အပိုင်း (၁၀၁၈)

115 28 0
                                    


#Unicode


ဒါပေမဲ့ တစ်ဖက်လူက မျိုးရိုးနာမည် စွန်းလို့ ပြောခဲ့တယ်။ မျိုးရိုးနာမည် စွန်း ဆိုတဲ ့နာမည်နဲ့ လူက စွန်းရူဟန် ဆိုတဲ့သူပဲ ရှိပါတယ်။

"မင်း ဘယ်သူလဲ" ရူဟန်က မျက်မှောင်ကုတ်ပြီး မေးလိုက်တယ် "ငါတို့ တစ်ယောက် နဲ့ တစ်ယောက် သိလို့လား"

အဘိုးအို က တတိယအဆင့် ထိပ်ဆုံးမှာ ရှိနေတယ်။ သူ့ခန္ဓာကိုယ်မှာလည်း သေဆုံးခြင်း အော်ရာတွေ ထွက်ပေါ်လျှက် ရှိနေတယ်။ တစ်ဖက်လူကသာ လှုပ်ရှားလိုက်မယ် ဆိုရင် ကောင်းကင်ဘုံကပ်ဘေး က ကျဆင်းလာလိမ့်မယ်။ ဒါဆိုရင် ရူဟန် ရော ၊ အသက်ခုနှစ်သက် အဆောင်ဆရာပါ သွားမှာ ဖြစ်တယ်။

ပြီးတော့ ကောင်းကင်ဘုံကပ်ဘေး နှစ်ယောက် ဆိုရင်တောင် တော်တော်ပြဿနာကြီးနေပါပြီ။ အခု သုံးယောက်ဆိုတော ့ကျိန်းသေပါတယ်။ သေမှာပါ။

"မင်းကို ဘယ်သူပြောလို့လဲ" အဘိုးကြီးက ရူဟန်ကို စိုက်ကြည့်လိုက်တယ် "ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ"

"......" ကောင်းပြီ။. တစ်ဖက်လူက သူ့ကို လာရှာတာ မဟုတ်ဘူးတဲ့။ ဒါပေမဲ ့ဒီမှာ နောက်ထပ် မျိုးရိုးနာမည် စွန်းနဲ့လူက ဘယ်သူလဲ။

ဒေါင်ဖန်းခြောက် တော့ မဖြစ်နိုင်ဘူး။ ဒါဆိုရင် အသက်ခုနှစ်သက် အဆောင်ဆရာ နဲ့ ကြိုးကြာဖြူ နှစ်ယောက် မှာ ဘယ်သူက မျိုးရိုးနာမည် စွန်းလဲ။

ဒီအချိန်မှာပဲ အဘိုးကြီးက အသက်ခုနှစ်သက် အဆောင်ဆရာ ကို လှည့်ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ် "မျိုးရိုးနာမည်စွန်း .. မင်းဒီနေ့ ကျိန်းသေပေါက် သေရမယ်"

အသက်ခုနှစ်သက် အဆောင်ဆရာက ဇဝေဇဝါ နဲ့ ပြန်မေးလိုက်တယ် "တောင်းပန်ပါတယ်။ မင်းက ဘယ်သူလဲ:"

"မျိုးရိုးနာမည် စွန်း .. မင်း ငါ့ကို မေ့သွားပြီလား။ ခွေးကောင်။ မင်း ငါ့ရဲ့ အသက်သွေး ဝိညာဉ်ဗိုလ်ချုပ်ကို သတ်ပြီး ငါ့ရဲ့ အဆင့်လေးကို ရောက်မယ့် လမ်းစဉ် ကို ဖျက်ဆီးခဲ့တယ်။ ဒီနေ့ ငါက မင်းကို ကောင်းကင်ဘုံကပ်ဘေးအောက်မှာ သေအောင် ပြုလုပ်မယ်။ မင်းကို ငါနဲ့ အတူ ပြာကျစေရမယ်" အဘိုးအို က ဒေါသတကြီး ပြောလိုက်တယ်။ ပြီးနောက် မျက်လုံးထဲမှာ အမုန်းတရား တွေ အပြည့်နဲ့ အသက်ခုနှစ်သက် အဆောင်ဆရာကို ကြည့်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now