျပာရမယ္ ဆိုရင္ memo မွာ မွတ္လို႔ရတယ္ေလ။ ဘာလို႔ ကိုးစီရင္စု က တာအိုေရာင္းေတြက ဒါကို မသံုးတာလဲ။
အရက္မူးလ ဆိုတဲ့ တာအိုနာမည္ေလးကို memo မွာ ေရးဖို႔ ဘာေၾကာင့္ ခက္ခဲေနၾကတာလဲ။
ဒီလို မွတ္ထားရင္ ျပႆနာမရွိႏိုင္ေတာ့ဘူးေလ။ ေသာက္တလြဲအဖြဲ႔ပဲ။
ဒီေလာက္ အဆင္ေျပတဲ့ အရာကို တစ္စံုတစ္ေယာက္က ဖန္တီးေပးထားတယ္။ ဒါကို မသံုးၾကဘူး။
ဖုန္းခ်ၿပီးတဲ့ေနာက္ ရူဟန္က ေကာင္းကင္ကို ေမာ့ၾကည့္လိုက္တယ္။
အနားမွာ ရွိတဲ့ ေဂါင္ေဂါင္ ကလည္း ေခါင္းေမာ့ၾကည့္လိုက္တယ္ "စီနီယာအစ္ကို ရူဟန္ .. တစ္ခုခု ျဖစ္လို႔လား"
"ဓားပ်ံ က တစ္ခုခု သယ္လာတယ္။ ငါတို႔ အထက္ မီတာ တစ္ရာမွာ ရွိေနတယ္။ အိုး.. ဒီမွာပဲ" ရူဟန္က ျမန္ျမန္ပဲ ဓားပ်ံကို ရွာေတြ႔သြားတယ္။
အခု သူက ဓားပ်ံကို ၾကည့္ကာ အရက္မူး လု ေက်ာင္းေတာ္သား ရဲ့ နာမည္ကို ေအာ္ေခၚဖုိ႔ပဲ က်န္ပါေတာ့တယ္။
ေက်ာင္းေတာ္သား ရဲ့ နာမည္ကို သူ က ေသခ်ာ မမွတ္မိဘး ဆိုေပမဲ့ ကိစၥမရိွပါဘူး။ အသံထြက္တူတယ္ဆိုရင္ ၿပီးတာပါပဲ။
သူ ဖုနး္ေျပာေနတုန္းမွာ အရက္မူးအ ေက်ာင္းေတာ္သာ က မခြဲျခားႏိုင္ပါဘူး။ ဒါေၾကာင့္ ဒီေသာက္ဓားပ်ံက ဘယ္လို ကြာျခားလဲဆိုတာကို ဘယ္လိုခြဲမလဲ။ အသံထြက္ က အေရးႀကီးဆုံးပဲေလ .. ဟားဟား..။
ဒါေၾကာင့္ ရူဟန္ က အားလံုးၾကားႏုိင္တဲ့ လွ်ိဳ႕ဝွက္ အသံပို႔ နည္းစနစ္ ကို အသံုးျပဳ ကာ ေက်ာင္းေတာ္သား အရက္မူး အ ေက်ာင္းေတာ္သား ရဲ့ နာမည္ကို ေအာ္ေခၚလိုက္တယ္။
"အရက္မူးအ ေက်ာင္းေတာ္သား"
ဒါေပမဲ့ ေကာင္းကင္ေပၚမွာ ရွိတဲ့ ဓားပ်ံက လွဳပ္ေတာင္မလွဳပ္ပါဘူး။
ဆုိးလိုက္တာ.. အလုပ္မျဖစ္ဘူးလား။
"အရက္မူး က ေက်ာင္းေတာ္သား"ရူဟန္ က ထပ္ေအာ္လိုက္တယ္။
ဒါေပမဲ့ ဓားပ်ံကေတာ့ တုတ္တုတ္မွ မလွဳပ္ပါဘူး။
ခ်ီးတဲ့မွ ..အဆင့္ျမင့္ အသံ မွတ္တမ္းတင္တဲ့ စနစ္ေတာင္မွ အသံထြက္တူတာ ဆိုရင္ မခြဲျခားႏိုင္ဘူး။
"အရက္မူး ဂ ေက်ာင္းေတာ္သား" ရူဟန္ က ဆက္ၿပီး ႀကိဳစားလိုက္တယ္။
ဒါေပမဲ့ ဓားပ်ံက သူ႔ကို လ်စ္လွ်ဴဳရႈထားတုန္းပါပဲ။
ၿပီးေတာက္ ရူဟန္က အသံထြက္မ်ိဳးစံုကို စမ္းသပ္ ေအာ္ၾကည့္လိုက္တယ္။ ဒါေပမဲ့ တစ္ခု မွ အလုပ္မျဖစ္ပါဘူး။
ငါနာမည္မွတ္တာ မွားလို႔လား။ ရူဟန္က စၿပီး စဥ္းစားလိုက္တယ္။
မဟုတ္ႏိုင္ဘူး။ ငါ စီနီယာ အရက္မူး အ ေက်ာင္းေတာ္သားလို႔ ေျပာလိုက္ေတာ့ ေတာက္ပတဲ့ လႀကိး ေပၚလာခ်ိန္ စီနီယာ က အရမ္း ေပ်ာ္သြားခဲ့တာ။
ဒါဆိုရင္ အသံထြက္ က မမွားႏိုင္ဘူး။
စီနီယာ အရက္မူး ဥ ေက်ာင္းေတာ္သား က ဓားပ်ံမွာ ပိုၿပီး အဆင့္ျမင့္ တိက်တဲ အသံမွတ္တမ္း စနစ္ကို ထည့္သြင္းထားတာလား။
မျဖစ္ႏိုင္ဘူး။ ဒီလို အရာမ်ိဳး မရွိႏိုင္ဘူး။
"စီနီယာ အစ္ကို ရူဟန္ .. မင္းေခၚေနတဲ့စီနီယာ က အရက္မူး ေန ေက်ာင္းေတာ္သား မဟုတ္ဘူးလား" ကိုရင္ေလး က ဒီတစ္ႀကိမ္မွာ ဝင္ေျပာလိုက္တယ္။
"သူ႔နာမည္က အရက္မူး ေန ေက်ာင္းေတာ္သား မဟုတ္တာ ေသခ်ာတယ္။ အသံထြက္ က အရက္မူး အ နဲ႔ ခပ္ဆင္ဆင္ပဲ။ ဒါ ေသခ်ာတယ္။" ရူဟန္ ေျပာလိုက္တယ္။
ေျပာေနတုန္းမွာ သူက လွ်ိဳ႕ဝွက္ အသံပို႔ နည္းစနစ္ ကို အသံုးမျပဳပါဘူး။
ဒါေပမဲ့ သူ႔ပါးစပ္ က အရက္မူး ေန ေက်ာင္းေတာ္သား ဆိုတဲ့ စကား ထြက္လာေတာ့ ...
ဓားပ်ံက ရူဟန္ ေဘးကို ေရာက္ရွိလာတယ္။
"....." ရူဟန္။
အခု ငါေျပာလိုက္တာက အရက္မူး ေန မဟုတ္လား။ အရက္မူး အ မဟုတ္ဘူးေနာ္။
စီနီယာ အရက္မူး အကိုယ္တိုင္က အမွတ္မွားသြားတာလား ဒီလို ျဖစ္ရမယ္။ ဒါေပမဲ့ ကိုယ့္ တာအိုနာမည္ကို ေတာ့ ကိုယ္ မမွားေလာက္ဘူး မဟုတ္လား။
သူ အေတြးနက္ေနတုန္းမွာပဲ စီနီယာ အရက္မူး စ က သူ႔ကို ဖုန္းေခၚလိုက္တယ္။
ရူဟန္က ဖုန္းကိုင္ၿပီးေျပာလိုက္တယ္ "စီနီယာ အရက္မူး အ "
"ဟုတ္တယ္။ ငါပဲ။ ဟားဟား.. သူငယ္ခ်င္းေလး ရူဟန္က ငါ့နာမည္ကို တကယ္ပဲ မွတ္မိတယ္။" အရက္မူး အ ေက်ာင္းေတာ္သား က ေပ်ာ္ရႊင္စြာ ေျပာလိုက္တယ္ "ငါမင္းကို တျခားကိစၥေျပာစရာ ရွိတယ္။ ဒီဓားပ်ံ က ေျမာက္ပိုင္းျမစ္ ငါ့ဆီ ပစၥည္းပို႔ဖို႔ ေနာက္ဆံုး သံုးခဲ့တဲ့ ဓားပ်ံပဲ။ မင္း က ေျမာက္ပိုင္းျမစ္ နဲ႔ ထရြင္ဂန္ တို႔ရဲ့ ခ်ိန္းပြဲကို သြားၾကည့္မွာ မဟုတ္လား။ ဓားပ်ံကို ယူသြားၿပီး သူ႔ကို ေပးလိုက္"
"ေကာင္းၿ႔ပီ။ ျပႆနာ မရွိဘူး။ စီနီယာ အရက္မူး အ ေက်ာင္းေတာ္သား" ရူဟန္ က ေျပာလိုက္တယ္။
