အပိုင်း (၁၀၀၈)

110 27 0
                                    


#Unicode


လမ်းမထက်မှ ချစ်ခွင့်ပန်ခြင်း။

ဒီမိချောင်းခြေထောက်ကို ရရှိပြီးကတည်းက ရူဟန် အနေနဲ့ အင်မော်တယ် ဘိုင်ဇူးကို ရှာပြီး အရသာရှိတာတွေ ထည့်ပြီး ချက်ခိုင်းဖို့ စဉ်းစားထားတာ ဖြစ်တယ်။

အင်မော်တယ်ဘိုင်ဇူး က မျက်လုံးတွေ ကျဉ်းမြောင်းအောင် ပြုံးလိုက်တယ် "မင်း က တော်တော်ကြီး စမတ်ကျတယ်။ အမှန်ကို ပြောရရင် ကျင့်ကြံခြင်း ကမ္ဘာတစ်ခုလုံး မှာ မိချောင်းခြေထောက် ကို ကိုင်တွယ် ချက်ပြုတ်နိုင်တဲ့ အင်မော်တယ်စာဖိုမှုး ဆယ်ယောက် ထက် မပိုဘူး"

မွန်းစတား သားရဲ နဲ့ စိတ်ဝိညာဉ် သားရဲတွေ က တိုက်ရိုက် ချက်ပြုတ် နိုင်တဲ့ သာမာန် သားရဲ တွေ နဲ့ အရမ်းခြားနားတယ်။ စိတ်ဝိညာဉ် သားရဲ တွေက မဆိုးပါဘူး။ ဒါပေမဲ့ မွန်းစတား သားရဲတွေ ရဲ ့ကိုယ်ထဲမှာတော့ မွန်းစတား စွမ်းအင်တွေ တည်ရှိနေတယ်။ ဒါက ကျင့်ကြံသူ တွေနဲ့ အစစ်အမှန် ချီ နဲ့ စိတ်ဝိညာဉ် စွမ်းအင် တွေ နံ့ ခြားနားပါတယ်။

မွနး်စတား သားရဲတွေကို တိုက်ရိုက် စားလိုက်မယ် ဆိုရင် ပေါက်ကွဲပြီး သေသွားနိုင်ပါတယ်။ ဒါကြောင့် မွန်းစတား သားရဲကို ရရင် အင်မော်တယ် စာဖိုမှုး တစ်ယောက်ကို ရှာပြီး အင်မော်တယ်ဟငး်ပွဲ အဖြစ် ပြောင်းလဲ ချက်ပြုတ်ခိုင်းတာ အကောင်းဆုံးပါပဲ။

"ဒါပေမဲ့ ဒီမိချောင်းခြေထောက် ရဲ ့သုံးပုံနှစ်ပုံကို ငါလိုအပက်တယ်" ဘိုင်ဇူးက ပြောလိုက်တယ်။

မိချောင်းခြေထောက် က အရမ်းကြီးပါတယ်။ သုံးပုံတစ်ပုံ ဆိုရင် ရူဟန် အနေနဲ့ အားရပါးရ စားဖို့ လုံလောက်နေပါပြီ။

"ကောင်းပြီ။ ဒါဆိုရင် သုံးပုံနှစ်ပုံကို ဆုအဖြစ် မင်းယူလိုက်" ရူဟန်က ခေါင်းညိတ်လိုက်တယ်။

သူက မိချောင်းခြေထောက် ရဲ ့အရသာကို မြည်းစမ်းကြည့်ရုံပါ. ဖြစ်နိုင်ရင် တစ်ချို့ကို သိမ်းထားပြီး ရင်းနှီးတဲ့ တာအိုရောင်းရင်းတွေကို ကျွေးချင်စိတ် ရှိနေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora