အပိုင်း (၁၀၁၇)

107 26 0
                                    


#Unicode


မျိုးရိုးနာမည် စွန်း နဲ့ကောင် .. မင်းဒီနေ့ သေရမယ်။

ချုပ်နှောင်ခြင်းမန္တာန် ကပျောက်ကွယ် သွားတာနဲ့ တပြိုင်နက် သူ့ရဲ့ စွမ်းရည်ကလည်း ပျောက်ကွယ်သွားမှာ မဟုတ်လား။ ရူဟန် က သူ့ရဲ့ ကြာပန်းမြစ် ကို အသုံးပြုပြီး ငရဲပြည်က မိစ္ဆာစွမ်းအင်တွေကို ရှင်းလင်းနိုင်မယ် လို့ ယုံကြည်တယ်။

"မင်းဆီမှာ အကြံရှိတာလား။ ဒါဆို လုပ်လေ။ စမ်းကြည့်လိုက်" ဒေါင်ဖန်းခြောက်က ပြောလိုက်တယ်။ ပြီးတော့ သူမ ရဲ့ ပြုစားခြင်း ကကွက် ကိုးကွက် က ကြိုးကြာဖြူ ကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။ အရင် [ကမ္ဘာပေါ်မှာ ရှိတဲ့ မွန်းစတား အားလုံး စည်းလုံးစွာဖြင့် မိသားစု တစ်ခု လို ဖြစ်လာရမည်] အဖွဲ့အစည်းရဲ့ ၂၅၀ မြောက် ဌာနခွဲ မှာတုန်းက သူငယ်ချင်းလေး ရူဟန်က ငရဲပြည် က မိစ္ဆာစွမ်းအင်တွေကို ရှင်းလင်းခဲ့တယ်လို့ ပြောကြတယ်။ ဒါကြောင့် ဒေါင်ဖန်းခြောက်က ရူဟန် ဘယ်လို နည်းလမ်းမျိုး သုံးတယ် ဆိုတာကို တစ်ခါမှ မမြင်ဖူးတာကြောင့် စိတ်ဝင်စားနေတယ်။

ဒီအချိန်မှာပဲ ရူဟန် က လက်ကို ဆန့်ထုတ်ပြီး သူ့ရင်ဘတ်ပေါ်ကို ဖိလိုက်တော့ ကြာပန်းပုံစံ ပုံရိပ်ယောင် တစ်ခု ထွက်ပေါ်လာတယ်။

ဒီပုံရိပ်ယောင်ကြာပန်းက စစ်မှန်ခြင်း နဲ့ မစစ်မှန်ခြင်း ကြားမှာ ရှိနေပြီး လှပတဲ့ အနုပညာ တစ်ခု လိုပါပဲ။

ပြီးတော့ ရူဟန်ရဲ ့ကလာပ်စည်း က ကမ္ဘာကြီး တစ်ခု ဖြစ်လာပြီးတဲ့နောက် ကြာပန်းရဲ့ အရွက်တွေက အတွင်းမှာ ရှိတဲ့ ကမ္ဘာငယ်လေး နဲ့ တည်နေရာ တည်ရှိမှုကို ဖုံးကွက်ထားနိုင်တဲ့ ဆန်းပြားတဲ ့ပုံစံတွေ နဲ့ ဖုံးလွှမ်းသွားတယ်။

ဒေါင်ဖန်းခြောက်က ဒီပုံစံတွေကို နားမလည်ဘူးဆိုပေမဲ့ မကြည့်ဘဲ မနေနိုင်ပါဘူး။

ဒေါင်ဖန်းခြောက် က ထအော်လို်က်မိတယ် "လှလိုက်တာ"

ကြာပန်း က သပ်ရပ်လှပတဲ့ အနုပညာ ပန်းချီ တစ်ခု လိုပါပဲ။ ပြီးတော့ ရူဟန်က ကြာပန်းဖူးပွင့်ခြင်းလျာစွမ်းရည်ကို ပိုင်ဆိုင်တယ် ဆိုတာ သူမ သိတယ်။ ကြည့်ရတာ ကြာပန်း နဲ့ သူငယ်ချင်းလေး ရူဟန် ကြားမှာ ကံကြမ္မာရှိပုံ ရတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Tempat cerita menjadi hidup. Temukan sekarang