"ဒါပဲ။ ဘိုင့္" အရက္မူး အ ေက်ာင္းေတာ္သား က ဖုန္းခ်သြားတယ္။
ရူဟန္က မ်က္ႏွာေပၚမွာ ေလးနက္ တ့ဲ အမူအရာေတြနဲ႔ ဖုန္းခ်လိုက္တယ္။
ဘယ္လိုျဖစ္ၿပီး ဓားပ်ံရဲ့ လွ်ိဳ႕ဝွက္ကုဒ္ က အရက္မူး ေန ျဖစ္ေနတာလဲ။
ေျပာရမယ္ ဆိုရင္ အရက္မူး စ ေက်ာင္းေတာ္သား ကလည္း ဒီအခ်ိန္မွာ စိတ္ရႈပ္ေနတယ္။
သူသာ ဒီေသာက္တလြဲ နည္းစနစ္ ကို ဆက္ၿပီး ေလ့က်င့္ေနမယ္ ဆိုရင္ တျခားလူေတြက သူ႔နာမည္ကိုတင္မကဘဲ သူ႔ကိုပါ ေမ့ပါေတာ့မယ္။
ၾကားရသေဘာက္ ဆိုရင္ အဆင့္ရွစ္ ေရာက္မွ တျခားလူေတြက သူ႔နာမည္ကို မွတ္မိမွာပါ။
ဒါေပမဲ့ အဆင့္ရွစ္ ေရာက္ၿပီးရင္ သူ႔နာမည္ကို ေတာင္မွ သူ မမွတ္မိေတာ့ရင္ ဘယ္လိုလုပ္မလဲ။ အရက္မူး ေန ေက်ာင္းေတာ္သား ဒါမွမဟုတ္ အရက္မူး ပုစြန္ ေက်ာင္းေတာ္သား အျဖစ္ တြင္သြားႏိုင္တယ္။
ဒီအေတာအတြင္း တားျမစ္နယ္ေျမမွာေတာ့ ...
ထရြင္ဂန္ က သာမာန္ ခရီးသြားတစ္ေယာက္လို ရုပ္ဖ်က္ၿပီး ေလွ်ာက္သြားေနတယ္။
"ေျမာက္ပိုင္းျမစ္ ဆိုတဲ့ေကာင္ ေပၚမလာေသးဘူး။ ဒင္းက သိုသိုသိပ္သိပ္ ေနေနတာပဲ..." ထရြင္ဂန္ က ေအးေအးေဆးေဆး ေျပာလိုက္တယ္။
ေျပာေနရင္းမွာပဲ သူက ကိုယ္ေပၚမွာ ရွိတဲ့ေမွာ္ရတနာ သံုးခုကို ဖိႏွိပ္လိုက္တယ္။ ဒီအရာက သူ႔ကို သာမာန္အဆင့္ငါး စိတ္ဝိညာဥ္အင္ပါယာ ထိပ္ဆံုးအဆင့္အျဖစ္ ဖိႏွိပ္ထားႏိုင္တဲ့ အရာပါ။
တကယ္ေတာ့ ထရြင္ဂန္ က သူ႔အဆင့္ကို ဖိႏွိပ္ထားတာ ျဖစ္ၿပီး သူ႔ရဲ့ လက္ရွိအဆင့္ က အစစ္အမွန္ နတ္ဘုရား အဆင့္ျဖစ္ေနပါၿပီ။
သူက ေျမာက္ပိုင္းျမစ္ နဲ႔တိုက္ခိုက္မယ့္ အခ်ိန္ ေရာက္မွသာ အစစ္အမွန္ အင္အား ကို ျပသမွာ ျဖစ္တယ္။ ေျမာက္ပိုင္းျမစ္ ႏိုင္ေတာ့မယ္ ဆိုတဲ့ အခ်ိန္ေရာက္မွ သူ အဆင့္ေျခာက္ အစစ္အမွန္ နတ္ဘုရား အဆင့္ ဆိုတာကို ထုတ္ျပဖို႔ ႀကံစည္ထားတယ္။
အဲအခ်ိန္ေရာက္ရင္ ျဖစ္ပ်က္သြားမယ့္ ေျမာက္ပိုင္းျမစ္ ရဲ့ မ်က္ႏွာကို ေတြးၾကည့္ၿပီး ထရြင္ဂန္ က အူျမဴးေနတယ္။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Tempat cerita menjadi hidup. Temukan sekarang